-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘ၀မှာသင်ထွန်းပေါက်အောင်မြင်မှု မရရှိသေးတာဘာကြောင့်လဲ

ဘ၀မှာသင်ထွန်းပေါက်အောင်မြင်မှုမရရှိသေးတာဘာကြောင့်လဲ

အောက်ပါအကြောင်းအရင်းများကြောင့်လည်းဖြစ်နိုင်ပါတယ်။

၁။ဆင်ခြေအလွန်ပေးခြင်း

အောင်မြင်ကြီးပွား တိုးတက်ချင်သူများသည် ခက်ခဲသောအလုပ်ဖြစ်စေကာမူ နည်းလမ်းများကို ရှတွေ့အောင်ကြိုးစားကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် အလုပ်လုပ်ကိုင်လိုစိတ်မရှိသောသူများသည်

ဆင်ခြေပေါင်းများစွာကို လယ်ဝယ်ပိုင်ဆိုင်ထားကြသည်။

၂။တစ်စုံတစ်ခုကိုအမြဲကြောက်ရွံ့တယ်

မိမိပိုင်ဆိုင်ထားသောအရာများဆုံးရှုံးမှာကိုကြောက်တယ်။

ဂုဏ်ငယ်မှာကြောက်တယ်။ ထို့ပြင်လုပ်ကိုင်လိုသောကိစ္စရပ်များ အဆင်မပြမှာကိုတွေးပီးကြောက်တယ်။

၃။သင်ယူရန်တွန့်ဆုတ်တယ်။

မိမိတတ်ကျွမ်းမှုမရှိသော ပညာရပ်များ ကိုမသင်ယူချင်ဘဲ ပိုက်ဆံများများရရှိလိုစိတ်များသည်။

ထိုပညာရပ်များတတ်မြောက်ရန် အချိန်ကုန်သင်ကြားလိုစိတ်များလည်းမရှိပါ။

၎။တွေဝေတတ်တယ်

မိမိဆုံးဖြတ်ချချက်လိုက်သောကိစ္စရပ်များ အပေါ်သံသယစိတ်ဝင်ပြီး တွေဝေတတ်သည်။

အဲမြဲဒွိဟဖြစ်နေတတ်သည်။

၅။အလုပ်တစ်ခုကိုလုပ်ရန်အချိန်ဆွဲတယ်။

မသေချာသောမနက်ဖြန်ပေါင်းများစွာကို တွေးတောပြီး လုပ်ကိုင်ရမည့်အလုပ်များကိုမစတင်ပါ။

၆။မည်သည့်အလုပ်ကိုမဆိုအဖျားရှူးတယ်။

အစပိုင်းတွင်အလုပ်များကို ကောက်ရိုးမီးလို အရှိန်ဟုန်ကောင်းကောင်းနှင့် လုပ်ကိုင်သော်လည်း

နောက်ပိုင်းတွင် ဘာမှဆက်မဖြစ်တာ့ဘဲ ကျရှုံးသွားတတ်သည်။

Source;Sayar Aung Ko Latt

 

Read times
Rate this item
(0 votes)