-->
×

Warning

JUser: :_load: Unable to load user with ID: 29


No ပြောရန်ဝန်မလေးပါနဲ့

No ပြောရန်ဝန်မလေးပါနဲ့ google.com

No ပြောရန်ဝန်မလေးပါနဲ့

တစ်ယောက်ယောက်က ကိုယ်မတတ်နိုင်တာကြီးတစ်ခုကို လာပြီးအကူအညီတောင်းနေတယ်၊ ကိုယ်ကလည်း အားနာတတ်တယ်။

သူကလည်း အတင်းကပ်ပြီးတောင်းတောင်းပန်ပန် သူ့ကို ကူညီဖို့ ပြောနေတယ်။ အဲလိုဆို ဘယ်လိုလုပ်မလဲ။

 

ကိုယ်မတတ်နိုင်တာကြီးမို့လို့ မတတ်နိုင်ပါဘူးလို့ပြောရရင် ကိုယ့်ကိုယ်ကို Guilty ဖြစ်နေတယ်။

အော်သူက ငါ့ကိုအားကိုးလို့ အကူအညီတောင်းတာ…. ငါကသူအကူအညီတောင်းတာကို မပေးလိုက်ရဘူး

ငါတော်တော်မကောင်းတာ…. ငါမိတ်ဆွေမပီသဘူးထင်တယ်…. ကြံဖန်ပြီးလုပ်ပေးလိုက်ရင်ရသားနဲ့။

အဲသလိုတွေးပီး စိတ်ထဲမှာ မကောင်းဖြစ်နေတတ်တယ်။သူတောင်းနေတဲ့ အကူအညီက ကိုယ်မတတ်နိုင်တာမှန်းလည်း ကိုယ့်ဘာသာသိသိ ကြီးနဲ့ No လို့ပြောရမှာအားနာလို့

အခက်အခဲနဲ့ဒုက္ခတွေ အမျိုးမျိုးခံပြီး လုပ်ပေးလိုက်တယ်။

ပြီးတော့မှကြည့်… သူ့ကိစ္စသူ့ဘာသာလုပ်ရင်ရသားနဲ့ ငါ့လာပြီးဒုက္ခပေးတယ်… ငါအားနာတတ်မှန်းသိလို့ အခွင့်အရေးယူတာ ခုတော့ သူကပျော်လို့ရွှင်လို့ ငါ့တောင် လှည့်မကြည့်တော့ဘူး ငါ့မှာဖြင့်..။

မကျေမနပ်ဖြစ်ပေတော့… အဲ့ဒါဆက်ပေတော့ မပြီးနိုင်အောင်။ ဘယ်လောက်ကြာမယ်မသိဘူး။

ကိုယ်ကိုယ်ကိုယ် ဒေါသတွေ ထွက်လိုက် သူတို့ကိုထွက်လိုက်နဲ့ စိတ်အင်အားတွေကုန် အချန်တွေကုန်ဖြစ်တတ်တယ်နော်။ ကိုယ့်အကြောင်းကိုယ် သိထားရမှာက

When I say “No”, I feel guilty.

When I say “Yes”,I hate myself. အဲ့ဒါဖြစ်တတ်တယ်။ ဒါကိုကြိုသိထားရမယ်။

အကူအညီတောင်းသူနဲ့တွေ့ရင် ခေါင်းအေးအေးထား စိတ်ခိုင်ခိုင်ထားပြီး ဒေါင့်စေ့အောင်စဉ်းစားချင့်ချိန်ပြီးမှ သူတကယ်လိုနေတဲ့ အကူအညီဖြစ်တယ်

သူကလည်းအလကားနေရင်း အကူအညီတောင်းလေ့မရှိဘူး ကိုယ်ပေးနိုင်သလောက်ဘောင်အတွင်းကပဲ အကူအညီပေးလိုက်ပါ။

အဲသလိုမဟုတ်ဖူးဆို “No” ပြောဖို့ဝန်မလေးပါနဲ့။

အချို့ကိစ္စတွေမှာ လုပ်ပေးပြီးမှ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေရတာနဲ့စာရင် ကိုယ်မတတ်နိုင်ပါဘူးလို့ ပြောပြီးငြင်းလိုက်တာက

ရေရှည်မှာ နှစ်ဦးနှစ်ဖက် အချစ်အခင်မပျက်ဖို့ဖြစ်ပါတယ်။ ကောင်းဖို့ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုချစ်ဖို့ဖြစ်ပါတယ်။

  • တစ်သက်လုံးစိတ်ချမ်းသာချင်ရင် အားနာတတ်တဲ့ အကျင့်ကိုပြင်ပါ။
  • No ပြောတတ်အောင်ကျင့်ယူပါ။
  • No ပြောပြီးလည်း စိတ်ချမ်းသာအောင်နေပါ။

Credit ; Htet Htet Htun (waterfall)

Read times
Rate this item
(3 votes)