-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆီးသီး နည်းဗျူဟာ

ဆီးသီး နည်းဗျူဟာ google.com

ဆီးသီး နည်းဗျူဟာ

အမေရိကန်မှာ လူငယ်တစ်ယောက်ဟာ  အရွယ်ရောက်ရင် စစ်မှုထမ်းရ မယ့် ဥပဒေကြောင့် တပ်ထဲကို ဝင် လိုက်တယ်။
သင်တန်းတက်ပြီးတဲ့ အခါ တာဝန်ကျရာ တပ်ကို သွားရောက် ပြီး စစ်မှုထမ်းဆောင်ရတယ်။ သူက ကေပီအဖြစ် တာဝန်ကျတယ်။

ကေပီ ဆိုတာ Kitchen Police ကို အစ အက္ခရာကောက်ပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ 
 ကေပီကို ဂျူတီယူရတဲ့အခါ သူက တရုတ်ဆီးသီးတွေ ပေးရတဲ့ တာဝန်ကျတယ်။ 

 

အဓိကထားပြီး စား တဲ့ စားစရာတွေ စားသောက်လို့ ပြီးစီးတဲ့အခါ အချိုတည်းဖို့ တရုတ် ဆီးသီးကို ပေးတာဖြစ်ပါတယ်။
 စားရိပ်သာဆောင်မှာ စား သုံးကြသူတွေက တရုတ်ဆီးသီးကို စိတ်မဝင်စားကြဘူး။
 စားစရာထည့်ပေးတဲ့ နေရာ မှာ လင်ပန်းကိုယ်စီကိုင်ကာ တန်း စီပြီး တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျယူကြတဲ့အခါ

ပေါင်မုန့် တို့ အသားဟင်းလျာတို့ ဟင်းချိုတို့ ယူပြီးတဲ့အခါ သူရှေ့က ဖြတ်လျှောက် ပြီး သွားကြရတယ်။
 "ဆီးသီးတွေ ချိုတယ်။ ယူဦး မလား" လို့ သူက မေးတာကိုတောင် မကြားချင် ယောင်ဆောင်ပြီး ထွက် သွားကြတယ်။
 ခဏကြာတော့ လူငယ်ကလေး က အပြောအဆိုကို ပြောင်းလိုက်တယ်။
သူရှေ့က ဖြတ်လျှောက်တဲ့ သူကို လှမ်းမေးတယ်။
"ဆီးသီး ၂လုံး ယူမလား။ ၃ လုံး ယူမလား။ ၄ လုံး ဆိုရင်တော့ အားလုံးကို ဝေပေးပြီးလို့ ပိုရင်ရ မယ်" လာစားကြတဲ့ စစ်သည်တွေ အများစုမှာ ဆီးသီး ၃လုံးစီ ယူကြ တယ်။

မယူချင်တဲ့သူကလည်း ၁လုံး တော့ ယူဖြစ်ပါတယ်။ 
ကိုယ့်ဆီ ဝယ်ဖို့ ရောက်လာ ပြီးမှ လွတ်သွားတာ ဘယ်နှစ်ယောက် ရှိပြီလဲ။ ယူဦးမလားလို့ မေးပြီးရောင်း နေတာလား။
တစ်ခါတလေမှာ ဝယ်ဖြစ်သွား အောင် ကိုယ်က ဝယ်ယူသူကို လွဲ မသွားအောင် လိုချင်တဲ့ဖက်ကို ဦး တည်ပေးဖို့ လိုတယ်။ သူ့ကို ပဲ့ကိုင် ဖို့ မဖြစ်နိုင်ပေမဲ့ ကိုယ်ကဦးကို ဆွဲ လှည့်ပေး တွန်းပေးတာကို လုပ်ရပါ တယ်။
ဝယ်ယူသူကိုဖြစ်ဖြစ် ဝယ်ယူ ဖို့ အလား အလာကောင်းနေသူကို ဖြစ်ဖြစ် ခင်ဗျားက
    ၁။ ခင်ဗျားရဲ့ ပစ္စည်း/ ဝန်ဆောင် မှုကို ပြောပြတဲ့အခါ အားတက် သရော ပြောပြပါ။
    ၂။    ခင်ဗျားရဲ့ ပစ္စည်း/ဝန် ဆောင် မှုက သူ့အဖို့ လိုအပ်နေတဲ့အ ရာလို့ စိတ်ထဲမှာ ယုံကြည်ထား လိုက်ပါ။ အဲဒီလို သေချာနေ တဲ့ အတိုင်းပြောဆိုပါ။
    ၃။    တိုက်တွန်းရာရောက်တဲ့ အသုံး အနှုန်းကို သုံးပါ။ " ဒီဟာကို ဝယ်သုံးဖြစ်ခဲ့ရင်" လို့ ပြောမယ့် အစား 'ဒီဟာကို သုံးတဲ့အခါ' လို့ ပြောပါ။
    ၄။ ရောင်းဖို့ ဦးတည်ပြီး ပြောပါ။ တစ်ခါ ရောင်းပြီးသွားရင် နောက် တစ်ခါ ထပ်ရောင်းဖို့ ဆက်လက် ကြံစည်ပါ။ ကိုယ့်ရဲ့ လုပ်ငန်း လိပ်စာကတ် သူ့လက်ထဲထည့်ပါ။

Source; My Yangon 

Read times
Rate this item
(1 Vote)