-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေသင့်ကို စကားပြောဖို့ ငြင်းဆန်နေတာ ဘာကြောင့်လဲ။

လူတွေသင့်ကို စကားပြောဖို့ ငြင်းဆန်နေတာ ဘာကြောင့်လဲ။ google.com

လူအချင်းချင်း ပြောဆိုဆက်ဆံရာတွင် ခိုင်မာသော ရင်းနှီးမှုတစ်ခုရရှိရန် စကားပြောခြင်းအတတ်ပညာမှာ လည်း အလွန်အရေးပါလှသည်။

မိသားစု၊သူငယ်ချင်းများနှင့်အလုပ်ခွင်တွင်တစ်ယောက်နှင့်တစ်ယောက် စကားကိုနေ့စဉ်နှင့် အမျှပြောဆိုနေကြရသည်။

ထို့ကြောင့် မလိုအပ်ဘဲသူတစ်ပါးကို ထိခိုက်နာကျင်စေမယ့် စကားကိုရှောင်ကြဉ် ပြောဆိုတတ်ဖို့လိုပါတယ်။

ဓါးဟာလူကိုသေစေနိုင် သကဲ့သို့ အပြောမတတ်တဲ့ စကားတစ်ခွန်းဟာ လည်းလူကိုသေစေနိုင်ပါတယ်။

တစ်ခါတစ်ရံ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူများက သင့်ကို စကားမပြောချင်လို့ ရှောင်ဖယ်သွားတာမျိုး

ကြုံဖူးပါသလား။

သင်ဟာ ဘယ်လိုမှားယွင်းတဲ့ အပြုအမူမျိုးတွေ ပြုလုပ်မိနေလဲဆိုတာ ပြန်လည်စဉ်းစားပြီး သုံးသပ်ကြည့်ပါ။

၁။ကိုယ်နဲ့စကားပြောဆိုသူကို လျစ်လျူရှူတဲ့ အပြုမူမျိုး မပြုလုပ်မိပါစေနဲ့။

၂။ မိမိကိုလာပြောတဲ့ အကြောင်းအရာများဟာ ၀မ်းသာစရာဖြစ်စေ၊ ၀မ်းနည်းစရာဖြစ်စေ ဂရုတစိုက်နားထောင်ပြီး မျှဝေခံစားပေးပါ။

၃။အကြောင်းအရာတစ်ခုကို ရှင်းပြပြောဆိုနေသည့်အခါ ကြားဖြတ်ပြောဆိုခြင်းမျိုး မပြုလုပ်နဲ့။

၎။မိမိပြောဆိုသော စကားကသာအမှန်ဖြစ်ကြောင်း တစ်ယူသန်ပြောဆိုခြင်းကိုရှောင်ကြဉ်ပါ။

၅။သူတစ်ပါးက ကိုယ့်ကိုဆွေးနွေးတိုင်ပင် ရအောင်ယုံကြည်ရတဲ့ လူမျိုးဖြစ်ပေါစေ။

၆။သူတစ်ပါး အကြောင်းကို အတင်းအဖျင်းလုပ်ပြီး မပြောဆိုပါနဲ့။

၇။သိချင်သည့် အကြောင်းအရာများကိုလည်း ပွင့်လင်းစွာမေးပါ။ ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖြစ်စေမှာပါ။

၈။စကားပြောနေစဉ် ရိုင်းစိုင်းတဲ့ ကိုယ်နေဟန်ထားမျိုး မပြုလုပ်ပါနဲ့။ ဥပမာ-ဒူးနန့်နေခြင်း၊လက်ကိုအငြိမ် မထားဘဲ ဟိုခေါက်ဒီခေါက် လုပ်နေခြင်း။

၉။ကြည်လင်ရွှင်ပြတဲ့ မျက်နှာအနေအထာမျိုး နဲ့ပြောဆိုဆက်ဆံပါ။

၁၀။အကောင်းမြင်စိတ်ထားရှိပါ။

 

Read times
Rate this item
(1 Vote)