-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းခွင်အရည်အသွေးကို ထောက်ကူပေးနိုင်တဲ့ ဝါသနာတွေ

လုပ်ငန်းခွင်အရည်အသွေးကို ထောက်ကူပေးနိုင်တဲ့ ဝါသနာတွေ google.com

လူတစ်ယောက်၏ ၀ါသနာကိုကြည့်ခြင်းအားဖြင့် ထိုသူတစ်ယောက်ဟာ မည့်သည့်အလုပ်အကိုင်မှာ ထူးချွန်ပြီး စိတ်ပါဝင်စားစွာ လုပ်နိုင်သည်ကိုပါ ခန့်မှန်းနိုင်သည်။

ယခုအချိန်တွင် သူဌေးအများစုကလည်း လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျရှိ မည့်သူများကိုသာ ရွေးချယ်ခန့်ထားလာကြသည်။

ဒါဆို ဘယ်လိုဝါသနာ၊စိတ်ပါဝင်စားမှုများက လုပ်ငန်းခွင်နဲ့ သင့်တော်လဲဆိုတာဖော်ပြပေးထားပါတယ်။

အားကစား
ပြေးခြင်း၊ စက်ဘီးနင်းခြင်း၊ ရေကူးခြင်းအစရှိတဲ့ အားကစားနဲ့ ပတ်သက်တဲ့ဝါသနာတွေဟာ စိတ်ပိုင်းဖြတ်နိုင်မှု၊ လုံ့လဝီရိယရှိမှုနဲ့ တွန်းအားတွေရှိတဲ့ သဘောလို့ဆိုရမှာပါ။

ဒါတွေက အရောင်းသမားတွေ ဒါမှမဟုတ် လုပ်ငန်းအကောင်အထည်ဖော်တဲ့ ရာထူးနေရာတွေအတွက် သင့်တော်တယ်လို့ ယုံကြည်ကြပါတယ်။

စွန့်စားမှုကို ဝါသနာပါခြင်း
တောင်တက်ခြင်း၊ ရေငုပ်ခြင်း စွန့်စားရတာတွေကို ဝါသနာပါရင်လည်း အလုပ်ရှင်တွေက သဘောကျကြပါတယ်။

ဒီလိုဝါသနာရှိသူတွေဟာ နယ်နိမိတ်တွေကို တွန်းလှန်ဖို့၊ ကြုံလာရနိုင်တဲ့အထိ အခက်အခဲတွေကို တွက်ချက်ပြီး တာဝန်ယူ ကျော်လွှားဖို့ သဘောကျတတ်သူတွေလို့ ဆိုနိုင်ပါတယ်။

ဒီအားသာချက်တွေနဲ့ လူတွေကို ထုတ်ကုန်လုပ်ငန်းတစ်ခုမှာ ဦးဆောင်သူရာထူး နေရာတွေအတွက် သင့်လျော်တယ်လို့ ယူဆကြပါတယ်။

တီထွင်နိုင်ခြင်း
ဟင်းချက်တာ၊ ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာအစရှိတဲ့ တီထွင်ဖန်တီးမှုကို ကြိုက်နှစ်သက်သူတွေဟာ အထူးသဖြင့် PR၊ ဒီဇိုင်းအစရှိတဲ့ နယ်ပယ်တွေမှာ သူဝင်ဆံ့နေပါလိမ့်မယ်။

အသင်းလိုက်အားကစား
အသင်းလိုက် အားကစားတွေဖြစ်တဲ့ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘော ပုတ်တာတွေဟာ အလုပ်မှာ အသင်းအဖွဲ့နဲ့လုပ်ဖို့ ရည်သန်သူတွေ ဖြစ်ပါတယ်။
ဗျူဟာချမှတ်ရန် ဝါသနာထုံခြင်း
ကျားကစားတာ၊ ဂိမ်းကစားတာ၊ ချက်စ်ထိုးတာလို ဝါသနာပါသူတွေကတော့ အလုပ်တစ်ခုလုပ်မယ်ဆို သေသေချာချာအကွက်ချပြီး လုပ်မှာဖြစ်တဲ့အတွက် planning manager လိုနေရာမျိုး၊ ဗျူဟာချမှတ်ရမယ့် နေရာတွေမှာ သင့်တော်ပါတယ်။

စာရေးသားခြင်း
စာရေးရတာ၊ ကဗျာရေးရတာ၊ blog ရေးရတာကို ဝါသနာပါသူတွေကတော့ Editorial လို လုပ်ငန်းခွင်မျိုးမှာ အားသာနိုင်ပါတယ်။

သူတို့တွေရဲ့ အရည်အချင်းနဲ့ ရာထူးကြီးကို အလွယ်တကူ တက်လှမ်းနိုင်သလို ဆက်ဆံရေးအရာရှိ (သို့) လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာပါ လုပ်ကိုင်နိုင်ပါတယ်။

စာဖတ်ခြင်း
စာဖတ်ရတာ၊ သမိုင်းတွေကို လေ့လာရတာကို ဝါသနာပါသူတွေဟာ သုတေသနလုပ်ငန်းတွေမှာ အထူးသင့်တော်ပါတယ်။

အသင်းအဖွဲ့လိုက်လုပ်ခြင်း
တချို့သူတွေက တစ်ကိုယ်ရေ ဆောင်ရွက်ရမှ အားသာသူတွေရှိသလို တချို့သူတွေကတော့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ရမှ အားသာသူတွေရှိပါတယ်။

ဒါဟာ ကိုယ့်အနေနဲ့ မန်နေဂျာရာထူးနဲ့ ကိုက်ညီတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုဝါသနာမျိုးဟာ အသင်းအဖွဲ့တွေကို ဦးဆောင်ရတာ၊ လမ်းညွှန်ရတာ၊ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရတာမျိုးတွေမှာ အားသာပါတယ်။

Credit;Ye Htut

Source;My Yangon

Read times
Rate this item
(2 votes)