-->
×

Warning

JUser: :_load: Unable to load user with ID: 29


Monday

Monday google.com

တနင်္လာနေ့ဆိုတာ ရုံးဝန်ထမ်းတွေ ၊ ကျောင်းသူ ကျောင်းသားတွေအတွက်တော့ စတင်ဖို့ခက်ခဲတဲ့ ရက်စွဲတစ်ခုပါ။

တစ်ပတ်တာရုံးပိတ်ရက် စနေ ၊ တနင်္ဂနွေ ၂ရက်ပြီးတဲ့အခါ ကိုယ့်ရဲ့တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တစ်ဖန်ပြန်လည်ရောက်ရှိလာတဲ့ နေ့စွဲတစ်ခုဆိုလည်း မမှားပါဘူး။

ဒါကြောင့် တနင်္လာနေ့နဲ့ပတ်သတ်ပြီး စိတ်ဝင်စားဖွယ်ရာ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။တနင်္လာနေ့မနက်ခင်းမှာ လူအများစုဟာ နေ့လည်11နာရီမတိုင်ခင်အထိ ပြုံးရယ်မှုနည်းပါးကြပါတယ်။

၂။တစ်ကမ္ဘာလုံးမှာရှိတဲ့ 50ရာခိုင်နှုန်းသော ၀န်ထမ်းတွေဟာ တနင်္လာနေ့မနက်မှာ ရုံးနောက်ကျလေ့ရှိပါတယ်။

 ၃။လူအများစုဟာ တနင်္လာနေ့မှာ ရုံးတွေ ၊ ကျောင်းတွေ မသွားချင်ကြကြောင်းကို 12မိနစ်နီးပါးခန့် ကြာအောင် ငြီးညူလေ့ရှိကြပါတယ်။

 ၄။တနင်္လာနေ့နဲ့ပတ်သတ်တဲ့ ပျင်းရိငြီးငွေ့မှုဟာ အများအားဖြင့် အသက်45 နဲ့ 55 နှစ် လူကြီးတွေကြားမှာ အဖြစ်အများဆုံးပါပဲ။

 ၅။စစ်တမ်းတွေအရ တနင်္လာနေ့မှာ ၀န်ထမ်းတွေရဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်စွမ်းရည်ဟာ 3.5နာရီမျှသာရှိပါတယ် ။

 ၆။မိမိကိုယ်ကို သေကြောင်းကြံစည်မှုအဖြစ်များဆုံးနေ့ဟာ တနင်္လာနေ့ပါပဲ။

၇။ တနင်္လာနေ့မှာ နှလုံးရောဂါကိုခံစားရသူအရေအတွက်ဟာ သာမန်နေ့တွေထက် ၂၀% ခန့်ပိုမိုများပြားပါတယ်။

၈။အကောင်းဖက်ကနေပြောရရင်တော့ တနင်္လာနေ့ဟာ ကုန်ပစ္စည်းတွေ promotion ချလေ့ရှိတဲ့ ၊ အရောင်းအ၀ယ်လုပ်ငန်းတွေအတွက် အဆင်ပြေစေတဲ့ နေ့တစ်နေ့ပါပဲ။

Credit;upupmm

Read times
Rate this item
(2 votes)