-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်လုပ်နေတဲ့ အပြုအမူတွေက ဦးနှောက်ထိခိုက်ပျက်ဆီးဖို့ ဦးတည်နေပြီလား?

သင်လုပ်နေတဲ့ အပြုအမူတွေက ဦးနှောက်ထိခိုက်ပျက်ဆီးဖို့ ဦးတည်နေပြီလား? google.com

ကျွန်ုပ်တို့ဦးနှောက်ဟာ သဘာဝတရားကြီးမှ ဖန်ဆင်းပေးထားသော ဇီဝကွန်ပျူတာတစ်လုံးဟု တင်စားပြောဆိုနိုင်ပါသည်။

ဦးနှောက်ရဲ့ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်များဟာ အလုပ်ရှုပ်ထွေးသောကြောင့် သိပ္ပပညာရှင်များကတောင် တိကျစွာမပြောဆိုနိုင်သည့် အပိုင်းများလည်းရှိပါသေးသည်။

ဦးနှောက်ဟာ ကျွန်ုပ်တို့မှတ်သားချင်သည့် အကြောင်းအရာများကို မှတ်သားနိုင်သည့် ကွန်ပျူတာmemoryတစ်ခု ကဲ့သို့အလုပ်လုပ်နိုင်ပါသည်။

ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ဦးနှောက်မှထိန်းချုပ်ထားတာကို အားလုံးသိပြီးသားဖြစ်မှာပါ။

ထို့ကြောင့်ဒီလို အံသြမှုတွေနြဲ့ပည့်နှက်နေပြီး အလွန်အသုံးဝင်သည့် ဦးနှောက်ကိုထိခိုက်ပျက်စီးစေသော အကြောင်းအရာများလည်းရှိပါတယ်။

 ဒီအကြောင်းအရာတွေက ကျွန်ုတို့သတိမထားမိဘဲ နေ့စဉ်ပြုလုပ်နေသည့် အမူအကျင့်များလည်းပါဝင်ပါတယ်။

ထိုအမူအကျင့်တွေကိုဖော်ပြပေးထားပါတယ်။

၁။အထီးကျန်ဆန်စွာ တစ်ယာက်တည်းနေထိုင်တတ်ခြင်းဟာ ဦးနှောက်ကိုထိခိုက်ပျက်ဆီးစေရုံမက စိတ်ကျရောဂါကိုပါ ရရှိစေနိုင်ပါတယ်။

ဒါကြောင့် လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ကူညီဆောင်ရွက်ပါ။ ဆွေးနွေးပွဲများ၊စကားရည်လုပွဲများတွင် ပါဝင်ခြင်းဖြင့်လည်းသင့်ရဲ့  ထင်မြင်ချက်၊ပြဿနာ ဖြေရှင်းနိုင်စွမ်းများလည်း မြင့်တက်လာနိုင်ပါတယ်။

၂။တစ်နေ့တာတွင် အနည်းဆုံးတစ်ကြိမ်လောက်တော့  စဉ်းစားတွေးခေါ်မှုတွေပြုလုပ်ပေးပါ။

ထိုသို့ပြုလုပ်ပေးခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အကောင်းဆုံးလေ့ကျင့်ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည့် အပြင် ဦးနှောက်စွမ်းဆောင်ရည် လျော့ကျမှုကိုကာကွယ်ပေးနိုင်ပါသည်။

၃။နေထိုင်မကောင်းဖြစ်တဲ့အခါ မိမိလုပ်ကိုင်နေတဲ့အလုပ်ကို အာရုံစိုက်နိုင်ရန်အလွန်ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်တွေဆို သင့်ရဲ့ဦးနှောက်ကို အနားပေးခြင်းဟာ အကောင်းဆုံးပါ။

အတင်းဖိအားပေး မလုပ်ဆောင်ပါနဲ့။

၎။ဆောင်ကိုခေါင်းကနေတစ်ကိုယ်လုံး ခြုံပြီးအိပ်စက်ခြင်းဟာ သင့်ကိုယ်သင်လုံခြုံတယ်လို့ခံစားမိနိုင်ပါတယ်။

သို့သော် carbon dioxideတွေကို အပြင်မထွက်နိုင်အောင် ကာကွယ်ထားတာနဲ့တူနေပါတယ်။ဒီလိုမလိုအပ်တဲ့ gasတွေဟာ သင့်ရဲ့ဦးနှောက်ကို အန္တရာယ်ရှိစေရုံမက ခန္ဓာကိုယ်ဇီဝကာမဖြစ်စဉ်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

၅။လုံလောက်သောအိပ်ချိန်ရအောင် ပြုမူနေထိုင်ပါ။ ဦးနှောက်ဟာလည်းစက်တစ်လုံးကဲ့သို့ အလုပ်လုပ်ပြီးလျှင် နားချိန်လိုအပ်ပါတယ်။

သင့်ရဲ့ညဘက်အိပ်စက်ချိန်တွေကို လျစ်လျူရှူလျှင်ဦးနှောက်ရဲ့ဆဲလ်လေးတွေ ပျက်ဆီးနိုင်ပြီး သေဆုံးနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ဦးနှောက်ကိုပျက်ဆီးစေနိုင်သလို စိတ်ရဲ့စွမ်းအားကိုလည်းလျော့ကျစေသည်။

၆။မနက်စာကိုမစားခြင်း။ဒီအချက်ကတော့ လူတိုင်းနီးပါးပြုလုပ်မိကြမှာပါ။ ညဘက်အိပ်ပြီး မနက်ပြန်ထတဲ့အချိန်ဟာ သွေးအတွင်း သကြားဓါတ်ပမာဏ  လျော့ကျနေချိန်ဖြစ်သည်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်များဟာလည်း ၄င်းဓါတ်ကိုမှိခိုနေသည့်အတွက် လုံလောက်သော အာဟာရဓါတ်ကိုမရရှိနိုင်တော့ဘဲ ထိခိုက်ပျက်ဆီးမှုကို ဦးတည်နိုင်ပါတယ်။

၇။သို့သော် သကြားဓါတ်အလွန်များသွားလျှင် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓါတ်၊ အသားဓါတ်စုယ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။

၈။ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်အတွက်မကောင်းသလို အခြားသူများကိုပါထိခိုက်နိုင်ပါတယ်။

ဆေးလိပ်ရှိ ပါဝင်ပစ္စည်းများနှင့် အဆိပ်မီးခိုးငွေ့များဟာ အယ်ဇိုင်းမားရောဂါနှင့် ဦးနှောက်နှင့်ဆိုင်သော ရောဂါများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Read-သင်ယူနိုင်မှုစွမ်းအားနှင့်-မှတ်ဥာဏ်စွမ်းအားအမြန်-တိုးတက်လာအောင်လေ့ကျင့်နိုင်မည့်နည်းလမ်းများ

Source; The Crazy Facts

Read times
Rate this item
(1 Vote)