-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကို အလုပ်ပြုတ်စေနိုင်သည့် စကားလုံးများ

သင့်ကို အလုပ်ပြုတ်စေနိုင်သည့် စကားလုံးများ google.com

အောင်မြင်သောသူများ၏ အဆိုအရ အောင်မြင်မှု၏သော့ချက်သည် “ရိုးသားကြိုးစားခြင်း” ပင်ဖြစ်သည်။

တစ်ခါတစ်ရံ အလုပ်ခွင်ထဲမှာဖြစ်ပျက်သမျှ၊ ခံစားရသမျှကို ပြောဆိုနိုင်ရန် လူရွေးတတ်ဖို့တော့ လိုပါတယ်။

ပထမဦးဆုံး သင်ရှောင်ကြဉ်ရမည့် လူကတော့ သင်တို့ရဲ့သူဋ္ဌေးဖြစ်ပါတယ်။

အခုဖော်ပြပေးမယ် စကားလုံးတွေကို သင်ပြောမိမယ်ဆိုရင် အလုပ်ပြုတ်နိုင်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။

“ဒီဟာကိုလုပ်ပေးရင် ဘာအကျိုးအမြတ်ရမှာလဲ”

တစ်ခါတစ်ရံ ဒီစကားလုံးကို သင့်ရဲ့လုပ်ဖော်ကိုင်ဖက်၊သူငယ်ချင်းတွေကို ပြောမယ်ဆိုရင်တော့ ပြဿနာ ကြီးကြီးမားမားမရှိနိုင်ပါဘူး။

သို့သော်သင့်ရဲ့သူဋ္ဌေးကို ပြောခြင်းဟာ သင်ဟာအကျိုးအမြတ်ကို မျှော်ကိုပြီး လုပ်ကိုင်သူ တစ်ယောက်အနေနဲ့ မြင်သွားနိုင်ပါတယ်။

“ငါနှုတ်ထွက်တော့မယ်”

ကုမ္ပဏီကသင့်ကို အမှန်တကယ်လိုအပ်နေတဲ့ အချိန် ၊သင်တာဝန်ယူထားတဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် မလုပ်နိုင်ခင်မှာ အလုပ်မှထွက်တော့မယ်လို့ ပြောခြင်းဟာ

ရှောင်ထွက်ခြင်းနှင့်professional မဆန်မှုကို ပြသခြင်းဖြစ်တဲ့ အတွက်သင့်ရဲ့ဂုဏ်သိက္ခာကို များစွာကျဆင်းစေနိုင်ပါတယ်။

“ငါ့မှာဖြေရှင်းနည်းမရှိဘူး”

ပြဿနာများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဟာ ခေါင်းဆောင်ကောင်း တစ်ယောက်တွင် ရှိသင့်သော အရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။

သူဋ္ဌေးကို ပြဿနာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနည်းမရှိဘူးဟု ပြောမယ့်အစား ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ ဖြေရှင်းနည်းတွေကို သာပြောပြသင့်ပါတယ်။

“ဒါမဖြစ်နိုင်ဘူး”

သူဋ္ဌေးတစ်ဦးဟာ ၀န်ထမ်းတွေရဲ့ မကောင်းမြင်ဘက်ကနေပြောဆိုခြင်း ကိုရုံးခန်းထဲတွင် နားထောင်လိုခြင်း မဟုတ်ပါ။ အကယ်၍ မအောင်မြင်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်မယ်ဆိုလျှင်လည်း မဖြစ်နိုင်ဘူး ဟုပြောမည့်အစားြ

ဖစ်ပေါ်လာနိုင်သော အခက်အခဲတာဝန်များအကြောင်းကို သေချာရှင်းပြပြောဆိုပါ။

“ငါအကောင်းဆုံးလုပ်ခဲ့တယ်”

သင်လုပ်ခဲ့တဲ့အလုပ်တစ်ခုနဲ့ ပတ်သက်ပြီးအမှားကို ထောက်ပြပြောဆိုခဲ့လျှင် ငါအကောင်းဆုံးလုပ်ခဲ့တာပဲဟု ပြောမည့်အစား နောက်တစ်ကြိမ်တွင် ပိုမိုကောင်းမွန်အောင်လုပ်ပါမယ်ဟု ပြောဆိုသင့်သည်။

“ငါမသိဘူး၊မလုပ်နိုင်ဘူး”

ဒီလိုစကားတွေကို ပြောဆိုခြင်းဟာ သင့်ကိုသင် ယုံကြည်မှုမရှိကြောင်း၊ အရည်အချင်းမရှိကြောင်း ပြသနေခြင်းနဲ့တူပါတယ်။

Source; youngisthan.in

Read times
Rate this item
(1 Vote)