-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပင်ကိုယ်အရည်အသွေးကိုထိခိုက်နိုင်တာတွေ

ပင်ကိုယ်အရည်အသွေးကိုထိခိုက်နိုင်တာတွေ google.com

၁။အလွန်အကျွံအလုပ်လုပ်ခြင်း

သင်လုပ်နိုင်တဲ့ လုပ်နိုင်စွမ်းအားထက် အလုပ်တွေပိုလုပ်ခြင်းဟာ ဦးနှောက်၏စွမ်းဆောင်ရည်တွေကို ပိုမိုကျဆင်းစေသည့်အပြင် အမှားလုပ်မိနိုင်ခြေလည်းများပါတယ်။

၂။သွက်လက်တက်ကြွမှု မရှိခြင်း

သင့်ရဲ့ကိုယ်နေဟန်ထား၊ အမူအရာကိုကြည့်ခြင်းအားဖြင့် သင်ဟာထက်မြက်သူ(သို့) အပျင်းကြီးသူ တစ်ယောက်ဆိုတာကို အကဲခတ်နိုင်ပါတယ်။

 

အမြဲတမ်း ပျော့တိပျော့ခွေ ပျင်းရိနေသော ပုံစံမျိုးတွေ မပြုလုပ်ပါနဲ့။ လူအများက သင့်ရဲ့အရည်အချင်းတွေထက် အပြုအမူတွေကို အရင်အကဲခတ်ကြမှာပါ။

၃။စကားကို ဦးတည်ရာမရှိပြောခြင်း

သူငယ်ချင်းတွေနဲ့ အပျော်သဘော ခဏတဖြုတ်ရောက်တတ်ရာရာလေးတွေ ပြောမိခြင်းဟာ ပြဿနာမရှိပေမဲ့ အမြဲစကားကို ဦးတည်ရာမရှိပြောဆိုတာတွေကို ပြုလုပ်မိနေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။

ဒီလိုပြောဆိုနေခြင်းကြောင့် လူအများ၏ယုံကြည်မှုကို မရရှိနိုင်သည့်အပြင် သင့်ကိုလူလိမ်တစ်ယောက်အနေနဲ့ ထင်သွားနိုင်ပါတယ်။

၎။phone အလွန်အကျွံသုံးခြင်း

Phone ကိုအလွန်အကျွံသုံးခြင်းကြောင့် သင့်ရဲ့ အချိန်၊ငွေနှင့်ကျန်းမာရေး ကိုများစွာ ထိခိုက်နိုင်တာကို သိရှိပြီးသား ဖြစ်မှာပါ။

ဒီလိုအလွန်အကျွံ သုံးစွဲခြင်းကြောင့် သင့်ရဲ့မိဘ၊မိသားစုနဲ့ တန်ဖိုးရှိပြီးပျော်စရာကောင်းတဲ့ အချိန်တွေကိုတော့ အဆုံးရှုံးမခံပါနဲ့။နောက်ထပ် ပြန်မရနိုင်တဲ့ အချိန်တွေဆီ ရောက်ခဲ့လျှင်သင်နောင်တတွေနဲ့ နေထိုင်နေရမှာပါ။

၅။အတုယူအားကျရတဲ့လူမရှိခြင်း

သင်ဟာခုချိန်မှာ သာမာန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်နေသော်လည်း နောင်တစ်ချိန်မှာ အရာရာကို ဦးဆောင်ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယာက်ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာဖို့ ကိုယ်အားကျရတဲ့ လူတစ်ယောက်ကို စံနာမူနာထား အတုယူပါ။ ပုံစံတူပြုလုပ်ခြင်းကိုတော့ မဆိုလိုပါ။ 

အားကျအတုယူရသူတို့ရဲ့ ဆုံးဖြတ်ချက်ချပုံများ၊ ကြိုးစားအားထုတ်မှုများကို လေ့လာသင်ယူပါ။

၆။လူအများနဲ့ပေါင်းသင်းဆက်ဆံနိုင်တဲ့ စွမ်းရည်မရှိခြင်း

သင်ဟာလူအများနဲ့ စကားပြောရမှာကို ရှက်ရွံ့ကြောက်လန့်ပြီး တစ်ယောက်ထဲနေထိုင်ရတာကို ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်နေပြီလား။

National Association ၏လေ့လာချက်အရ ITပညာရှင်တွေဟာ ၂၈ရာခိုင်နှုန်းသော ပရောဂျက်တွေကို သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေး လိုအပ်ချက်ကြောင့် ဆုံးရှုံးခဲ့ရသည်။

ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်မှာ လည်းအရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။

Source; Lifehack

Read times
Rate this item
(4 votes)