-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ်ဓါတ်ကျတဲ့ အချိန်သောက်ရမဲ့ ဆေး(၁၀)မျိုး

စိတ်ဓါတ်ကျတဲ့ အချိန်သောက်ရမဲ့ ဆေး(၁၀)မျိုး google.com

ဘ၀မှာ လူတိုင်းနီးပါး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာမကျန်းမှုတို့ကို ကုစားရန် ဆေးဝါးများကို သောက်သုံးဖူးကြမှာပါ။

ဒီလိုဖြစ်ပျက်နေတဲ့ ရုပ်ခန္ဓာကြီးကို ကျန်းမာကြံ့ခိုင်ဖို့ ပဋိဇီဝဆေးများကို မှီဝဲသလို စိတ်ဓါတ်ခွန်အားတွေ လျော့ကျပြီး ရှေ့ဆက်လျှောက်လှမ်းဖို့ အားအင်တွေ ချိနဲ့လာတဲ့အခါ

ပြန်လည်ကျန်းမာလာဖို့ ဖော်ပြပါ  ကုထုံးများကို လက်ကိုင်ထားဖို့ အကြုံပြုချင်ပါတယ်။

  • မိမိဘ၀ကို ကိုယ်ပိုင်အလင်းရောင်နဲ့ ထွန်းလင်းနိုင်အောင် ကြိုးစားပါ။ သူတစ်ပါးထံမှ ရယူလိုက်ရလို့ ပျော်တာထက် ပေးလိုက်ရတဲ့သူကသော ပျော်ရွှင်မှု၊ပိုင်ဆိုင်မှုအစစ် ဖြစ်တယ်လို့ ခံယူထားပါ။
  • အောင်မြင်မှုဆိုတာ သင်မမျှော်လင့်ထားတဲ့ အချိန်တစ်ခုမှာ မမျှော်လင့်ထားတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့တတ်တာမျိုးမဟုတ်ပါ။ တွေးခေါ်နိုင်ခြင်း၊ စိတ်ကူးအကြံအဥာဏ်၊ လက်တွေ့လုပ်ဆောင်ခြင်း၊ရပ်တန့်မှုမရှိ ကြိုးစားနေခြင်း ဒါတွေအားလုံး ပေါင်းစပ်လုပ်ကိုင်မှသာလျှင် အောင်မြင်မှုဆိုတာ ရရှိလာမှာပါ။
  • သူတစ်ပါးရဲ့ မျက်ရည်တွေနဲ့ မိမိဘ၀ပျော်ရွှင်မှု ကိုမတည်ဆောက်ပါနဲ့။ ခဏတာပျော်ရွှင်ဖိုအတွက် ဦးစားပေးလုပ်လိုက်ရင် တစ်ဘ၀တာလုံး စိတ်ဆင်းရဲရပါလိမါမယ်။
  • လုပ်သလိုမဖြစ်တဲ့ ဘ၀ကြီးဆိုပြီး ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ဘ၀တစ်ခုကို တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးပါလိမ့်မယ်။
  • လှောင်ပြောင်၊ အတင်းပြော ကဲ့ရဲ့မှာကို ကြောက်လန့်ပါသလား။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစွာလျှောက်လှမ်းပါ။ လူအများရဲ့စိတ်နဲ့ သင့်ဘ၀ကို တည်ဆောက်နေတာမှ မဟုတ်တာ။
  • သူတစ်ပါးရဲ့အရှေ့မှာ ရှိနေတဲ့သင်ဟာ လမ်းပိတ်သူမဟုတ်ဘဲ လမ်းပြသူဖြစ်အောင် ကြိုးစားပါ။
  • ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရလို့ သင်စိတ်ပျက်အားငယ်နေပြီလား။ အရှုံးထဲကသင်ခန်းစာ ရယူပြီး အမြတ်ထွက်အောင် ကြိုးစားပါ။
  • မာနထောင်လွှားတတ်သူ၊ ဆင်ခြင်တုံတရားနည်းပါးသူ၊ ကိုယ်ချင်းစာစိတ်မရှိသူများကို ရှောင်ပါ။ ထိုလူသုံးမျိုးဟာ မပေါင်းအပ်တဲ့သူတွေပါ။
  • မိမိရဲ့ အပြုံးကို တစ်ခြားသူများကိုလည်းမျှဝေပါ။ အပြုံးဆိုတာ ရင်းနှီးခြင်းနှင့်ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတပါ။
  • ခွန်အားကြီးမားခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မဟုတ်ပါ။ အနိုင်မခံအရှုံးမပေး ကြိုးစားလုပ်ဆောင်ခြင်းပါ။

Source; May Dim’s Note Book

Read times
Rate this item
(4 votes)