-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေက အနာဂါတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေမှာလား

သင်ပိုင်ဆိုင်ထားတဲ့  အရည်အချင်းတွေက အနာဂါတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေမှာလား google.com

အချိန်နဲ့ဒီရေလို အလျှင်အမြန်ပြောင်းလဲတိုးတက်နေသော ယခုလက်ရှိအချိန်တွင် မည်သည့်နယ်ပယ်မဆို အောင်မြင်မှု ရရှိပိုင်ဆိုင်ရန် ခေါင်းဆောင်ကောင်းများရှိရန်မှာလည်း အရေးပါလှတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်လာပါပြီ။

စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး အကျိုးအမြတ်များရယူနိုင်ဖိုအတွက် လုပ်ငန်းရှင်များအနေနဲ့ ဘယ်လိုအရည်အချင်တွေနဲ့ ပြည်စုံတဲ့ ၀န်ထမ်းတွေကို ခေါင်းဆောင်ကောင်းတစ်ယောက် အနေနဲ့ သတ်မှတ်လေ့ရှိလဲ။

သင်ဟာယခုလက်ရှိအချိန်မှာ နောက်လိုက်တစ်ယောက် ဖြစ်နေပေမဲ့လည်း ဖော်ပြပါအရည်အချင်းတွေ ပိုင်ဆိုင်နေပြီဆိုလျှင် မဝေးတော့တဲ့ကာလတစ်ခုမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

၁။သိချင်တတ်ချင်စိတ်ပြင်းပြပြီး သင်ယူလိုစိတ်အမြဲနိုးကြားနေခြင်း။

၂။ပြဿနာများ၏ ရင်းမြစ်ကို လိမ္မာပါးနပ်စွာချဉ်းကပ်နိုင်ပြီး အကျိုးအကြောင်းကို ပိုင်းခြားကာ  မှန်ကန်သောဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ခြင်း။

၃။လုပ်ဖော်ကိုင်ဖက်များရဲ့ အခြေအနေကို လျှင်မြန်စွာအကဲခတ်နိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့စိတ် ပိုင်ဆိုင်ထားခြင်း။

၎။လမ်းဟောင်းကို မလိုက်ဘဲ ဆန်းသစ်သောတွေးခေါ်မှုများနဲ့ လမ်းသစ်တစ်ခုကို ဖောက်လုပ်ချင်စိတ်ရှိခြင်း။

၅။ဖြစ်ပျက်လာမယ့် အခြေအနေတစ်ခုကို လက်ခံတာထက် ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးယူနိုင်ခြင်း။

Read-အလုပ်များပြိုင်ဖက်များထက်သာနေစေဖို့နည်းလမ်း ၄ ချက်

၆။ အငြင်းပွားဖွယ် အခြေအနေများကို ပါးနပ်စွာဖြေရှင်နိုင်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု မထိခိုက်အောင် ပြုလုပ်နိုင်ခြင်း။

၇။သူတစ်ပါးယုံကြည်လက်ခံမှုရှိအောင် ပြောဆိုနိုင်တဲ့စွမ်းရည် ပိုင်ဆိုင်ထားခြင်း။

၈။ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းများကို ရှာဖွေအားထုတ်ပြီး မိမိအရည်အချင်းများကို လည်းမြင့်မားလာအောင် အမြဲကြိုးစားနေခြင်း။

၉။ကိုယ်တာဝန်ယူထားတဲ့ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုရှိပြီး တာဝန်ယူလိုစိတ်အပြည့်အ၀ရှိခြင်း။

၁၀။အကောင်းမြင်စိတ်နဲ့ မိမိကိုယ်ကို အမြဲယုံကြည်မှုထားရှိခြင်း။

Source; Inc.southeastasia

Read times
Rate this item
(3 votes)