-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခရီးသွားခြင်းကြောင့်ရရှိလာမယ့် အောင်မြင်မှု

ခရီးသွားခြင်းကြောင့်ရရှိလာမယ့် အောင်မြင်မှု google.com

အောင်မြင်မှုကို တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း တူညီချင်မှတူညီမှာပါ။ ဒါပေမဲ့ အောင်မြင်မှု ရရှိဖို့အတွက် ခရီးသွားခြင်းကများစွာ အထောက်အကူပေးနိုင်ပါတယ်။

ကမ္ဘာကြီးကစာအုပ်တစ်အုပ်ဆိုလျှင် ခရီးသွားခြင်းက စာဖတ်ခြင်းလို့တင်စားနိုင်ပါတယ်။ သင်ရော ကမ္ဘာကြီးရဲ့စာရွက် ဘယ်နှရွက်လောက် ဖတ်ပြီးပြီလဲ။ တစ်နှစ်ပတ်လုံး ခရီးသွားနေရမယ်လို့မဆိုလိုပါဘူး။

သို့သော်တစ်နှစ်ကို နှစ်ခါလောက်တော့ ခရီးထွက်စေချင်ပါတယ်။ သင်ဟာခရီးသွားရတာကို ခုံမင်သူဆိုလျှင် ခရီးသွားခြင်းနှင့်အောင်မြင်ခြင်းက ဘယ်လောက်ထိဆက်စပ်မှုရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

  • ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့နေရာဒေသများသို့ ခရီးထွက်ခဲ့ရင်တောင် အဆင်ပြေဆုံးဖြစ်နိုင်မယ့် နေထိုင်ရန်နည်းလမ်းများကို သိရှိခြင်း။ကိုယ့်အားကိုယ်ကိုးပြီး သွားရခြင်းကြောင့် မရေတွက်နိုင်သော အတွေ့အကြုံများကို သင်ယူနိုင်ခြင်း။ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်း။ ဒါတွေဟာ သင့်စီးပွားရေးလုပ်ငန်းနှင့်  ခေါင်းဆောင်နိုင်မှုအတွက် များစွာအထောက်အကူပြုမှာပါ။
  •  ငြီးငွေ့ဖွယ်ကောင်းသော နေရာမှခဏလေးရုန်းထွက်ပြီး အသစ်သစ်သော အလှအပ ထူးဆန်းဖွယ်ရာများနဲ့ တွေ့ဆုံဖို့ ခရီးသွားလိုက်ပါ။ သင့်ဦးနှောက်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြင့်တက်စေနိုင်မှာပါ။
  • တစ်ချို့ခရီးကြမ်းတွေကြောင့် သင်စိတ်ပင်ပန်းရတာမျိုးလည်း ကြုံရမှာပါ။ ဒီလိုအတွေ့အကြုံတွေဟာ ကိုယ့်စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ပြီး ပျော်ရွှင်မှုရရှိအောင်နေထိုင်နိုင်မယ့် အကောင်းဆုံး အတွေ့အကြုံတွေပါ။
  • ရိုးရာယဉ်ကျေးမှု မတူညီသည့် နေရာများသို့ သွားရောက်ခဲ့လျှင်လည်း အမျိုးမျိုးသောလူများနဲ့ ပြောဆိုဆက်ဆံရသောကြောင့် သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်လာစေမှာပါ။ ဒါတင်မကဘဲ လူကဲခတ်နည်းလည်း အလိုလိုတတ်မြောက်လာမှာပါ။
  • အရမ်းချမ်းသာလို့ ခရီးထွက်တာမျိုးမဟုတ်ပေမဲ့ ဒီလိုသွားလာခြင်းကြောင့် ပိုက်ဆံကို ချွေတာသုံးစွဲနည်းနဲ့ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်သူများဖြစ်လာမှာပါ။
  • ခရီးသွားလာခြင်းကြောင့် ရရှိလာမယ့် ဗဟုသုတများကို အသုံးချပြီးစီးပွားရေးပြုလုပ်နိုင်မယ့် အခွင့်အလမ်းကောင်းများ၊ အဆက်အသွယ်များလည်း ရရှိလာနိုင်မှာပါ။
  • ခရီးထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကို ဖြစ်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ တိုးတက်ကောင်းမွန်လာမှုကို သင်ခံစားရမှာပါ။
  •  ခရီးရှည်တွေ သွားခြင်းကြောင့် အစီအစဉ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲနိုင်မှု တွင်လည်းတိုးတက်မှုများ ရှိနိုင်ပါတယ်။
  • ခရီးတိုလေးတစ်ခုထွက်ခဲ့ရင်တောင် ဘယ်နေရာတွေသွားမယ်၊ ဘယ်မှာနေမယ်၊ ဘာစားမယ် အခြားအသေးအဖွဲ ဆုံးဖြတ်ချက်များကို သင်ပြုလုပ်ရမှာပါ။ ဒါဟာသင့်ကို decision maker ကောင်းတစ်ဦး ဖြစ်လာအောင် လေ့ကျင့်နေခြင်းနဲ့တူပါတယ်။                                                   Source; lifehack
Read times
Rate this item
(4 votes)