-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့

ရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့ google.com

ရင့်ကျက်သူတစ်ယောက် ဖြစ်လာဖို့ အသက်အရွယ် အပိုင်းအခြားနဲ့တော့ အကုန်လုံးမဆိုင်ပါ။ ဗဟုသုတ၊ကြိုးစားမှု အတွေ့အကြုံ၊ စိတ်ဓါတ်ကြံခိုင်မှုပေါ်မူတည်နိုင်ပါတယ်။

ဖော်ပြပါ အပြုအမူတွေကို သင်လုပ်ဆောင်နိုင်ပြီလား။ ကိုယ်တိုင်ပြန်ဆန်းစစ်ကြည့်ပါ။

၁။ကိုယ်မနှစ်သက်တဲ့ မေးခွန်းမျိုးအမေးခံရတဲ့အခါ မေးသူကိုတည့်တည့်စိုက်ကြည့်ပြီးပြုံးပြပါ။

၂။ကိုယ့်ဘ၀အတွက် ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမှတ်ပါ။ နောင်တဆိုတဲ့ အရာအတွက် ကုထုံးမရှိဘူးဆိုတာ ကိုယ့်ကိုယ်ကို အမြဲသတိပေးပါ။

၃။ကံကြမ္မာက ကိုယ့်ကိုရက်စက်နေတာ မဟုတ်ပါဘူး။ ကိုယ်ကြိုးစားမှု မလုံလောက်သေးတာပါ။

၎။ လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ ထွက်သွားခွင့်ပေးပါ။
 တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

၅။ကိုယ်ပြုလုပ်လိုက်တဲ့ အမှားတွေအတွက် ဆင်ခြေကိုဘယ်တော့မှ မရှာဖွေပါနဲ့။ အောင်မြင်သူများက ဆင်ခြေတွေ နားထောင်ရတာ မကြိုက်နှစ်သက်ကြလို့ပါ။

၆။ "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ "ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

၇။ရပ်တန့်မှု မရှိတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါစေ။ ဘ၀အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။

၈။လူတစ်ယောက်ရဲ့ အပြင်ပိုင်းပုံစံကို တစ်ခုတည်းကိုကြည့်ပြီး ဘယ်တော့မှ ဆုံးဖြစ်ချက်တစ်ခုကို လွယ်လွယ်မချမှတ်ပါနဲ့။

၉။အတိတ်မှာ ဖြစ်ပျက်သမျှကို သင်မမေ့နိုင်ရင်လည်းရပါတယ်။ မလွှတ်တမ်းဆုပ်ကိုင်ထားတာမျိုးတော့ မလုပ်ပါနဲ့။

၁၀။ကိုယ်မပိုင်တဲ့ ပစ္စည်းတစ်ခုကို  လိုချင်တပ်မက်ချင်တဲ့စိတ်ကို စွန့်လွှတ်ပါ။

၁၁။သင့်ကိုယ်သင်တွေးထင်ထားသလောက် အရေးပါတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ သတိပြုပါ။

၁၂။ကိုယ့်ကိုယ်ကို အားလပ်ချိန်လေးပေးပါ။

၁၃။ လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့။

Source;May Dim’s Notebook

Read times
Rate this item
(1 Vote)