-->
×

Warning

JUser: :_load: Unable to load user with ID: 29


နေ့ရက်တိုင်း ပျော်ရွှင်ပါစေ

နေ့ရက်တိုင်း ပျော်ရွှင်ပါစေ google.com

လူသားတိုင်း စားဝတ်နေရေး၊ အခြားအခက်အခဲ ပြဿနာတွေကြားထဲမှာ လှုပ်ရှားရုန်းကန်နေရတာကြောင့် နေ့ရက်တိုင်းကို အခက်အခဲမရှိ သာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ လွယ်ကူရိုးရှင်းသော ကိစ္စရပ်တစ်ခုမဟုတ်တာတော့ အသေအချာပါ။

အထူးသဖြင့် တနလာင်္နေ့လိုနေ့မျိုးဟာ အားလုံးအတွက် အလုပ်ရှုပ် စိတ်ပင်ပန်းသော နေ့ရက်တစ်ရက်ဆိုလည်း မမှားနိုင်ပါ။ သို့သော် စိုးရိမ်ပူပန်စိတ်တွေနဲ့ အမြဲမနေထိုင်မိစေပါနဲ့။

ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း အနည်းနဲ့ အများလှုပ်ရှား ရုန်းကန်နေရတာပါ။

ကိုယ်တစ်ယောက်တည်း မတရားကြိုးစား အားထုတ်နေရတာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ရခဲလှတဲ့ လူဘ၀ကြီးမှာ ပျော်ရွှင်ပြီး နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိစွာ နေထိုင်နိုင်ဖို့အတွက် နည်းလမ်းကောင်းများကို  ဖော်ပြပေးလိုက်ပါတယ်။

v  တစ်နေ့တာလုံးလန်းဆန်းပြီး အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နိုင်ဖို့ဆိုတာ မနက်ပိုင်းသင်နိုးထလာတဲ့ အချိန်နဲ့အများကြီး သက်ဆိုင်ပါတယ်။

ညပိုင်းထဲက ကြိုတင်ပြင်ဆင်မှုမရှိ မနက်ကျမှ “ငါနောက်ကျနေပြီ…….” အရပ်ကူပါ၊လူဝိုင်းပါ အခြေအနေတွေနဲ့ စတင်တတ်တဲ့သူလား။

အခြားဆန့်ကျင်ဘက် အခြေအနေတစ်ခုနဲ့ နှိုင်းယှဉ်လုပ်ဆောင်ကြည့်ပါ။ စိတ်တည်ငြိမ်အေးချမ်းမှု ရရှိပြီး သင့်မနက်ခင်းတိုင်း လှပလာပါလိမ်မယ်။

v  Real food တွေကိုစားသုံးပါ။ ဥပမာ-ပန်းသီး(real food),pizza(not real food)

v  စိုးရိမ်ပူပန်စိတ်များပြီး အလုပ်ကို အစီအစဉ်မကျပြုလုပ်တတ်တဲ့ အကျင့်ကို ပြုပြင်ယူပါ။

v  ကိစ္စရပ်တစ်ခုကို မကြိုးစားရသေးဘဲနဲ့ “မဖြစ်နိုင်ဘူး မသိဘူး မလုပ်နိုင်ဘူး” လို့ပြောတာကို အမြဲတမ်းမဟုတ်ရင်တောင် ပြောဖူးကြမှာပါ။

သင်ကမဖြစ်နိုင်ဘူးလို့ စဉ်းစားမိတဲ့အခါ သင့်ဦးနှောက်က ဖြစ်နိုင်ချေတွေကို မစဉ်းစားပေးတော့ပါဘူး။ ဒါ့ကြောင့် သင့်ဦးနှောက် စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်တဲ့ အတွေးတွေကို ရပ်တန့်လိုက်ပါ။

v  ပျော်ရွှင်မှုတွေက အပြုံးကိုဖြစ်စေနိုင်သလို၊ သင့်ရဲ့အပြုံးတွေကြောင့် ပျော်ရွှင်မှုတွေ ဖြစ်ပေါ်စေတယ်။

v  အကောင်းမြင်စိတ်ကို လက်ကိုင်ထားပါ။ အကောင်းမြင်စိတ်နှင့်ယုံကြည်မှု ရှိခြင်းကြောင့် စိတ်ဖိဆီးမှု ကင်းဝေးပြီး ပျော်ရွှင်မှု ရရှိနိုင်မည့်အပြင် အခြားအကျိုးကျေးဇူးများလည်း ရရှိနိုင်မှာပါ။

v  အလုပ်တာဝန်တစ်ခုပြီးမြောက်သွားတိုင်း ကိုယ့်ကိုယ်ကို ချီးကျူးစကားဆိုပါ။ သင့်ကိုယ်သင့် ယုံကြည်မှုတွေရရှိလာပြီး နောက်တစ်နေအတွက် ခွန်အားတွေရလာမှာပါ။

v  ပျော်ရွင်စွာနေထိုင်တတ်သူများနဲ့ အကောင်းမြင်စိတ်ထားရှိသူများနှင့် မိတ်ဆွေဖွဲ့နေထိုင်ပါ။

လွယ်ကူရိုးရှင်းသော နည်းလမ်းများကို လိုက်ပါလုပ်ဆောင်ပြီး နေ့ရက်တိုင်း ပျော်ရွှယ်စရာကောင်းအောင် ကြိုးစားနေထိုင်ကြပါစို့။

 

Read times
Rate this item
(2 votes)