-->
×

Warning

JUser: :_load: Unable to load user with ID: 29


စာဖတ်အားကောင်းသူ တစ်ယောက်ဖြစ်လာရန်

စာဖတ်အားကောင်းသူ တစ်ယောက်ဖြစ်လာရန် google.com

စာဖတ်ခြင်းက ဘ၀တိုးတက်လာရန်အတွက် ကြီးမားတဲ့အထောက်အကူ တစ်ခုဆိုတာ အကုန်လုံးသိပြီးသားပါ။

သို့သော် ယခုနောက်ပိုင်း အင်တာနက်ခေတ်စားလာခဲ့ပြီး လူအများစုဟာ face book, twitter, You tube, game နှင့်အခြားsocial media များတွင်သာ အချိန်ကုန်ဆုံးလာကြပြီး စာဖတ်သည့် အလေ့အကျင့်များ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာပါပြီ။

“ဒီနေ့စာဖတ်သူဟာ နောက်တစ်နေ့တွင်ခေါင်းဆောင်ဖြစ်လာနိုင်သူတွေပါ

“စာအုပ်စာပေလောက် သစ္စာရှိတဲ့မိတ်ဆွေဆိုတာမရှိပါဘူး” စာဖတ်ခြင်းက သင့်အတွက် အဖိုးဖြတ်မရနိုင်တဲ့ ရတနာတစ်ပါးပါ။

စာအုပ်များဝယ်ပြီး အကြောင်းအမျိုးမျိုးပြ၍ စာမဖတ်ဖြစ်ဘဲ စာအုပ်စင်တွင် ဖုန်တက်ခံသိမ်းဆည်းထားသူများ လည်းရှိကြမှာပါ။

ဒီလိုဖုန်တက်မခံဘဲ ၀ယ်ယူထားသော စာအုပ်များကို အကျိုးရှိစွာ အသုံးချပြီး စာဖတ်အားကောင်းသူ တစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ယူ၍ ရပါတယ်။

၁။ဘ၀အတွက် ပန်းတိုင်သတ်မှတ်သလို စာအုပ်များစွာ ဖတ်လာနိုင်ရန် ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။ တစ်လမှာ သင်စာအုပ်ဘယ်နှအုပ်ဖတ်နိုင်မလဲ။ ကိုယ့်ကိုယ်ကိုပြန်မေးပါ။

ဒါဆိုတစ်နှစ်အတွင်းမှာဆိုရင် ဘယ်လောက်ပြီးနိုင်မလဲ ဆိုတာစာရင်းပြုစုထားပါ။ ထိုနည်းအတိုင်းပြုလုပ်မယ်ဆိုလျှင် သင်ဟာစာဖတ်ဝါသနာထုံသူ တစ်ယောက်ဖြစ်လာမှာပါ။

၂။စာဖတ်ချိန်အတွက် သီးသန့်အချိန်ဇယားပြုလုပ်ထားပါ။ သင့်ရဲ့အိပ်ချိန်၊ထမင်းစားချိန်တွေကဲ့သို့ပဲ စာဖတ်ချိန်ကို မပျက်ကွက်ပါစေနဲ့။သို့သော် သင့်အတွက် စာဖတ်လို့ဈာန်ဝင်မယ့် အချိန်ကိုလည်း သေချာရွေးချယ်တတ်ဖို့လိုပါတယ်။

မနက်စောစောမှာ စာဖတ်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

၃။သင်အရေးမကြီးဘူးလို့ ထင်နိုင်တဲ့နေရာရွေးချယ်ဖို့ပါ။စာဖတ်မယ်ဆိုပီး စာအုပ်ကိုင်ကာ TVရှေ့သွားဖတ်တာမျိုးကိုတော့ ရှောင်ကြဉ်ပါ။

စာဖတ်ခြင်းကို ပိုမိုစိတ်ဝင်စားစေပြီး သင့်အတွက်သက်သောင့်သက်သာရှိမယ့် အနေအထားတစ်ခုဆို ပိုကောင်းပါတယ်။

၎။အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ အိတ်ဆောင်စာအုပ်အသေးလေးတွေကလည်း သင်စာဖတ်အားကောင်းသူ တစ်ယောက်ဖြစ်လာဖိုအတွက် အကူအညီဖြစ်နိုင်ပါတယ်။

၅။စာကြည့်တိုက် မကြာခဏသွားပါ။ တစ်ချို့စာအုပ်များက အပြင်မှာသင်ဝယ်လို့မရနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အတွက် အကျိုးရှိပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ စအုပ်များကို သွားရောက် ရွေးချယ်ဖတ်မှတ်ပါ။

Source; Success

Read times
Rate this item
(1 Vote)