-->
×

Warning

JUser: :_load: Unable to load user with ID: 29


အခြားသူတွေရဲ့အမြင်၊ဝေဖန်ပြောဆိုမှုတွေက သင့်ကိုလွှမ်းမိုးနေပြီလား

အခြားသူတွေရဲ့အမြင်၊ဝေဖန်ပြောဆိုမှုတွေက သင့်ကိုလွှမ်းမိုးနေပြီလား google.com

သင်ဟာ အခြားသူတွေရဲ့အမြင်ကို အလွန်ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်နေပြီလား။ သူတို့ရဲ့အမြင်တွေက သင့်ဘ၀ကို တိုးတက်ကောင်းမွန်စေပါသလား။

သင့်ကိုယ်သင်လောက် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်အကြောင်းကို အလုံးစုံမသိနိုင်ပါဘူး။လူ့သဘာဝအရတော့ ပါတီတစ်ခုမှာပါဖြစ်ဖြစ်၊ အလုပ်သစ်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုဂရုစိုက် ချီးကျူးခံချင်ကြပါတယ်။

သို့သော် အခြားသူများရဲ့ အမြင်နဲ့ဘ၀ကိုတည်ဆောက်ခြင်းဟာ ရှေ့ဆက်လျှောက်ရမယ့် အနာဂါတ်ခရီးလမ်းမှာ ယုံကြည်မှုတွေပြိုလဲသွားစေနိုင်ပါတယ်။

ဒါ့ကြောင့် အခြားသူများရဲ့ အမြင်ကိုဂရုစိုက်တာရပ်တန့်ဖို့ လုပ်ဆောင်သင့်တာတွေက

v  ဖြစ်လာသမျှ အကျိုးဆက်တွေကို ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။

သင်ကိစ္စတစ်ခုကို စတင်လုပ်ဆောင်ပြီ ဆိုကြပါစို့။ သင့်ကို အပြုသဘောနဲ့ပြောဆို အကြံ့ပုတာတွေ၊ မနာလိုလို့ ဝေဖန်ပြောဆိုတိုက်ခိုက်မှုမျိုးတွေ ရှိလာမှာပါ။

ဒါတွေအားလုံးကို သင်ဂရုတစိုက် လိုက်ခံစားနေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာသမျှ ကောင်းကျိုး၊ဆိုးကျိုးတွေကို သူတို့ကမျှဝေခံစားမှာမဟုတ်ဘဲ သင်တစ်ယောက်တည်း ရင်ဆိုင်ရမှာပါ။

v  လူတိုင်းကို အမြဲတမ်း စိတ်ကျေနပ်ပျော်ရွှင်အောင် လုပ်ပေးနေစရာမလိုပါဘူး

သင်ရောက်ရှိတဲ့ နေရာတိုင်းမှာ လူအားလုံးရဲ့ပျော်ရွှင်ခြင်းတွေကို လိုက်ပါလုပ်ဆောင်နေရင်းကနေ သင့်ရဲ့ အိပ်မက်၊မျှော်လင့်ချက်၊ရည်မှန်းချက်နဲ့ အခြားအရေးကြီးကိစ္စများကို ပြုလုပ်ဖို့ မေ့လျော့တာမျိုး ဖြစ်နေပါလိမ့်မယ်။

သူတို့ရဲ့ကျေနပ်ပျော်ရွှင်ခြင်းအတွက် သင့်ရဲ့အောင်မြင်မှု၊ပျော်ရွှင်မှုတွေကို မစတေးလိုက်ပါနဲ့။

v  ဘယ်အရာက သင့်အတွက် အကောင်းဆုံးလဲဆိုတာသိအောင်လုပ်ပါ

ဘယ်သူမဆို အမှားတွေနဲ့တွေ့ဆုံရမှာ မလွဲဧကန်ပါ။ တခြားသူတွေရဲ့ အကြံပြုချက်တွေကို သင်နားထောင်နိုင်ပါတယ်။

သို့သော်တစ်ထပ်တည်းကျအောင် လိုက်လုပ်စရာမလိုပါဘူး။ ဘယ်လိုဆုံးဖြတ်ချက်မျိုးက အကောင်းဆုံးဖြစ်နိုင်လဲဆိုတာ သင့်ကိုယ်သင်သိအောင်ကြိုးစားသင်ယူပါ။

v  ဘ၀ကိုလွတ်လပ်စွာရှင်သန်ပါ

သင်လုပ်လိုက်တဲ့အရာတိုင်း ကောင်းဖို့ဖြစ်လာတာဆိုတဲ့ ခံယူချက်မျိုးထားပါ။ အရမ်းစိုးရိမ်စိတ်များပြီး သောကဖြစ်မခံပါနဲ့။

သင့်မှာ အပြုံးတွေရှိမှ လောကကြီးကသင့်ကို အပြုံးတွေ သယ်ဆောင်လာပေးမှာပါ။

Source; Beauty & Tips

Read times
Rate this item
(2 votes)