-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘ၀စာမျက်နှာတွေကို အတောက်ပဆုံးဖြစ်အောင် ပြုလုပ်ပေးမည့် ခက်ခဲတဲ့ဆုံးဖြတ်ချက်များ

ဘ၀စာမျက်နှာတွေကို အတောက်ပဆုံးဖြစ်အောင် ပြုလုပ်ပေးမည့် ခက်ခဲတဲ့ဆုံးဖြတ်ချက်များ google.com

ဆုံးဖြတ်ချက်ဆိုတဲ့ စကားလုံးကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်နေကြမှာပါ။ဆုံးဖြတ်ချက်တစ်ခုက ဘ၀ကြီးကို ဆန့်ကျင်ဘက် အနေအထားတစ်ခုသို့ လုံးဝပြောင်းလဲနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ခက်ခဲတဲ့ဆုံးဖြတ်ချက် မဟုတ်ရင်တောင် နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ဆုံးဖြတ်ချက် တွေကိုတော့ သင်ပြုလုပ်နေရမှာပါ။ ရုတ်တရက်ဖြစ်ပေါ်လာသော ကိစ္စရပ်များကြောင့် အလျင်စလိုဆုံးဖြတ် ရသည်များလည်း ရှိမှာပါ။

သို့သော် ဖြတ်ချက်တစ်ခုကိုချပြီဆိုကတည်းက အောင်မြင်မှု၊ အကျိုးအမြတ်များနိုင်သည်များကို ရှေးရှူပြီးပြုလုပ်ကြမှာပါ။

“သင့်ရဲ့တစ်ခဏတာ စိတ်ခံစားချက်ကြောင့် တစ်ဘစာအတွက် ဆုံးဖြတ်ချက်များကို မပြုလုပ်လိုက်ပါနဲ့”

“အောင်မြင်သူတွေဟာ သူတို့ရဲ့အနာဂါတ်ကို ရည်ရွယ်ပြီးဆုံးဖြတ်ချက်များကို ချမှတ်သော်လည်း၊ ဆန့်ကျင်ဘက်အနေအထားမှာ ရှိနေသူတွေကတော့ သူတို့ရဲ့ လတ်တလော အခြေအနေကိုခံစားပြီး ဆုံးဖြတ်ချက်တွေ ပြုလုပ်လေ့ရှိကြတယ်”

စာဖတ်သူအားလုံးကိုယ်တိုင်ကော ကိုယ်တိုင်ပြုလုပ်ရမယ့် ဆုံးဖြတ်ချက်များကို ဘယ်လိုကိုင်တွယ် ဖြေရှင်း ကြမလဲ။ဘ၀မှာသင်မဖြစ်မနေချမှတ်ရမယ့် ဆုံးဖြတ်ချက်(၁၀)ခုထဲမှ (၃)ခုကိုဖော်ပြပေးလိုက်ပါတယ်။

 ၁။တက္ကသိုလ်၊မေဂျာရွေးချယ်ခြင်း

အားလုံးနီးပါး ကျော်ဖြတ်ရင်ဆိုင်ရမယ့်အချိန်ပါ။ သင်အရွယ်ရောက်လာပြီး ဆုံးဖြတ်ရမယ့်ခက်ခဲတဲ့ဆုံးဖြတ်ချက် တစ်ခုလို့ဆိုနိုင်ပါတယ်။ မိဘတွေ၊ သူငယ်ချင်းတွေရဲ့စွဲဆောင်စည်းရုံးမှုနောက်လို လိုက်မှာလား။

သင်ငယ်စဉ်ကတည်းက အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်ကိုထောက်ပံ့ပေးနိုင်တဲ့ အရာကိုစဉ်းစားပြီး ရွေးချယ်ဆုံးဖြတ်မှာလား။

ဘယ်ပေါင်းစုံကနေ စဉ်းစားပြီးရွေးချယ်ခြင်းဟာ သင့်ကိုအကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုချမှတ်နိုင်အောင် ကူညီပေးနိုင်မှာပါ။အကြံဥာဏ်ကောင်းတွေကို သင်ရယူနိုင်ပါတယ်။

သို့သော် အချိန်ကုန်ပြီး သင့်အတွက်အကျိုးမရှိလာနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုမချမိအောင် သေချာစဉ်းစားပါ။

၂။အသက်မွေးဝမ်းကြောင်းအလုပ်ရွေးချယ်ခြင်း

သင်ကျောင်းမပြီးခင်(သို့မဟုတ်)ကျောင်းပြီးသွားသည့် အချိန်မှာကြုံလာရမယ့် ဒုတိယဆုံးဖြတ်ချက်တစ်ခုပါ။ ဥပမာ-သင်ကအင်ဂျင်နီယာဖြစ်ချင်တယ်။

ရည်မှန်းချက်အတိုင်းပဲ အင်ဂျင်နီယာဖြစ်လာတယ်။ ဒီလိုလူမျိုးတွေ အတွက်ကတော့ ပြဿနာကြီးကြီးမားမားမရှိနိုင်ပါဘူး။

ဆန့်ကျင်ဘက်အနေအထားတစ်ခုအနေနဲ့ ၀ါသနာနဲ့ မကိုက်ညီဘဲဘွဲ့ရပီးချိန်မှာတော့ သင်အသက်မွေးဝမ်းကြောင်းအလုပ်ရွေးချယ်နိုင်ဖို့အတွက် အခက်တွေ့လာ နိုင်ပါတယ်။

သင်နဲ့အတူဘွဲ့ရတဲ့ သူငယ်ချင်းတွေကတော့ အလုပ်အကိုင်ကိုယ်စီဖြစ်နေချိန် ကိုယ်ဟာ အလုပ်လက်မဲ့ဆို စိတ်ဓါတ်ကျစရာအချိန်တွေလည်းကြုံလာနိုင်ပါတယ်။ဒီအချိန်မှာဆိုရင်တော့ သင်ဟာ ဘာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲဆိုတာ သေချာသိဖို့လိုနေပါပြီ။

သူများနောက်ကို နားယောင်ဖို့ အချိန် မဟုတ်တော့ပါဘူး။ဘ၀ကိုတိုးတက်မှုလမ်းကြောင်း တစ်ခုပေါ်တင်ပေးနိုင်မယ့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို ခေါင်းအေးအေးထားပြီး သေချာစဉ်းစား ဆုံးဖြတ်ချက်ချပါ။

၃။အလုပ်ပြောင်းရွှေ့ခြင်း

လူအများစုရဲ့ဘ၀မှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ အလုပ်ပြောင်းခဲ့ကြမှာပါ။ ဒီလိုအလုပ်ပြောင်းကြတဲ့အခါ ကိုယ်ဘယ်လိုအကြောင်းအရာတွေကို စဉ်းစားဆုံးဖြတ်ပြီး ပြောင်းလဲမလဲ။

ဝင်ငွေတစ်ခုတည်းကို ကြည့်ပြီး ပြောင်းမှာလား။ ကိုယ့်ရဲ့ဝါသနာ၊ရည်မှန်းချက်တွေနဲ့ ထပ်တူညီတာကြောင့်လား။ အားလုံးတစ်ထပ်တည်း ကျနိုင်ဖို့ဆိုတာတော့ မလွယ်ကူနိုင်ပါဘူး။

ဒီလိုခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုတော့ သင့်ရဲ့ရေရှည်planတစ်ခုကို မူတည်ပြီး ဆုံးဖြတ်စေချင်ပါတယ်။

Source; lifehacker

Read times
Rate this item
(1 Vote)