-->
×

Warning

JUser: :_load: Unable to load user with ID: 29


Self-Confidence ကိုပြိုလဲသွားစေနိုင်တာတွေ

Self-Confidence ကိုပြိုလဲသွားစေနိုင်တာတွေ google.com

မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်းဟာ အားလုံးအတွက်မရှိမဖြစ်လိုအပ်တဲ့ စိတ်စွမ်းအင်တစ်ခုပါ။

“ယုံကြည်မှုတွေက သင့်ကိုအောင်မြင်ခြင်းတွေတော့အဆင်သင့်ယူဆောင်လာပေးမှာ မဟုတ်ပါဘူး။ အနာဂါတ်မှာ တွေ့ကြုံလာရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် စွမ်းအားတွေ ရရှိစေမှာပါ”

လူတစ်ယောက်မှာ မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ရန် ခက်ခဲပြီးအချိန်ယူရသော်လည်းထိုယုံကြည်မှုတစ်ခု ပျက်ဆီးသွားစေဖို့က နာရီပိုင်းမျှတောင် ကြာမြင့်မည်မဟုတ်ပါ။သင်ခက်ခဲစွာတည်ဆောက်ထားရတဲ့ ယုံကြည်မှု

တွေကို ပျက်သုဉ်းသွားစေနိုင်တဲ့ တွေးခေါ်မှုပေါင်းများစွာ၊အပြုအမူပေါင်းများစွာနဲ့ အခြားအကြောင်းတရား များစွာ ရှိပါတယ်။ ထိုအကြောင်းတရားအများကြီးထဲကမှ သင့်ယုံကြည်မှုသေဆုံးသွားစေနိုင်တဲ့ အပြုအမူ အနည်းငယ် ကိုဖော်ပြပေးလိုက်ပါတယ်။

သူတစ်ပါးကို မှီခိုလွန်းခြင်း

သင်မွေးလာတုန်းကလည်း တစ်ယောက်ထဲပဲ၊ သေဆုံးသွားလျှင်လည်း တစ်ယောက်ထဲပါ။ ဒါဆိုဘာကြောင့် ကိုယ့်ရဲ့ကိစ္စအ၀၀အတွက် သူတစ်ပါးကို မှီခိုဆုံးဖြတ်ခိုင်းနေမလဲ။ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားကြည့်ပါ။ သင့်အံ့သြလောက် တဲ့ စိတ်ဓါတ်ခွန်အားတွေ ရရှိလာပြီး ယုံကြည်မှုတည်ဆောက်နိုင်မှာပါ။

ဆင်ခြေပေးလွန်ခြင်း

ဒီအလုပ်ကို လုပ်ဖို့အတွက် ကျွန်တော့်မှာ အချိန်မရှိဘူး။ ဒါလုပ်ဖို့အတွက် အဆင်မပြေနိုင်ဘူး စသဖြင့်ဒီလို ဆင်ခြေတွေကို ကြားဖူးမှာပါ။ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှု ဘာမှမပြရသေးဘဲနဲ့ ဒီလိုတွေပြောခြင်းဟာ သင့်မှာ ယုံကြည်ချက်မရှိကြောင်း ပြသနေတာပါ။

သင်ယူမှုမရှိခြင်း

လူဆိုတာတစ်ခုခုကို အမြဲသင်ယူနေရမှ တိုးတက်မှုတွေရှိလာနိုင်မှာပါ။ ကိုယ့်အရည်အချင်းတွေကို အရောင်ထွက်စေမယ့် skillတွေကို သင်ယူမှုမရှိခြင်းဟာ လူအများအလယ်မှာ ရဲဝင့်မှုမရှိဘဲ ယုံကြည်မှု လျော့နည်းစေနိုင်တဲ့ အကြောင်းတရားတစ်ခုပါ။

အမှားတစ်ခုကို လက်ကိုင်ထားခြင်း

ကိုယ်လက်ခံယုံကြည်ထားတဲ့ အရာတစ်ခုက အမှားဆိုသည့်တိုင်အောင် ဖက်တွယ်ထားတတ်တဲ့ တစ်ယူသန်လူမျိုးတွေ တွေ့ဆုံဖူးမှာပါ။ဆန့်ကျင်ဘက်အနေနဲ့ ကိုယ့်ကိုယ်ယုံကြည်မှုရှိသူတွေဟာ အမှားတစ်ခုဆိုရင်တောင် ရဲ့ဝံစွာပြင်ဆင်ပြောင်းလဲနိုင်သူတွေပါ။

Source;kickvick

Read times
Rate this item
(2 votes)