-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ပိုင်ဆိုင်ထားတဲ့ ဆောင်ပုဒ်တွေက သင့်ကိုအောင်မြင်ခြင်းလှေကားထစ်တွေထံသို့ တွန်းပို့နေခြင်း

သင်ပိုင်ဆိုင်ထားတဲ့ ဆောင်ပုဒ်တွေက သင့်ကိုအောင်မြင်ခြင်းလှေကားထစ်တွေထံသို့ တွန်းပို့နေခြင်း google.com

လူတစ်ဦးမှာတော့ သူတို့ယုံကြည်ပြီး လက်ခံကျင့်သုံးတဲ့ ဆောင်ပုဒ်တစ်ခုတော့ အနည်းဆုံးရှိကြမှာပါ။ သူတို့အားကျရပြီး အောင်မြင်ကျော်ကြားသော လူများပြောလေ့ရှိသည့် မှတ်သားဖွယ်စကားများကို  လေးစားအတုယူ လိုက်နာလုပ်ဆောင်တတ်သူများလည်းရှိပါတယ်။ ထိုနည်းလမ်းများအတိုင်း အမှန်တကယ် လိုက်ပါလုပ်ဆောင်လျှင် အောင်မြင်နိုင်မည်ဟု သူတို့ယုံကြည်ကြသည်။

သို့သော်အများစုသတိမထားမိတာက သူတို့မှာရှိထားပိုင်ဆိုင်ထားတဲ့ဆောင်ပုဒ်တွေကိုပါ။

“Do it Now”   ခုချက်ချင်းလုပ်ပါ။ ဒါဟာမည်သူမှ ပြောစရာမလိုဘဲ သင့်ကိုသင်နေ့စဉ် သတိပေးနိုင်မယ့် ဆောင်ပုဒ်တစ်ခုပါ။ မည်သည့်အလုပ်မဆို အချိန်ဆွဲပြီးအီးရောအီးရော လုပ်တတ်သူတစ်ယောက်ဖြစ်နေပြီလား။ ဒီလိုတွေးခေါ်ပြီးပျင်းရိနေခြင်းက သင့်ကိုကျရှုံးခြင်းလှေကားထစ်ဆီသို့ ဆွဲခေါ်နေတာပါ။သင်မကြိုဆိုဘဲနဲ့တော့ ဒီအတွေးသင့်ခေါင်းထဲရောက်မလာနိုင်ပါ။ဒီအတွေးက သင့်ထံသို့ကောင်းသောလာခြင်း မဟုတ်ပါ။ မကောင်တဲ့ အတွေးကို သင်တိုက်ထုတ်ပစ်နိုင်ဖို့ “Do it Now”   ဆိုတဲ့တန်ဖိုးရှိသော ဆောင်ပုဒ်လေးနဲ့ အမြဲသတိပေးနေပါ။

“I know I can ” ငါရဲ့လုပ်နိုငိစွမ်းကိုငါသိတယ်။ဒီဆောင်ပုဒ်လေးကတော့ သင့်ကိုယုံကြည်မှုတွေ တိုးပွား လာစေမှာပါ။ ဘယ်အရာမှစတင်မလုပ်ဆောင်ခင် စိတ်ပျက်အားလျော့တဲ့ အတွေးမျိုး ခံစားချက်မျိုးတွေ မထားပါနဲ့။ သင်ကိုယ်တိုင်ကျရှုံးခွင့်ပြုမှ အရာအားလုံးဟာကကျရှုံးသွားမှာပါ။ သင်ကြိုးစားလုပ်ကိုင်နေတဲ့ ကာလ တစ်လျှောက်လုံးမှာဆိုရင် သင့်ရဲ့အောင်မြင်မှုအိမ်မက် ပန်းလေးကတော့ အမြဲပွင့်လန်းနေမှာပါ။

“I deserve this”   ဒါတွေနဲ့ထိုက်တန်တယ်။ တစ်ခါတစ်ရံအောင်မြင်မှု တစ်ခုရလာဖို့အတွက် ပေးဆပ် ရတာတွေ များလာတဲ့အခါ ငါဒီလိုပေးဆပ်နေရတာ တန်ရဲ့လားဆိုတဲ့ အတွေးတွေ တွေးမိတတ် ကြပါတယ်။ တစ်ခုကိုလိုချင်လျှင် တစ်ခုကိုပြန်ပေးဆပ်ရတာ လောကကြီးရဲ့ အမှန်တရားပါ။ ငါ့ကျမှကွက်ပြီး ကံတရားရဲ့ လှည့်စားခြင်းကို ခံရပါလားလို့မစဉ်းစားပါနဲ့။ အောင်မြင်မှုရလာဖို့အတွက် သင်ပေးဆပ်ရတာတွေက ထိုက်တန်ပါတယ်။

Source; Success

Read times
Rate this item
(1 Vote)