-->
×

Warning

JUser: :_load: Unable to load user with ID: 29


အဆိပ်နဲ့တူသောလူများ

အဆိပ်နဲ့တူသောလူများ google.com

ကျွန်တော်တို့လူသားတွေဟာ မတူညီမှုတွေစုပေါင်းထားသော ကမ္ဘာကြီးမှာရှင်သန်နေထိုင်နေကြတာပါ။ အလားတူပင် ကျွန်တော်တို့ပေါင်းသင်းဆက်ဆံပြောဆိုရသော လူတွေမှာလည်း အရောင်အသွေးစုံလင် လှပါတယ်။ ဒီရောင်စုံလူတွေကြားထဲမှာမှ ကျွန်တော်တို့ရဲ့မိတ်ကောင်းဆွေကောင်းများရှိသကဲ့သို့ ကျွန်တော်တို့ ဘ၀ကို အနှောက်အယှက်များစွာပေးနိုင်ပြီး အောင်မြင်မှုအတွက်အတားအဆီးဖြစ်နိုင်သည့် အဆိပ်နဲ့တူသော လူများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ရန်မူတတ်သောသူ

သူတို့ရဲ့အမှားတွေအတွက် ဆင်ခြေပေါင်းများစွာ ရှာဖွေတတ်ပြီး အများသူငှာကို အမြဲတမ်းပြစ်တင် ပြောဆို တတ်သူတွေပါ။ကိုယ်လုပ်ထားတဲ့ အရာတစ်ခုကို တာဝန်ယူချင်စိတ်မရှိ။သူတစ်ပါးကို လက်ညှိုးထိုးဖို့ စဉ်းစားနေတတ်သူတွေပါ။ သင့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဒီလိုလူတွေရှိရင်တော့ အမြန်ဖယ်ထုတ်သင့်နေပါပြီ။

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသူတွေ

တစ်ပါးသူတွေရဲ့စကားကို ဘယ်တော့မှ နားထောင်လေ့မရှိ ကိုယ်ထင်ရာကိုယ်စိုင်းပြီးအမြဲလုပ်လေ့ ရှိသူတွေပါ။ ထိုသူတွေဟာသင့်ရဲ့ကိုယ်ပိုင်ဘ၀ကို စိတ်အနှောက်အယှက်ပေးနိုင်ပြီး စီးပွားရေးအသိုက်အ၀န်းမှာ ဒီလိုလူဟာ အိပ်မက်ဆိုးတစ်ခုအနေနဲ့ ဖြစ်နေမှာပါ။

အပျက်သဘောဆောင်တတ်သူ

မည်သည့် အကြောင်းအရာကိုမဆို အပြုသဘောဆောင်ဆွေးနွေးတတ်သူတွေမဟုတ်ပါ။ တစ်ခါတစ်ရံ သူတို့အပျက်သဘောဆောင်တတ်မှုတို့ကြောင့် သင့်ရဲ့စွမ်းအင်တွေစုပ်ယူသလို ခံစားသွားရမှာပါ။

အတင်းအဖျင်းပြောတတ်သူ

မကောင်းသတင်း၊ကောင်းသတင်းခွဲခြားမှုမရှိ ပါးစပ်အရသာခံပြောဆိုတတ်သူ လူတန်းစားတွေပါ။ ဒီလို လူမျိုးတွေ သူများအကြောင်းကိုယ့်ကိုလာပြောပြီဆို သတိထားပါ။ ကိုယ့်အကြောင်းကိုလည်း အတင်းအဖျင်း အနေနဲ့ ပြောဆိုတော့မှာပါ။ဒီလိုလူမျိုးတွေဟာ ကင်ဆာလိုပျံ့နှံ့လွယ်ပြီး သင့်ရဲ့လူမှုအသိုင်းအ၀ိုင်း၊လုပ်ငန်းခွင် တစ်ခုလုံးကို အပျက်သဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ်အောင်လျှင်မြန်စွာပြုလုပ်နိုင်စွမ်းရှိသူတွေပါ။

 လိမ်ညာတတ်သူ

အောင်မြင်မှုတစ်ခုရရှိလာဖို့အတွက် သင်ယုံကြည်စိတ်ချရတဲ့ အပေါင်းအသင်းမိတ်ဆွေများရှိဖို့ ကလည်း လိုအပ်ပါတယ်။လိမ်ညာတယ်ဆိုတာ ကိုယ်တိုင်ကအရင်ပူလောင်ရတာပါ။ကိုယ့်အတွက်၊ သူတစ်ပါးအတွက် နှစ်ဦးနှစ်ဖက် မကောင်းသောကိစ္စကို ပြုလုပ်တတ်တဲ့သူတွေကို အမြဲရှောင်ကြဉ်ပါ။

မာနကြီး ၊အထက်စီးဆန် ဆက်ဆံတတ်သူများ

မောက်မာမှုနဲ့အတူ၊ ယုံကြည်မှုလွန်ကဲခြင်းကို မရောထွေးလိုက်ပါနဲ့။ ယုံကြည်မှုရှိပါ၊ မာနရှိပါ။ သို့သော် အထက်ဆီးဆန်ပြီး ရိုင်းတဲ့ဘက်မရောက်ပါစေနဲ့။ဘယ်နေရာမှာမဆို သူသာလျှင်အတော်ဆုံးလို့ သွေးနထင်ရောက်နေတတ်သူတွေပါ။ဒီလိုလူတွေဟာ သင့်ရဲ့လုပ်ငန်းခွင်၊လူမှုပတ်ဝန်းကျင်ကို သက်သောင့်သက်သာမရှိအောင် ဖန်တီးနိုင်သူတွေပါ။

မနာလိုစိတ်ရှိသူ

မနာလိုစိတ်ရှိသူတွေက ရှေ့တွင်တော့သင့်ကိုကောင်းချီးပေးပြီး နောက်ကွယ်မှာ တိုက်ခိုက်ဖို့ ချောင်းမြောင်းနေသူတွေပါ။ သင်ဟာအဖွဲ့တစ်ခုကို ဦးစီးဦးရွက်ပြုလုပ်နေချိန်မှာ ဒီလိုလူမျိုးတွေမပါအောင် သေချာရွေးချယ်တတ်ဖို့လိုပါတယ်။

Source; Entrepreneur

Read times
Rate this item
(4 votes)