-->
×

Warning

JUser: :_load: Unable to load user with ID: 29


နောက်ပြန်လှည့်ခွင့်ရှိတယ်

နောက်ပြန်လှည့်ခွင့်ရှိတယ် google.com

ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ဘ၀ခရီးလမ်းကိုလျှောက်လှမ်းနေချိန်မှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တစ်ခု ရောက်ဖို့အတွက် အားလုံးသော ခရီးသည်တွေကတော့ ဘယ်တော့မှနောက်မဆုတ်ဘူး ရှေ့ဆက် သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာနေမှာပါ။

သို့သော် ဟိုင်းဝေးလမ်းမကြီးတွေပေါ်မှာတောင်ကားတွေအတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ပြန် လှည့်လို့ရနိုင်တဲ့ U-turn Ok ဆိုတဲ့ဆိုင်းဘုတ်တွေရှိတာကို သတိထားမိကြမှာပါ။

ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုပါပဲ။ ပုထုဇဉ်လူသားများဖြစ်တဲ့အတွက် မှန်ကန်သော အပြုအမူ၊ မှန်ကန်သော ဆုံးဖြတ်ချက်တွေကို ပြုလုပ်နေပေမဲ့လည်း တစ်ခါတစ်ရံ အမှန်တွေကို ထိုးဖောက်ကာ မမျှော်လင့်ဘဲ အမှားတွေကို ပြုလုပ်မိနိုင်ပါတယ်။

ဒီလိုအချိန်တွေကို ရောက်ခဲ့ပြီဆိုလျှင် သင့်ရဲ့စိတ်နှလုံးသားကို လိမ်ညာကာ အတင်းဇွတ်လျှောက်ဖို့ မကြိုးစားပါနဲ့။သင့်မှာနောက်ပြန်လှည့်ခွင့်ရှိတယ်။ နောက်ပြန်လှည့်လို့လည်းရပါတယ်။ ရည်မှန်းချက်၊ ရည်ရွယ်ချက်ခိုင်မာတဲ့သူတွေအတွက် ဒီလိုနောက်ပြန်လှည့်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်ခက်ခဲပါတယ်။နောက်ပြန်လှည့်ရလို့လည်း ကိုယ့်ကိုယ်ကို နာကျဉ်းစိတ်၊ မကျေနပ်စိတ်တွေနဲ့ ပိတ်လှောင်ထားတာမျိုး မလုပ်ပါနဲ့။

သို့သော်ငါ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်။ ဘယ်တော့မှ မမှားဘူး။ ဒီလိုမျိုးငါအတ္တစွဲနေတာတွေကိုလည်း မလုပ်ပါနဲ့။ အဖွဲ့တစ်ခုကို ဦးဆောင်နေတဲ့သူတစ်ယောက်သာဆိုလျှင် ဒီလိုဆုံးဖြတ်ချက်အမှားကြီးနဲ့ ရှေ့ဆက်သွားမယ် ဆိုရင် ကိုယ်တိုင်အတွက်ပါမက နောက်မှာရှိနေတဲ့ အဖွဲ့သားတွေအတွက်ပါ ဆုံးရှုံးမှုတွေရှိလာမှာပါ။

ကိုယ့်ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ရတာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုမဟုတ်တာ ဧကန်မုချပါ။ သူများတွေသင့်ကို လှောင်ပြောင်မှာကို လည်းစိုးရိမ်စရာမလိုပါဘူး။ သူများတွေက သင့်ဘ၀မှမဟုတ်တာ။

ကိုယ့်နှလုံးသားက မှားနေတယ်လို့နားလည်လက်ခံချိန်မှာ သင်ပြောင်းလဲလိုက်ခြင်းဖြင့် သင်ဟာ အပျော်ရွှင်ဆုံးလူသားဖြစ်လာမှာပါ။

မှန်ကန်သော ဆုံးဖြတ်ချက်၊ ကောင်းမွန်သော အရာတွေပဲ လုပ်ခဲ့တယ်လို့ သင်ခံစားမိတယ်ဆိုရင် အမြဲတမ်းစိတ်တည်ငြိမ် အေးချမ်းနေမှာပါ။

Read times
Rate this item
(3 votes)