-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားက သင်ပါ

ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားက သင်ပါ google.com

တစ်နေ့ တစ်နေ့ လူတွေရဲ့ ညဉ်းညူသံတွေ၊ အဆင်မပြေကြောင်းပြောဆိုသံတွေဟာ မနက်အာရုံနိုးထလာပြီး ညအိပ်စက်သည့်အချိန်ထိ ကြားနေရတာနားနဲ့မဆံ့အောင်ပါ။

ကမ္ဘာပေါ်မှာ သေချာတာကတော့ နေ့ရက်နှစ်ခုပဲရှိတာပါ။ ကောင်းသောနေ့နဲ့ မကောင်းသောနေ့ပါ။ ဒီလိုနေ့ရက်နှစ်ခုကွာခြားသွားရခြင်းဟာ တစ်ဦးနဲ့တစ်ဦး လောကကြီးကို ရှူ့မြင်ပုံ၊ သဘောထားပုံ၊ ခံယူချက်ထားပုံခြင်း မတူညီကြတာပါ။

တစ်ခါတစ်ရံ သင်စိတ်ပျက်နွမ်းလျှပြီး ငါဒီနေ့အကောင်းဆုံးဘာမှ မလုပ်နိုင်ခဲ့ဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတာမျိုးရှိခဲ့မှာပါ။

တကယ်တော့ ကမ္ဘာပေါ်မှာ သင်ဟာကံအကောင်းဆုံးလူသားပါ။ ယနေ့အထိ

သင့်ရဲ့နှလုံးခုန်သံတွေ ကြားနေရပြီး အသက်ရှူသံတွေမရပ်တန့်သေးဘူးဆိုရင်..........

သင်ဟာကမ္ဘာကြီးရဲ့ ၀င်သက်၊ထွက်သက် ဖြစ်တဲ့ နေ၀င်ချိန်၊ နေထွက်ချိန်တွေကို မြင်တွေ့နိုင်သေးတယ်ဆိုရင်..........

သင်ရဲ့ ဆံနွယ်တွေကို တိုးဝှေ့သွားတဲ့လေနုအေးလေးတွေကို ခံစားရချိန်၊ သင့်ရဲ့အရေပြားက နွေးထွေးတဲ့ နေရောင်ကို ခံစားရသေးတယ်ဆိုရင်..........

သင်စားသောက်ချင်တဲ့ အစားအစာတွေကို အရသာရှိရှိစားနိုင်သေးတယ်ဆိုရင်..........

သင် မနေ့ညက ဆာလောင်မွတ်သိပ်မှုတွေနဲ့ မအိပ်စက်ခဲ့ရဘူးဆိုရင်..........

သင်သန့်ရှင်းသောရေတွေကို သောက်သုံး ၊အသုံးပြုနေရသေးတယ်ဆိုရင်..........

သင်ကြိုက်နှစ်သက်တဲ့ အ၀တ်အစားတွေကို ရွေးချယ်ဝတ်ဆင်ခွင့် ရှိနေသေးတယ်ဆိုရင်..........

သင်ဝေဒနာခံစားရလျှင် ပြုစုစောင့်ရှောက်ပေးနိုင်မယ့် ကျန်းမားရေးဝန်ထမ်းတွေ ရှိနေသေးတယ်ဆိုရင်..........

သင်အင်တာနက်ကဲ့သို့ ခေတ်မှီတိုးတက်နေတဲ့ နည်းပညာအသစ်အဆန်းတွေကို ထိတွေ့ အသုံးပြုနေရ သေးတယ်ဆိုရင်..........

သင်စာအုပ်တွေဖတ်ပြီး သီချင်းတွေနားထောင်နေနိုင်သေးတယ်ဆိုရင်..........

သင်ချစ်ရတဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ပိုင်ဆိုင်ထားသေးတယ်ဆိုရင်..........

သင်ဘ၀ကြီးကို ရှင်သန်ရန် ကြောက်ရွံ့တုန်လှုပ်မှုတွေ  မရှိဘူးဆိုရင်..........

သင်လူတွေကို တတ်နိုင်တဲ့ ဘက်ကကူညီပေးနိုင်သေးတယ်ဆိုရင်..........

သင့်ရဲ့ကိုယ်ချင်းစာတရားတွေ မပျောက်ကွယ်သေးဘူးဆိုရင်..........

သင်ရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ လွတ်လပ်ခွင့်တွေအတွက် ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိနေသေးတယ်ဆိုရင်..........

ဒါတွေကိုသာ သင်ပိုင်ဆိုင်ထားတယ်ဆိုရင် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားကို အဝေးကြီးမှာ ရှာမနေပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်ဖြစ်နေလို့ပါ။

Myat

 

Read times
Rate this item
(0 votes)