-->
×

Warning

JUser: :_load: Unable to load user with ID: 29


အချစ်စစ်ရဲ့ အလှတရား

အချစ်စစ်ရဲ့ အလှတရား google.com

“သိမ်မွေ့နူးညံမှုတွေနဲ့ ထုံလွှမ်းထားတာအချစ်”

“အေးချမ်းပြီး လုံခြုံမှုတွေပြည့်နှက်နေတာလည်း အချစ်”

“သစ္စာဖောက်မှု၊ ရက်စက်ခြင်းတွေရှိနေတာလည်းအချစ်”

“တစ်ချို့ကြတော့လည်း ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်းတွေလို့ သတ်မှတ်ထားကြပြန်ရော”

အချစ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိ။

အသားရောင်မတူ၊ ဘာသာစကားမတူ၊ နေထိုင်ကြတဲ့ ရိုးရာဓလေ့တွေ မတူကြပေမယ့် တူညီတာတစ်ခုကတော့ ချစ်တဲ့စိတ်ရှိနေကြတာပါ။

လူတစ်ဦးနဲ့တစ်ဦး ချစ်သူရည်းစားလို ချစ်မှအချစ်မဟုတ်ပါဘူး။ ဘယ်လိုချစ်မေတ္တာပဲဖြစ်ဖြစ် အေးချမ်းပြီး နွေးထွေးမှုတွေ ပေးနိုင်တယ်ဆိုရင် အချစ်စစ်ရဲ့အလှအပတရားတစ်ခုဖြစ်လာမှာပါ။ သင့်မှာချစ်သူရည်းစား မရှိခဲ့ဘူးဆိုရင်တောင် သင်ဟာအချစ်တွေ ပြည့်နှက်နေတဲ့ အသိုင်းအ၀ိုင်းတစ်ခုမှာ နေထိုင်နေတာပါ။ သင့်ကိုနူးညံ့မှု၊ လုံခြုံစောင့်ရှောက်မှုတွေကို စမ်းရေလိုမပြတ်စီးဆင်းပြီးအေးချမ်းခြင်းကို ပေးစွမ်းနိုင်တဲ့ ငါးရာနှစ်ဆယ့်ရှစ် ချစ်မေတ္တာပိုင်ရှင်တွေ ရှိနေတာပါ။

ဒီလိုအချစ်တွေ မရယူမပိုင်ဆိုင်ခဲ့ဘူးဆိုလည်း သင်ကိုယ်တိုင်က ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ သင်ချစ်ခင်မြတ်နိုးပြီး သင့်ရဲ့စိတ်ပင်ပန်း နွမ်းလျှမှုတွေကို လျှော့ကျသွားနိုင်တဲ့ ချစ်စရာကောင်းတဲ့ သတ္တ၀ါလေးတွေရှိနေတာပါ။ သူတို့လေးတွေနဲ့ အဖ်ာပြုချစ်ခင်စွာ နေထိုင်ခြင်းကလည်း အချစ်စစ်ရဲ့အလှတရားတစ်ခုပါ။

ဒီလိုမှ မဟုတ်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်နေလို့ရတာပါပဲ။ သင့်ရဲ့အပြင်ပိုင်းကြံ့ခိုင်မှု၊ အတွင်းပိုင်း ကြံ့ခိုင်မှုတွေ ရအောင်ပြုလုပ်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ချစ်နေတာပါ။ သင့်ရဲ့ရည်မှန်းချက်၊ အိပ်မက်တွေကို ဖြစ်လာအောင်ကြိုးစားနေခြင်းကလည်း သင့်ကိုယ်သင်ချစ်နေနိုင်တဲ့ အလှအပတရားတစ်ခုပါ။ ဆန့်ကျင်ဘက်အနေနဲ့ ငါမှငါ ငါကောင်းတာတွေရမှ၊ ငါကောင်းတာတွေ စားရမှ၊ ငါအနိုင်ရမှဆိုပြီး တစ်ကိုယ်ကောင်းဆန်စွာ အတ္တကြီးစွာချစ်ခြင်းကတော့ စစ်မှန်စွာချစ်ခြင်းမဟုတ်ပါဘူး။

Read-Time, Knowledge & Love

Read times
Rate this item
(2 votes)