-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပိုက်ဆံတွေရင်းနှီးမြှုပ်နှံမှ အောင်မြင်မှုဆိုတာရှိလာမှာလား

ပိုက်ဆံတွေရင်းနှီးမြှုပ်နှံမှ အောင်မြင်မှုဆိုတာရှိလာမှာလား google.com

ပိုက်ဆံဆိုတာလူသားအားလုံးအတွက် သည်းခြေကြိုက်ပါ။ ဒီပိုက်ဆံတွေမရှိလို့ကလည်း နေ့စဉ်လူနေမှုဘ၀မှာ အဆင်ပြေနိုင်မှာ မဟုတ်နိုင်ပါဘူး။သို့သော် ကမ္ဘာပေါ်မှာရှိတဲ့အားလုံးသော အရာတွေကိုတော့ ဒီပိုက်ဆံဆိုတဲ့ အရာနဲ့ ကျွန်တော်တို့မ၀ယ်ယူနိုင်ပါဘူး။

လူတွေရဲ့သဘောသဘာဝအရတော့ ၀င်ငွေကိုသာချစ်မြတ်နိုးပြီး ထွက်ငွေကို မုန်းတီးတတ်တဲ့သူတွေပါ။ ပိုက်ဆံကိုရင်းပြီးမှ ပိုက်ဆံနဲ့အောင်မြင်မှုတွေ ရနိုင်မှာလား။ တစ်ချို့ နေရာတွေမှာတော့ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒီပိုက်ဆံတွေမရှိလျှင် အောင်မြင်မှုဆိုတာမရနိုင်တော့ဘူးလား။ ဒူးထောက်အရှုံးပေးရမှာလား။ မှားပါတယ်။ ပိုက်ဆံတွေမရင်းနှီးမမြှုပ်နှံဘဲသင့်ထံကို အောင်မြင်မှုနဲ့ပိုက်ဆံတွေ ရရှိနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးထားပါတယ်။

♦သင့်မှာပထမဦးဆုံးရှိရမယ့်အရာကတော့ သတ္တိပါ။အားလုံးသောလူတွေကတော့ မွေးကတည်းက ခွန်အားသတ္တိနဲ့ ပြည့်စုံကာ ငွေဇွန်းကိုက်ပြီး မွေးဖွားလာကြတာမဟုတ်ပါဘူး။ပင်လယ်လိုမာယာများပြီး တောင်တွေလို ခက်ခဲကြမ်းတမ်းစွာရှိနေတဲ့ ဘ၀ကြီးမှာအောင်မြင်နိုင်ရန် သတ္တိဆိုတာကိုသင်မွေးမြူ ထားရမှာပါ။

♦သင့်ရဲ့အလုပ်တွေကို smartကျစွာလုပ်ကိုင်ပါ။ ကြိုစားစွာလုပ်ကိုင်ပါ။ ဒီလိုရက်တွေကိုများစွာ ကျော်ဖြတ်ပြီးပြီဆိုရင်တော့ သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းဟာTime Management ဖြစ်လာမှာပါ။ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ သင်မှာရှိနေတဲ့စွမ်းရည်တွေကို လိုသလိုထုတ်သုံးနိုင်တဲ့ အရည်အချင်းတွေ ရလာမှာပါ။

♦အမိန့်ပေးခိုင်းမှလုပ်တတ်သော အကျင့်တွေကို ၀ဲပစ်လိုက်ပါ။ခေါင်းဆောင်စိတ်ဓါတ်  တွေကိန်းအောင်း နေပါစေ။ ဒီလိုစိတ်ဓါတ်ရှိခြင်းဟာ သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ လေးစားယုံကြည်မှုခံရပြီး အောင်မြင်မှုတွေ ရောက်ရှိလာမှာပါ။ အောင်မြင်မှုနောက်ကို ပိုက်ဆံဆိုတာအလိုလိုရောက်ရှိလာတတ်စမြဲပါ။

♦သင့်နားရွက်နှစ်ခုနဲ့ မျက်စိမှတင်ပို့သမျှတွေကို အကောင်းဆုံးဝေဖန်သုံးသပ်အကြုံပြုပေးနေတဲ့ ဦနှောက်ရဲ့စွမ်း ဆောင်ရည်တွေကိုလည်းမေ့မထားပါနဲ့။ သင့်အတွက်ဘုရားကပေးတဲ့ အကောင်းဆုံး လက်ဆောင်မွန်တစ်ခုပါ။ ဒီဦးနှောက်ကို ထိခိုက်ပျက်ဆီးအောင်ပြုလုပ်နေခြင်းဟာ သင့်ရဲ့ဝင်ငွေတွေကို ဖျက်ဆီးတာနဲ့တူတူပါပဲ။ သိန်းပေါင်းများစွာတန်တဲ့ ideaကောင်းတွေက ဒီထဲကပဲထွက်လာတာပါ။

♦သင်ဟာဘယ်လောက်ပဲ တော်တဲ့၊ထက်မြက်တဲ့သူတစ်ယောက်ဖြစ်နေပါစေ အဖွဲ့အစည်းနဲ့ ပူးပေါင်း လုပ်ဆောင်တတ်ခြင်းဆိုတဲ့ အရည်အချင်းတွေမရှိဘူးဆိုလျှင် သင့်အောင်မြင်မှုကနီးရက်နဲ့ ဝေးနေဦးမှာပါ။

♦ဘ၀မှာ မဖြစ်နိုင်တဲ့ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိပါတယ်။ Nothing is impossible to a willing man” သင်ကြိုးစားအားထုတ်နေသမျှ ကာလတစ်လျှောက်လုံးမှာတော့ impossible ဆိုတာကို possible အဖြစ်ပြောင်းနိုင်ပါတယ်။ Can’t ကို Can ဖြစ်အောင်လည်း သင်ကိုယ်တိုင်ပဲပြုလုပ်လိုက်ပါ။

Source; Youngisthan.in

Read times
Rate this item
(1 Vote)