-->
×

Warning

JUser: :_load: Unable to load user with ID: 29


အထိရောက်ဆုံးကြော်ငြာနိုင်ဖို့

အထိရောက်ဆုံးကြော်ငြာနိုင်ဖို့ google.com

ကြော်ငြာလုပ်ငန်းရဲ အနှစ်သာရကဆွဲဆောင်ခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ကိုယ်ကတော့ ကြော်ငြာအတွက် ငွေကြေးတွေကုန်ကျပြီး ကြော်ငြာလိုက်ပေမယ့် ၀ယ်သူတွေကို ထိရောက်စွာ မဆွဲဆောင်နိုင်ဘူးဆိုရင် အချည်းအနှီးပါပဲ။

ယနေ့ခေတ်မှာတော့ ကြော်ငြာနိုင်မယ့်နည်းလမ်းတွေ များပြားလာသောကြောင့် ကြော်ငြာရှင် တွေအတွက် ရွေးချယ်စရာများပြီး အထိရောက်ဆုံးဖြစ်နိုင်ဖို့ ထည့်သွင်းစဉ်းစားစရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

♦ကြော်ငြာခြင်တဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ ကြော်ငြာထည့်မယ်ဆိုပြီး ဘာမှမစုံစမ်း သေချာမလေ့လာဘဲ ကြော်ငြာထည့်တာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။

♦ကြော်ငြာမှာ အသုံးပြုမယ့်ကုန်ကျစရိတ်နဲ့ ပြန်ရလာမယ့် အကျိုးအမြတ်ကိုလည်း ထည့်သွင်းစဉ်းစား ဖို့လိုလာပါတယ်။

♦၀ယ်သူတွေကို ပေးချင်တဲ့ messageနဲ့ ကြော်ငြာတာကတစ်ခြားစီမဖြစ်ဖို့လည်း အရေးကြီးပါတယ်။

♦ကိုယ့်ရဲ့ကုန်ပစ္စည်းဟာ printing နဲ့ digitalမှာ ဘယ်နည်းလမ်းကိုသုံးမလဲဆိုတာ သေချာဆုံးဖြတ်ပါ။

♦Advertising Platform တွေဖြစ်တဲ့ Social Media Advertising ကတော့ ကြော်ငြာချင်တဲ့လူအမျိုးအစား၊ အသက်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ ကျား၊မ တွေကိုပါ target ထားပြီးကြော်ငြာခြင်းမျိုးပါ။ ဒီကြော်ငြာနည်းကတော့ ကျွန်တော်တို့နိုင်ငံမှာတွင်ကျယ်စွာ အသုံးပြုနေပြီး ထိရောက်တဲ့platform တစ်ခုပါ။လူငယ်၊ လူလတ်ပိုင်းတွေကို target ထားတဲ့ small business တွေအတွက်ဆို အလွန် သင့်တော်ပါတယ်။

TV, Radio မှာကြော်ငြာခြင်းကတော့ ၀ယ်သူတွေကိုဆွဲဆောင်မှု အားကောင်းပါတယ်။ သို့သော် ကုန်ကျစရိတ်တော့များနိုင်ပါတယ်။

ဂျာနယ်၊မဂ္ဂဇင်း၊လက်ကမ်းစာဆောင် နဲ့အခြား printing media တွေကတော့ စာဖတ်သူအများစုကို ဆွဲဆောင်နိုင်ပါတယ်။

SEM (Search Engine Marketing) ဆိုတာ Googleမှာ ကြော်ငြာတဲ့ပုံစံပါ။ ကိုယ့်ရဲ့ဆိုင်နာမည်၊ ကုန်ပစ္စည်းတွေကို Googleရဲ့ထိပ်ဆုံးမှာ ပေါ်နေစေမှာပါ။ ဒီလိုနည်းလမ်းကိုလည်း အသုံးပြုလာကြပါတယ်။

E-mail Marketing, Direct Mail, Cold Calling, Trade Shows,bill board စတဲ့ advertising platform တွေလည်းရှိတဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ အဆင်ပြေနိုင်မယ့် ကြော်ငြာနည်းလမ်းကို ထိရောက်စွာ ရွေးချယ်ကြရအောင်။

Read-ကမ္ဘာ့အကောင်းဆုံး Advertising Agencies 10 ခု

Read times
Rate this item
(0 votes)