-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရခြင်း

စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရခြင်း google.com

စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရခြင်းဆိုတာ ကျွန်တော်တို့လူသားတွေတော်ရုံတန်ရုံသတိမထားမိတဲ့ အန္တရာယ် တစ်ခုပါ။ဒီလိုစိတ်အဓမ္မပြုကျင့်ခံရမှုကြောင့် depression၀င်ပြီးလောကကြီးကိုစိတ်ကုန်ကာ မိမိကိုယ်ကိုယ် သတ်သေမှုတွေ၊ လောကကြီးကိုအရှုံးပေးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုအရာမျိုးကို စိတ်ပိုင်းဆိုင်   ရာအဓမ္မပြုကျင့်မှုဟုခေါ်ဆိုနိုင်မလဲ။သင်ကိုယ်တိုင်ရောသူများကို စိတ်မုဒိန်းကျင့်သူတစ်ဦး ဖြစ်နေပြီလား? ဒါမှမဟုတ် သင်ဟာ စိတ်မုဒိန်းကျင့်ခံရသူတစ်ဦလား?

♦လူကြားသူကြားထဲ အနှိမ်ခံအပြစ်တင်ခံရခြင်း

ဒီအချက်ကို ကျွန်တော်တို့အကုန်လုံးမုန်းမယ် ဆိုတာသေချာပါတယ်။ ဘယ်သူကမှ ကိုယ်လုပ်လိုက်တဲ့အပြစ် တစ်ခုကို လူပုံအလယ်မှာ အရှက်ခွဲပြောဆိုခံရတာကိုတော့ ကြိုက်မှာမဟုတ်ပါဘူး။ သို့သော်မြန်မာလူမျိုး အများစုကတော့ ဒီဟာကိုနောင်ကျဉ်အောင်ဆုံးမခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ တွင်တွင်ကျယ်ကျယ် အသုံး ပြုကြပါတယ်။ ဥပမာ-စာမရလို့ ကျောင်းတစ်ပတ်ပတ်ပြေးခိုင်းတာမျိုး၊ အတန်းရှေ့မှာ ဒူးထောက်ရတာ မျိုးပါပဲ။ အရွယ်ရောက်လာသော်လည်း အခြားသူစိမ်းတွေရှေ့မှာ ကိုယ့်သားသမီးမကောင်းကြောင်းကို ဂုဏ်ယူဝင့်ကြွား စွာပြောတတ်တာမျိုး၊ ငါ့ရည်းစားကငါ့လောက်ဘာမှ သိတာမဟုတ်ဘူး၊ ငါပဲအကုန်လုပ်ပေး နေရတာ စသဖြင့် ပြုမူခံရတာမျိုးတွေပါ။

♦အသိအမှတ်မပြုဖယ်ထုတ်ခံရခြင်း

ငယ်ငယ်ကသူငယ်ချင်းတွေနဲ့ကစားတဲ့အခါ နင်ကအရံအနေနဲ့ကစား၊ ငါနားမှဝင်ကစားဆိုပီး လူရာမသွင်း တာမျိုးတွေ၊ အပေါင်းအသင်းတွေနဲ့ အပြင်သွားတဲ့အခါ ကိုယ်ကပေါင်းသင်းဆက်ဆံရေး မကောင်းလို့၊(သို့) ဆင်းရဲလို့ ဖယ်ထုတ်ခံရတာမျိုးတွေပါ၊ ကျောင်တွေမှာ အဖွဲ့လိုက်ပရောဂျက်လုပ်တဲ့အခါ ကိုယ့်ရဲ့အကြံဥာဏ် တွေကို လျစ်လျူရှူတာမျိုးတွေက ကိုယ်ကိုလူတွေနဲ့ဝေးကွာသွားစေပြီး အထီးကျန်မှုကို ခံစားရစေနိုင်ပါတယ်။ တစ်ခါတစ်ရံသင်ကိုယ်တိုင်က လုပ်ဆောင်သူဖြစ်နေတတ်သလို၊ တစ်ခါတစ်လေတော့ သင်ဟာခံရသူဖြစ်နေ တတ်ပါတယ်။

♦အသွင်အပြင်ပေါ်ခွဲခြားဆက်ဆံခံရခြင်း

ဒါကတော့ ဘုရားပေးတဲ့ ရုပ်ရည်သွင်ပြင်ကိုလှောင်ပြောင်ခြင်းပါ။ဥပမာ- နင့်အရပ်ကလည်းပုလိုက်တာ ဒီကားတန်းလေးတောင်မမှီဘူးစသဖြင့် ပြောဆိုတာမျိုးတွေပါ။ ကိုယ်ကတော့ အမှတ်မထင်ပြောလိုက်မိပေမယ့် ပြောခံရသူအတွက်တော့ စိတ်အားငယ်သွားစေနိုင်ပါတယ်။ ၀တဲ့သူတွေကျပြန်တော့လည်း ၀က်ကြီးလို့ခေါ် ကျပြန်ရော ကိုယ့်ကိုသူများကအဲ့လိုခေါ်ရင်ကြိုက်မလား စဉ်းစားကြည့်ပါ။ ဒါတွေကလည်း တစ်ဖက်လူအပေါ် စိတ်အဓမ္မကျင့်မှုတွေပါ။တစ်ခါနှစ်ခါဒီလိုတွေပြောခံရတာပြဿနာမရှိပေမဲ့ ကြိန်ဝေဖန်များစွာ ကြားလာရတဲ့ အခါမှာတော့ သူ့ရပ်တည်မှုကိုပါစိတ်ပျက်လာနိုင်ပြီး မွေးမိခင်ကိုပါ အပြစ်မြင်လာနိုင်သည်အထိဖြစ်စေပါတယ်။ သူ့နေရာမှာငါသာလျှင်ဆိုတဲ့ စိတ်မျိုးထားပါ။

♦အမြဲလိုလိုအပြစ်တင်ခံရခြင်း

ကိုယ်ကတော့ကိစ္စရပ်တိုင်းကို အမြဲကြိုးစားပြီးလုပ်ပေမယ့်လည်း အမြဲပြစ်တင်ဝေဖန်သံတွေကို ကြားနေရမယ် ဆိုရင်တော့ ရှေ့ဆက်လျှောက်ဖို့၊ အခြားအရာတွေကိုလုပ်ဖို့အတွက် ခွန်အားတွေလျော့နည်းစေပါတယ်။ ဒီလို ကိစ္စရပ်တွေကတော့ မိဘနဲ့၊သားသမီးကြား၊ ဆရာနဲ့တပည့်တွေအကြား၊ အထက်လူကြီးနဲ့ လက်အောက် ၀န်ထမ်းအကြား ဖြစ်လေ့ဖြစ်ထရှိတာပါ။ နှစ်ဦးနှစ်ဖက်ကြားမှာ အပြန်အလှန်နားလည်မှုထားပြီး မိမိ

ကိုယ်တိုင် လည်း အခြားလူအပေါ်မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။

Source; Momolay

Read times
Rate this item
(4 votes)