-->
×

Warning

JUser: :_load: Unable to load user with ID: 29


ငါျဖစ္ေစခ်င္တဲ့……… သူ

ငါျဖစ္ေစခ်င္တဲ့……… သူ google.com

လူ႔ျပည္မွာေနတဲ့အတြက္ လူ႔က်င့္ဝတ္ က်င့္စဥ္ေတြနဲ႔အညီေနထိုင္ဖို႔ဆိုတာ လူသားတိုင္းမွာ တာဝန္ွရွိပါတယ္။ လူကို လူကပဲသတ္ၾကတယ္။ လူကို လူကပဲ ဦးညြတ္ၾကတယ္။ လူကုိ လူကပဲ မုန္းၾကတယ္။ လူဆိုရင္ လူအခ်င္းခ်င္း ရိုင္းပင္းကူညီၾကရမယ္။ လူ႔ဘံုဆိုတာ လံု႔လ၊ ဝီရိယဘံုကြ။ နတ္ဘံုနတ္နန္း မဟုတ္ဘူး။ ပေဒသာပင္က ေျမက အလိုလိုေပါက္မလာဘူး…ဆိုျပီး ဆရာ(ဦးဘုန္း(ဓာတု)) က ဆံုးမသတိေပးထားပါတယ္။ ဆရာ ျဖစ္ေစခ်င္တဲ့သူ…

♦ ရွံုးနိမ့္ခ်ိန္မွာ မာနမက်ိဳးတဲ့သူ။

♦ရွံုးနိမ့္တဲ့အခါမွာလည္း ကိုယ့္ဂုဏ္သိကၡာကို ထိန္းသိမ္းနိုင္တဲ့သူ။

♦ ေအာင္ျမင္တဲ့အခါမွာလည္း ရွံဳးနိမ့္သူေတြအေပၚ ကရုဏာထားရဲတဲ့ စိတ္ဓာတ္ ရွိတဲ့သူ။

♦ ျပိဳလဲက်ဆံုးသြားသူေတြကို သနားၾကင္နာတတ္တဲ့သူ။

♦ ပန္းခင္းလမ္းေတြ႔ရင္လည္း ရင္ေကာ့ေခါင္းေမာ့ျပီး လမ္းေလွ်ာက္တတ္သလို ဆူးခင္းလမ္းေတြ႔ရင္လည္း ကိုယ့္ဆူးကိုယ္ထြင္၊    ကိုယ့္လမ္းကိုယ္ေဖာက္လို႔ ပန္းတိုင္အထိ အေရာက္သြားနိုင္တဲ့သူ။

♦ လဲျပိဳခ်ိန္မွာ စိတ္သတၱိနဲ႕ သူမ်ားအားမကိုးဘဲ ကိုယ့္အားကိုယ္ကိုးျပီး ျပန္ထနိုင္တဲ့သူ။

♦အိမ္မက္ၾကီးၾကီးေတြ မက္ျပီး အဲ့ဒီအိမ္မက္ေတြကို မျဖစ္ျဖစ္ေအာင္ ၾကိဳးစားျပီး ဖန္တီးနိုင္တဲ့သူ။

♦ရယ္ေမာျခင္းျဖင့္ ဘဝကို တည္ေဆာက္ျပီး ငိုစရာေတြ႔တဲ့ အခ်ိန္မွာလည္း ရယ္ေမာစရာေတြကို ရွာေဖြတတ္တဲ့သူ။

♦ အမွန္တရားကို ေစာင့္ေရွာက္ရဲတဲ့ သတိၱရွိတဲ့သူ။

♦ အနိုင္က်င့္တတ္တဲ့ ဝန္းက်င္မွာ အရွံဳးမေပးဘဲ သည္းခံစိတ္နဲ႔ ေအာင္ျမင္ေအာင္ ေဆာင္ရြက္နိုင္တဲ့သူ။

♦ မတရားမွဳကို စိန္ေခၚရဲတဲ့သူ။

♦ ခြင့္လႊတ္ရဲတဲ့ သတိၱရွိတဲ့သူ။

♦စာေတာ္ျပီး အတၱမၾကီးတဲ့သူ။

♦ စာမေတာ္ေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မွဳ အျပည့္ရွိတဲ့၊ ၾကိဳးစားတဲ့သူ။

♦ မွားရင္လည္း အမွားကို ေတာင္းပန္ရဲတဲ့သူ။

♦အမွားေတြကို သင္ခန္းစာယူျပီး အမွန္ကို ျပဳျပင္ရဲတဲ့သူ။

♦စာမ်ားမ်ားဖတ္ျပီး သဘာဝတရားၾကီးကို ဖတ္စာအျဖစ္ သေဘာထားတတ္တဲ့သူ။

♦ မိဘေက်းဇူးကို သိျမင္ျပီး ေက်းဇူးဆပ္နိုင္တဲ့သူ။

♦ကိုယ့္အက်ိဳးအတြက္ မရည္ရြယ္ဘဲ အမ်ားေကာင္းစားေရးကို ရည္ရြယ္ၾကိဳးစားတဲ့သူ။

အဲ့လိုလူမ်ိဳးေတြ ျဖစ္ေစခ်င္တယ္။

Read-ရင္႔က်က္သူတစ္ေယာက္ျဖစ္လာဖို႔

Credit; ဦးဘုန္း(ဓါတု)

လူ့ပြည်မှာနေတဲ့အတွက် လူ့ကျင့်ဝတ် ကျင့်စဉ်တွေနဲ့အညီနေထိုင်ဖို့ဆိုတာ လူသားတိုင်းမှာ တာဝန်ှရှိပါတယ်။ လူကို လူကပဲသတ်ကြတယ်။ လူကို လူကပဲ ဦးညွတ်ကြတယ်။ လူကို လူကပဲ မုန်းကြတယ်။ လူဆိုရင် လူအချင်းချင်း ရိုင်းပင်းကူညီကြရမယ်။ လူ့ဘုံဆိုတာ လုံ့လ၊ ဝီရိယဘုံကွ။ နတ်ဘုံနတ်နန်း မဟုတ်ဘူး။ ပဒေသာပင်က မြေက အလိုလိုပေါက်မလာဘူး…ဆိုပြီး ဆရာ(ဦးဘုန်း(ဓာတု)) က ဆုံးမသတိပေးထားပါတယ်။ ဆရာ ဖြစ်စေချင်တဲ့သူ…

♦ ရှုံးနိမ့်ချိန်မှာ မာနမကျိုးတဲ့သူ။

♦ရှံုးနိမ့်တဲ့အခါမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ။

♦ အောင်မြင်တဲ့အခါမှာလည်း ရှံုးနိမ့်သူတွေအပေါ် ကရုဏာထားရဲတဲ့ စိတ်ဓာတ် ရှိတဲ့သူ။

♦ ပြိုလဲကျဆုံးသွားသူတွေကို သနားကြင်နာတတ်တဲ့သူ။

♦ ပန်းခင်းလမ်းတွေ့ရင်လည်း ရင်ကော့ခေါင်းမော့ပြီး လမ်းလျှောက်တတ်သလို ဆူးခင်းလမ်းတွေ့ရင်လည်း ကိုယ့်ဆူးကိုယ်ထွင်၊ ကိုယ့်လမ်းကိုယ်ဖောက်လို့ ပန်းတိုင်အထိ အရောက်သွားနိုင်တဲ့သူ။

♦ လဲပြိုချိန်မှာ စိတ်သတ္တိနဲ့ သူများအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထနိုင်တဲ့သူ။

♦အိမ်မက်ကြီးကြီးတွေ မက်ပြီး အဲ့ဒီအိမ်မက်တွေကို မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဖန်တီးနိုင်တဲ့သူ။

♦ရယ်မောခြင်းဖြင့် ဘဝကို တည်ဆောက်ပြီး ငိုစရာတွေ့တဲ့ အချိန်မှာလည်း ရယ်မောစရာတွေကို ရှာဖွေတတ်တဲ့သူ။

♦ အမှန်တရားကို စောင့်ရှောက်ရဲတဲ့ သတ္တိရှိတဲ့သူ။

♦ အနိုင်ကျင့်တတ်တဲ့ ဝန်းကျင်မှာ အရှံုးမပေးဘဲ သည်းခံစိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့သူ။

♦ မတရားမှုကို စိန်ခေါ်ရဲတဲ့သူ။

♦ ခွင့်လွှတ်ရဲတဲ့ သတ္တိရှိတဲ့သူ။

♦စာတော်ပြီး အတ္တမကြီးတဲ့သူ။

♦ စာမတော်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့၊ ကြိုးစားတဲ့သူ။

♦ မှားရင်လည်း အမှားကို တောင်းပန်ရဲတဲ့သူ။

♦အမှားတွေကို သင်ခန်းစာယူပြီး အမှန်ကို ပြုပြင်ရဲတဲ့သူ။

♦စာများများဖတ်ပြီး သဘာဝတရားကြီးကို ဖတ်စာအဖြစ် သဘောထားတတ်တဲ့သူ။

♦ မိဘကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်တဲ့သူ။

♦ကိုယ့်အကျိုးအတွက် မရည်ရွယ်ဘဲ အများကောင်းစားရေးကို ရည်ရွယ်ကြိုးစားတဲ့သူ။
အဲ့လိုလူမျိုးတွေ ဖြစ်စေချင်တယ်။
Credit; ဦးဘုန်း(ဓါတု)

Read times
Rate this item
(0 votes)