-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆံုးျဖတ္ခ်က္ေတြကို ရဲရဲခ်ပါ

ဆံုးျဖတ္ခ်က္ေတြကို ရဲရဲခ်ပါ google.com

ဘ၀မွာ ေအာင္ျမင္ခ်င္တာ၊ ျဖစ္ခ်င္တာ၊ ရယူပိုင္ဆိုင္ခ်င္တာေတြ အမ်ားႀကီးပဲ။ စိတ္ကူးေတြနဲ႔တည္ေဆာက္ သြားလိုက္တာ စၾကာ၀႒ာတစ္ခုလံုးမွာ အေအာင္ျမင္ဆံုးး လူတစ္ေယာက္ျဖစ္ေနတာၾကာေပါ့။ဒါေပမဲ့ တစ္ခုမွ လက္ေတြ႔မွာမလုပ္မိေနတာ

ဘာေၾကာင့္လဲ။ဘယ္ကေနစတင္ရမလဲ။ ဘယ္ကိုသြားရမလဲ။ ဘာေတြ ေလ့လာ ရမလဲ။ ကိုယ့္ကိုယ္ကုိယ္ ျပန္ေမးေနမိတဲ့ ေမးခြန္းေပါင္းမ်ားစြာ…………

ဒါဆိုအခုလုပ္ေနတဲ့ အလုပ္ကေကာ ဘာေၾကာင့္ လုပ္ေနတာလဲ။ ဒီအေတြးေတြ ေရာက္လာျပန္ေရာ။ ဒါကို စြန္႔လႊတ္ၿပီး စိတ္အားထက္သန္တဲ့ ေနရာတစ္ခုကို သြားမလား။ ဒီလိုလည္း စြန္႔လႊတ္ဖို႕ သတၱိေတြ ရွိမေန ျပန္ဘူး။ ဒါဆို ျဖစ္ခ်င္ေအာင္ျမင္ခ်င္တဲ့ ဆႏၵတစ္ခုကို ေျမျမွဳပ္ပစ္လုိက္ရေတာ့မွာလား။ ohအဲ့လုိလည္း မဟုတ္ေသးျပန္ဘူး။ ဘာေၾကာင့္စြန္႔လႊတ္ရမွာလဲ။ ဘာအတြက္လဲ။ ဘာေၾကာင့္လဲ။  ဘာေမးခြန္းေတြ ထပ္ေနျပန္ေကာ………..

ဒီလိုဒြိဟျဖစ္ေစတဲ႔ဆံုးျဖတ္ခ်က္ေတြ၊ အေၾကာင္းတရားေတြက က်ြန္ေတာ္တို႔ဘ၀မွာအၿမဲျပဳလုပ္ေနရမွာပါ။ ဒီလိုအခ်ိန္ေတြေရာက္ၿပီဆို သင္ဘာလုပ္သင့္လဲ၊ ဘယ္အရာကအေကာင္းဆံုးျဖစ္ႏိုင္မလဲဆိုတာကို ေသခ်ာ စဥ္းစားဆံုးျဖတ္ပါ။ ကိုယ္႔ကိုယ္ကိုယ္ ဘာေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ေလာက္ေမးၿပီး တစ္ခုမွ လက္ေတြ႔ အေကာင္အထည္ေဖာ္မလုပ္ဆိုင္ႏိုင္ဘူးဆိုရင္ေတာ့ ေအာင္ျမင္မွာမဟုတ္ပါဘူး။ေလထဲမွာ တိုက္အိမ္ေဆာက္ျခင္းမ်ိဳးေတာ့ မလုပ္ပါနဲ႔။ တစ္ခုခုကို ခ်ိတံုခ်တံုလုပ္ေနတာထက္စာရင္ ဆံုးျဖတ္ခ်က္တစ္ခုကို ေသခ်ာခ်မွတ္လိုက္ျခင္းက ပိုၿပီးအက်ိဳးအျမတ္မ်ားလာေစမွာပါ။

ကိုယ့္ကိုယ္ေသခ်ာျပန္ဆန္းစစ္ပါ။ ဦးတည္ခ်က္ကို ေသခ်ာခ်မွတ္ပါ။ အစီအစဥ္ေတြေရးဆြဲပါ။ ေရးဆြဲထားတဲ႕အတိုင္းလည္း ကိုယ့္ကိုယ္ကိုယ္ ခိုင္းပါ။ ေခ်ြးထြက္မ်ားမွ ေသြးထြက္နည္းမွာပါ။ အနာခံမွ အသာစံရမွာပါ။ ဘ၀မွာ  do or die ႏွစ္ခုတည္းရွိတာပါ။ တစ္ခုကို ေသခ်ာေပါက္ေရြးကိုေရြးရမွာပါ။

မ်ားသာအားျဖင့္က်ြန္ေတာ္တို႔ေတြဟာ လစာအသင့္အတင့္ေလာက္ရတဲ႔အလုပ္တစ္ခုမွာ အလုပ္ရၿပီး အေတာ္အသင့္ေလာက္အဆင္ေျပၿပီဆို ကိုယ္ရဲ႕career လမ္းေၾကာင္းတစ္ခုမဟုတ္ရင္ေတာင္ မေျပာင္း ခ်င္ေတာ့ဘဲ ဒီေနရာမွာပဲရပ္တန့္ေနမယ္ဆိုတဲ႔ စိတ္ေတြအလိုလို ၀င္ေရာက္တတ္ ၾကပါတယ္။ ေရာင့္ရဲတတ္တဲ့ စိတ္ေတြကို စြန္႔ပစ္ပါ။ ကိုယ့္ရဲ႔စိတ္ကူးအိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြေရာက္ႏုိင္ဖို႔အတြက္ ဆံုးျဖတ္ခ်က္ေတြကို ရဲ့ရင္ျပတ္သားစြာခ်မွတ္ပါ။

Myat

Unicode Version

ဘဝမှာ အောင်မြင်ချင်တာ၊ ဖြစ်ချင်တာ၊ ရယူပိုင်ဆိုင်ချင်တာတွေ အများကြီးပဲ။ စိတ်ကူးတွေနဲ့တည်ဆောက် သွားလိုက်တာ စကြာဝဋ္ဌာတစ်ခုလုံးမှာ အအောင်မြင်ဆုံးး လူတစ်ယောက်ဖြစ်နေတာကြာပေါ့။ဒါပေမဲ့ တစ်ခုမှ လက်တွေ့မှာမလုပ်မိနေတာ ဘာကြောင့်လဲ။ဘယ်ကနေစတင်ရမလဲ။ ဘယ်ကိုသွားရမလဲ။ ဘာတွေ လေ့လာ ရမလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတဲ့ မေးခွန်းပေါင်းများစွာ…………
ဒါဆိုအခုလုပ်နေတဲ့ အလုပ်ကကော ဘာကြောင့် လုပ်နေတာလဲ။ ဒီအတွေးတွေ ရောက်လာပြန်ရော။ ဒါကို စွန့်လွှတ်ပြီး စိတ်အားထက်သန်တဲ့ နေရာတစ်ခုကို သွားမလား။ ဒီလိုလည်း စွန့်လွှတ်ဖို့ သတ္တိတွေ ရှိမနေ ပြန်ဘူး။ ဒါဆို ဖြစ်ချင်အောင်မြင်ချင်တဲ့ ဆန္ဒတစ်ခုကို မြေမြှုပ်ပစ်လိုက်ရတော့မှာလား။ ohအဲ့လိုလည်း မဟုတ်သေးပြန်ဘူး။ ဘာကြောင့်စွန့်လွှတ်ရမှာလဲ။ ဘာအတွက်လဲ။ ဘာကြောင့်လဲ။ ဘာမေးခွန်းတွေ ထပ်နေပြန်ကော………..
ဒီလိုဒွိဟဖြစ်စေတဲ့ဆုံးဖြတ်ချက်တွေ၊ အကြောင်းတရားတွေက ကျွန်တော်တို့ဘဝမှာအမြဲပြုလုပ်နေရမှာပါ။ ဒီလိုအချိန်တွေရောက်ပြီဆို သင်ဘာလုပ်သင့်လဲ၊ ဘယ်အရာကအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဘာမေးခွန်းပေါင်းသောင်းခြောက်ထောင်လောက်မေးပြီး တစ်ခုမှ လက်တွေ့ အကောင်အထည်ဖော်မလုပ်ဆိုင်နိုင်ဘူးဆိုရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။လေထဲမှာ တိုက်အိမ်ဆောက်ခြင်းမျိုးတော့ မလုပ်ပါနဲ့။ တစ်ခုခုကို ချိတုံချတုံလုပ်နေတာထက်စာရင် ဆုံးဖြတ်ချက်တစ်ခုကို သေချာချမှတ်လိုက်ခြင်းက ပိုပြီးအကျိုးအမြတ်များလာစေမှာပါ။
ကိုယ့်ကိုယ်သေချာပြန်ဆန်းစစ်ပါ။ ဦးတည်ချက်ကို သေချာချမှတ်ပါ။ အစီအစဉ်တွေရေးဆွဲပါ။ ရေးဆွဲထားတဲ့အတိုင်းလည်း ကိုယ့်ကိုယ်ကိုယ် ခိုင်းပါ။ ချွေးထွက်များမှ သွေးထွက်နည်းမှာပါ။ အနာခံမှ အသာစံရမှာပါ။ ဘဝမှာ do or die နှစ်ခုတည်းရှိတာပါ။ တစ်ခုကို သေချာပေါက်ရွေးကိုရွေးရမှာပါ။
များသာအားဖြင့်ကျွန်တော်တို့တွေဟာ လစာအသင့်အတင့်လောက်ရတဲ့အလုပ်တစ်ခုမှာ အလုပ်ရပြီး အတော်အသင့်လောက်အဆင်ပြေပြီဆို ကိုယ်ရဲ့career လမ်းကြောင်းတစ်ခုမဟုတ်ရင်တောင် မပြောင်း ချင်တော့ဘဲ ဒီနေရာမှာပဲရပ်တန့်နေမယ်ဆိုတဲ့ စိတ်တွေအလိုလို ၀င်ရောက်တတ် ကြပါတယ်။ ရောင့်ရဲတတ်တဲ့ စိတ်တွေကို စွန့်ပစ်ပါ။ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေရောက်နိုင်ဖို့အတွက် ဆုံးဖြတ်ချက်တွေကို ရဲ့ရင်ပြတ်သားစွာချမှတ်ပါ။

Read times
Rate this item
(0 votes)