-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္မယ္လုိ႔ မထင္ထားခဲ့တဲ့ စြန္႔ဦးတီထြင္မႈမ်ား

ေအာင္ျမင္မယ္လုိ႔ မထင္ထားခဲ့တဲ့ စြန္႔ဦးတီထြင္မႈမ်ား google.com

ကမာၻ႔ေစ်းကြက္ တစ္၀က္ေက်ာ္ေက်ာ္ကို ပိုင္ဆိုင္ေနတဲ့ ကုမၸဏီေတြရဲ႕ အစပိုင္းေတြက ကားဂိုေဒါင္ေလးေတြ ဆင္းရဲတဲ့ ရပ္ကြက္ေတြမွာဖြင့္ထားတဲ့ ရုံးခန္းေလးေတြကေန စတင္ခဲ့တာပါ။

YouTube

မစၥတာ Chad Hurley၊ Steve Chen နဲ႔ Jawed Karim တို႔က ၂၀၀၅ ခုႏွစ္မွာ PayPal ကို အလုပ္အတူတူ လုပ္ၾကပါတယ္။ တစ္ေန႔ေတာ့ Chad နဲ႔ Steve တို႔က ပါတီပြဲတစ္ခုလုပ္ၾကပါတယ္။

ဒါေပမယ့္ Jawed ကေတာ့ ဒီပါတီပြဲကို မတက္ႏိုင္ပါဘူး။ Chad နဲ႔ Steve တို႔က ပါတီပြဲမွာရိုက္ထားတဲ့ ဗီဒီယိုဖိုင္ကို Jawed ကုိပို႔ေပးႏိုင္ဖို႔ႀကိဳးစားတဲ့အခ်ိန္မွာ ေတာ္ေတာ္ခက္ခဲတာကို ေတြ႔ခဲ့ရပါတယ္။

အဲ့ဒီမွာ YouTube ကို စေထာင္ဖို႔ အႀကံဥာဏ္ရရွိခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ YouTube အသံုးျပဳသူေပါင္း သန္း ၁ေထာင္ရွိေနၿပီး အသံုးျပဳသူ တတိယအမ်ားဆံုးလည္းျဖစ္ပါတယ္

Read-ကမၻာေက်ာ္တံဆိပ္မ်ားရဲ႕ေနာက္ကြယ္

Apple

Apple ကုမၸဏီက သူ႔ရဲ႕ ပထမဆံုး Apple ကြန္ပ်ဳတာကို ၁၉၇၆ ခုႏွစ္၊ April Fool Day မွာ အေမရိကန္ေဒၚလာ ၆၆၆.၆၆ နဲ႔စတင္ေရာင္းခ်ခဲ့တာပါ။ အခုေတာ့ Apple ကုမၸဏီက ကမာၻ႔ေစ်းကြက္ေတာ္ေတာ္မ်ားမ်ားကို ပိုင္ဆိုင္ ေနပါၿပီ။

၂၀၀၇ ခုႏွစ္မွာလည္း စမတ္ဖုန္း ေလာကကို ေျပာင္းလဲသြားေစမယ့္ Touch စခရင္ သံုး iPhone ကို စတင္ထုတ္လုပ္ခဲ့ပါတယ္။ Touch စခရင္ စမတ္ဖုန္းလုပ္မယ္ဆိုတုန္းကေတာင္ ဒီအုိင္ဒီယာက ေအာင္ျမင္တဲ့အိုင္ဒီယာ မဟုတ္ဘူးလို႔ ကုမၸဏီတြင္းမွာ ေ၀ဖန္ၾကတာေတြလည္း ရွိပါတယ္။

“ကၽြန္ေတာ္တို႔အရင္ဆံုး ေစ်းကြက္ရဲ႕ ၁ ရာခိုင္ႏႈန္းကိုဘဲ ရေအာင္လုပ္ပါမယ္။ အဲ့ဒီကေနမွ ဆက္သြားပါမယ္။”လို႔ Steve Jobs က ၂၀၀၇ ခုႏွစ္က ေျပာခဲ့ပါတယ္။

Uber

၂၀၀၈ ခုႏွစ္က မစၥတာ Travis Kalanick နဲ႔ Garrett Camp တုိ႔က ျပင္သစ္မွာ ေဆြးေႏြးပြဲတစ္ခု သြားတက္ၾကပါတယ္။

ေဆြးေႏြးပြဲက အျပန္မွာ တက္ဆီငွားရာမွာ အရမ္းခက္ခဲခဲ့ပါတယ္။ ဒီလိုျပႆနာ အႀကီးႀကီးကို ေျဖရွင္းဖို႔ စဥ္းစားရင္းနဲ႔ ၁ ႏွစ္အၾကာမွာေတာ့ Uber ကုမၸဏီကို အေမရိကန္ျပည္ေထာင္စု၊ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ တည္ေထာင္ခဲ့ပါတယ္။အခုေတာ့ Uber ကုမၸဏီက ကမာၻမွာ တက္စီ ေစ်းကြက္ေတာ္ေတာ္မ်ားမ်ား ရယူထားႏုိင္တဲ့ ကုမၸဏီျဖစ္ၿပီး သူ႔ေနာက္မွာ တက္စီ အငွား၀န္ေဆာင္မႈ ေပးတဲ့ ကုမၸဏီေတာ္ေတာ္မ်ားမ်ားလည္း ေပၚေပါက္လာပါတယ္။

Source; MyTech

Unicode Version

ကမ္ဘာ့စျေးကွက် တစ်ဝက်ကျော်ကျော်ကို ပိုင်ဆိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ အစပိုင်းတွေက ကားဂိုဒေါင်လေးတွေ ဆင်းရဲတဲ့ ရပ်ကွက်တွေမှာဖွင့်ထားတဲ့ ရုံးခန်းလေးတွေကနေ စတင်ခဲ့တာပါ။
YouTube
မစ္စတာ Chad Hurley၊ Steve Chen နဲ့ Jawed Karim တို့က ၂၀၀၅ ခုနှစ်မှာ PayPal ကို အလုပ်အတူတူ လုပ်ကြပါတယ်။ တစ်နေ့တော့ Chad နဲ့ Steve တို့က ပါတီပွဲတစ်ခုလုပ်ကြပါတယ်။
ဒါပေမယ့် Jawed ကတော့ ဒီပါတီပွဲကို မတက်နိုင်ပါဘူး။ Chad နဲ့ Steve တို့က ပါတီပွဲမှာရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို Jawed ကိုပို့ပေးနိုင်ဖို့ကြိုးစားတဲ့အချိန်မှာ တော်တော်ခက်ခဲတာကို တွေ့ခဲ့ရပါတယ်။
အဲ့ဒီမှာ YouTube ကို စထောင်ဖို့ အကြံဉာဏ်ရရှိခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ YouTube အသုံးပြုသူပေါင်း သန်း ၁ထောင်ရှိနေပြီး အသုံးပြုသူ တတိယအများဆုံးလည်းဖြစ်ပါတယ်
Apple
Apple ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး Apple ကွန်ပျုတာကို ၁၉၇၆ ခုနှစ်၊ April Fool Day မှာ အမေရိကန်ဒေါ်လာ ၆၆၆.၆၆ နဲ့စတင်ရောင်းချခဲ့တာပါ။ အခုတော့ Apple ကုမ္ပဏီက ကမ္ဘာ့စျေးကွက်တော်တော်များများကို ပိုင်ဆိုင် နေပါပြီ။
၂၀၀၇ ခုနှစ်မှာလည်း စမတ်ဖုန်း လောကကို ပြောင်းလဲသွားစေမယ့် Touch စခရင် သုံး iPhone ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ Touch စခရင် စမတ်ဖုန်းလုပ်မယ်ဆိုတုန်းကတောင် ဒီအိုင်ဒီယာက အောင်မြင်တဲ့အိုင်ဒီယာ မဟုတ်ဘူးလို့ ကုမ္ပဏီတွင်းမှာ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။
“ကျွန်တော်တို့အရင်ဆုံး စျေးကွက်ရဲ့ ၁ ရာခိုင်နှုန်းကိုဘဲ ရအောင်လုပ်ပါမယ်။ အဲ့ဒီကနေမှ ဆက်သွားပါမယ်။”လို့ Steve Jobs က ၂၀၀၇ ခုနှစ်က ပြောခဲ့ပါတယ်။
Uber
၂၀၀၈ ခုနှစ်က မစ္စတာ Travis Kalanick နဲ့ Garrett Camp တို့က ပြင်သစ်မှာ ဆွေးနွေးပွဲတစ်ခု သွားတက်ကြပါတယ်။
ဆွေးနွေးပွဲက အပြန်မှာ တက်ဆီငှားရာမှာ အရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုပြဿနာ အကြီးကြီးကို ဖြေရှင်းဖို့ စဉ်းစားရင်းနဲ့ ၁ နှစ်အကြာမှာတော့ Uber ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ တည်ထောင်ခဲ့ပါတယ်။အခုတော့ Uber ကုမ္ပဏီက ကမ္ဘာမှာ တက်စီ စျေးကွက်တော်တော်များများ ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး သူ့နောက်မှာ တက်စီ အငှားဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတော်တော်များများလည်း ပေါ်ပေါက်လာပါတယ်။
Source; MyTech

Read times
Rate this item
(3 votes)