-->
×

Warning

JUser: :_load: Unable to load user with ID: 29


အျပစ္တင္စကားဆိုၿပီးပဲ ေနထိုင္မွာလား

အျပစ္တင္စကားဆိုၿပီးပဲ ေနထိုင္မွာလား google.com

က်ြန္ေတာ္တို႔ လူသားေတြဟာ အေသးအဖဲြကိစၥရပ္ေလးတစ္ခု အဆင္မေျပရင္ေတာင္မွ အျပစ္တင္ ေျပာဆုိ တတ္ၾကသူေတြပါ။ ဘာေၾကာင့္ဒီလုိျပစ္တင္ေျပာဆိုၾကတာလဲ။ အျခားသူေတြက သင္ျပစ္တင္ေျပာဆုိခံဖို႔ ေမြးဖြားလာတာလား။ေသခ်ာတာကေတာ့ က်ြန္ေတာ္တို႔ကို အျခားသူတစ္ေယာက္က ျပစ္တင္ေျပာဆုိတာကို မႀကိဳက္သလို၊အျခားသူေတြကလည္း ႀကိဳက္ၾကမွာမဟုတ္ပါဘူး။

ေလာကႀကီးမွာ အဆိုး၊အေကာင္းက အၿမဲဒြန္တြဲေနတာပါ။

သင္လဲက်ေနခ်ိန္မွာ လာမကူညီႏိုင္သူကို အျပစ္မတင္ပါနဲ႔။ ဘယ္သူတစ္ဦးတစ္ေယာက္ဆီမွာမွ သင့္ကိုဆြဲထူေပးဖို႔တာ၀န္ရွိမေနပါဘူး။

သင္လိုခ်င္တာေတြကို ၀ယ္မေပးတဲ့သူကို အျပစ္မတင္ပါနဲ႔။ သင္လုိအပ္တိုင္း၀ယ္ေပးမယ္လုိ႔ အာမခံထားတဲ့သူမရွိပါဘူး။ ကိုယ္လိုခ်င္တာကို ကိုယ့္ရဲ႔ကိုယ္ပိုင္၀င္ေငြနဲ႔ ၀ယ္ယူႏိုင္ေအာင္ႀကိဳးစားပါ။

Read-အေရးပါေသာသူျဖစ္လုိလွ်င္

ငါ့ကိုမွအသဲခြဲရက္တယ္ဆုိၿပီးလညး္ အျပစ္မတင္ေနပါနဲ႔။ သူ႔ကိုသြားခ်စ္ပါလို႔ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ အမိန္႔မေပးေနပါဘူး။ သင္ကပဲႏွလံုးသားရင္းၿပီးခ်စ္လိုက္တာပါ။

၀မ္းနည္းစရာ၊ စိတ္ညစ္စရာေတြက ငါ့ဆီပဲဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာေနတယ္ဆိုၿပီး အျပစ္မတင္ေနပါနဲ႔။ ဒီအခက္အခဲေတြၾကားထဲကေန ရုန္းထြက္ႏိုင္မယ့္ နည္းလမ္းကိုသာ ႀကိဳးစားရွာေဖြပါ။

ဘာေၾကာင့္ေအာင္ျမင္မွဳက ငါ့ထံမေရာက္ေသးတာလဲလို႔ အျပစ္မတင္ေနပါနဲ႔။ ေအာင္ျမင္မွဳဆိုတာႀကီးက သင္ႀကိဳးစားအားထုတ္မွဳဆိုတဲ့ အရာနဲ႔မႀကိဳဆိုဘဲနဲ႔ေတာ့ ေရာက္လာမွာမဟုတ္ပါဘူး။

ကိုယ္ႀကိဳးစားအားထုတ္လိုက္တဲ့ အရာေတြကလည္း ေရမွာအရုပ္ေရးသလိုျဖစ္ေနတယ္ဆိုၿပီး ကိုယ့္ကိုယ္အျပစ္မတင္လုိက္ပါနဲ႔။ အက္ဒီဇင္ေတာင္ စမ္းသပ္မွဳေပါင္း တစ္ေထာင္ကိုလုပ္ခဲ့ၿပီးမွ မီးသီးကုိ တီထြင္ႏိုင္ခဲ့တာပါ။

ငါကဘာေၾကာင့္ ဆင္းဆင္းရဲရဲနဲ႔ ေမြးဖြားလာရတာလဲဆိုၿပီး မိဘႏွစ္ပါးကုိအျပစ္တင္မေနပါနဲ႔။ သို႔ေသာ္ဆင္းဆင္းရဲရဲ ေမြးဖြားလာတာ သင့္အျပစ္မဟုတ္ေပမယ့္ ဆင္းရဲစြာ ေသဆံုးသြားရင္ေတာ့ သင့္အျပစ္ျဖစ္သြားပါၿပီ။

ေလာကႀကီးရဲ႔အေမွာင္ေတြကိုခြင္းၿပီး အနာဂါတ္ဘ၀ႀကီးလွပေအာင္ လုပ္ႏိုင္ရန္ဘယ့္သူ႔ဘယ္သူကိုမွ အျပစ္မတင္ေနဘဲ က်ြန္ေတာ္တို႔ကိုယ္တိုင္ပဲ ႀကိဳးစားႀကပါစို႔။

Myat

Unicode Version

ကျွန်တော်တို့ လူသားတွေဟာ အသေးအဖွဲကိစ္စရပ်လေးတစ်ခု အဆင်မပြေရင်တောင်မှ အပြစ်တင် ပြောဆို တတ်ကြသူတွေပါ။ ဘာကြောင့်ဒီလိုပြစ်တင်ပြောဆိုကြတာလဲ။ အခြားသူတွေက သင်ပြစ်တင်ပြောဆိုခံဖို့ မွေးဖွားလာတာလား။သေချာတာကတော့ ကျွန်တော်တို့ကို အခြားသူတစ်ယောက်က ပြစ်တင်ပြောဆိုတာကို မကြိုက်သလို၊အခြားသူတွေကလည်း ကြိုက်ကြမှာမဟုတ်ပါဘူး။
လောကကြီးမှာ အဆိုး၊အကောင်းက အမြဲဒွန်တွဲနေတာပါ။
သင်လဲကျနေချိန်မှာ လာမကူညီနိုင်သူကို အပြစ်မတင်ပါနဲ့။ ဘယ်သူတစ်ဦးတစ်ယောက်ဆီမှာမှ သင့်ကိုဆွဲထူပေးဖို့တာဝန်ရှိမနေပါဘူး။
သင်လိုချင်တာတွေကို ၀ယ်မပေးတဲ့သူကို အပြစ်မတင်ပါနဲ့။ သင်လိုအပ်တိုင်းဝယ်ပေးမယ်လို့ အာမခံထားတဲ့သူမရှိပါဘူး။ ကိုယ်လိုချင်တာကို ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ ၀ယ်ယူနိုင်အောင်ကြိုးစားပါ။
ငါ့ကိုမှအသဲခွဲရက်တယ်ဆိုပြီးလညး် အပြစ်မတင်နေပါနဲ့။ သူ့ကိုသွားချစ်ပါလို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမိန့်မပေးနေပါဘူး။ သင်ကပဲနှလုံးသားရင်းပြီးချစ်လိုက်တာပါ။
၀မ်းနည်းစရာ၊ စိတ်ညစ်စရာတွေက ငါ့ဆီပဲဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနေတယ်ဆိုပြီး အပြစ်မတင်နေပါနဲ့။ ဒီအခက်အခဲတွေကြားထဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကိုသာ ကြိုးစားရှာဖွေပါ။
ဘာကြောင့်အောင်မြင်မှုက ငါ့ထံမရောက်သေးတာလဲလို့ အပြစ်မတင်နေပါနဲ့။ အောင်မြင်မှုဆိုတာကြီးက သင်ကြိုးစားအားထုတ်မှုဆိုတဲ့ အရာနဲ့မကြိုဆိုဘဲနဲ့တော့ ရောက်လာမှာမဟုတ်ပါဘူး။
ကိုယ်ကြိုးစားအားထုတ်လိုက်တဲ့ အရာတွေကလည်း ရေမှာအရုပ်ရေးသလိုဖြစ်နေတယ်ဆိုပြီး ကိုယ့်ကိုယ်အပြစ်မတင်လိုက်ပါနဲ့။ အက်ဒီဇင်တောင် စမ်းသပ်မှုပေါင်း တစ်ထောင်ကိုလုပ်ခဲ့ပြီးမှ မီးသီးကို တီထွင်နိုင်ခဲ့တာပါ။
ငါကဘာကြောင့် ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာရတာလဲဆိုပြီး မိဘနှစ်ပါးကိုအပြစ်တင်မနေပါနဲ့။ သို့သော်ဆင်းဆင်းရဲရဲ မွေးဖွားလာတာ သင့်အပြစ်မဟုတ်ပေမယ့် ဆင်းရဲစွာ သေဆုံးသွားရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။
လောကကြီးရဲ့အမှောင်တွေကိုခွင်းပြီး အနာဂါတ်ဘဝကြီးလှပအောင် လုပ်နိုင်ရန်ဘယ့်သူ့ဘယ်သူကိုမှ အပြစ်မတင်နေဘဲ ကျွန်တော်တို့ကိုယ်တိုင်ပဲ ကြိုးစားကြပါစို့။
Myat

Read times
Rate this item
(1 Vote)