-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိသားစု စီးပြားေရးကို အေျပာင္းအလဲျပဳလုပ္ခဲ့သူ

မိသားစု စီးပြားေရးကို အေျပာင္းအလဲျပဳလုပ္ခဲ့သူ google.com

ဆယ္ေက်ာ္သက္လူငယ္အမ်ားစုကေတာ့ သူတို႔မိဘေတြက သူတုိ႔ကုိအလုပ္အေၾကာင္း ေျပာလာတဲ့အခါမ်ိဳးမွာ သိပ္ၿပီး စိတ္မ၀င္စားတတ္တာမ်ိဳးရွိၾကေပမယ့္ ေနာင္တစ္ခ်ိန္မွာ Trisha Lemery ကေတာ့သူတျဖည္းျဖည္း ပညာေတြ ပိုေလ့လာရလာေလ

သူ႔အေဖျဖစ္သူ ၁၉၇၇ ခုႏွစ္ကတည္ေထာင္ခဲ့တဲ႔ Winsert ကုန္ထုတ္ကုမၸဏီ အေၾကာင္းကုိ ပုိသိခ်င္လာေလ ျဖစ္လာခဲ့တယ္။

Winsert ဆီမွာ ၀င္ေရာက္လုပ္ကုိင္ခဲ့ၿပီးေနာက္ Lemeryဟာတျဖည္းျဖည္းနဲ႔ပိုၿပီး တာ၀န္ႀကီးတဲ့ ရာထူး တာ၀န္ကိုပါ တက္လွမ္းလုပ္ကိုင္ခဲ့တယ္။ ေနာက္ဆံုး ၂၀၀၈ခုႏွစ္မွာ ကုမၸဏီရဲ႕ စီအီးအိုျဖစ္လာခဲ့တယ္။

Related Articles-ဘာသာစကားေျခာက္မ်ိဳးေျပာဆိုႏိုင္ပီး Flitto app(Translatoion app) ၏Founderတစ္ဦးျဖစ္သူ ေတာင္ကိုရီးယားႏိုင္ငံသား စြန္႔ဦးတီထြင္သူ စီးပြားေရးလုပ္ငန္းရွင္

“က်ြန္မ တကယ္စိတ္၀င္စားခဲ့တာက တစ္ခုပဲရွိပါတယ္၊ အဲဒါက က်ြန္မတို႔ရဲ႔ တီထြင္ဆန္းသစ္ထားတဲ့ အလြိဳင္း သတၱဳေတြအတြက္ အေျမာက္အျမားလိုအပ္လာမယ့္ သိပ္ၿပီးအသံုးမခ်ရေသးတဲ့ ေစ်းကြက္အခြင့္အလမ္း ေတြရွာဖို႔ ျဖစ္ပါတယ္၊ ဒါေတြကိုရဖို႔ က်ြန္မမွာလုပ္ႏိုင္တဲ့စြမ္းအား၊ အစီအစဥ္ေတြရွိပါတယ္၊ လုိခ်င္တာကို ဘယ္လိုရေအာင္ယူရမလဲဆိုတာကို လည္းသိခဲ့ပါတယ္လို႔” သူမကရွင္းျပပါတယ္။ ဒါေပမဲ့ သူမအေနနဲ႕  ထုိစိတ္ကူးကို အေကာင္အထည္မေဖာ္ခင္မွာကမၻာလံုးဆုိင္ရာစီးပြားေရးပ်က္ကိန္းနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ေရာင္းအားေတြက ၇၆ရာခိုင္ႏွုန္းေလာက္က်ဆင္းခဲ့တာေၾကာင့္ ေဖာက္သည္ေတြ၊ လုပ္ငန္းအလားအလာ ေတြကို ရွာေဖြဖို႔ ခရီးထြက္ခဲ့ရပါတယ္။

ေနာက္ပိုင္း Lemery ဟာWinsert ကုိေျမာက္ျမားစြာေသာ စက္မွဳလုပ္ငန္းေတြအတြက္ အမ်ိဳးမ်ိဳးေသာ အလြိဳင္းသတၱေထာက္ပံ႔ေပးႏုိင္တဲ့ လုပ္ငန္းႀကီးတစ္ခုအျဖစ္ ပံုေဖာ္ေပးႏိုင္ခဲ့တယ္။ Winsert အေနနဲ႔ ယင္းရဲ႕အလြိဳင္းသတၱဳေတြကို နည္းပညာအဆင္ျမွင့္မွဳေတြလုပ္ႏုိင္ခဲ့ၿပီး Lemeryက အဲ့ဒီတီထြင္ဆန္းသစ္မွဳ ေတြကို အသံုးခ်ၿပီးထုတ္ကုန္သစ္ေတြကုိ တိုးခ်ဲ႕ကာအျခားစက္မွဳ လုပ္ငန္းေတြထဲထိ တိုးခ်ဲ႕၀င္ေရာက္တာ မ်ိဳးေတြပါ လုပ္ႏိုင္ခဲ႔ပါတယ္။

ယေန႔အခ်ိန္မွာေတာ့ Lemeryရဲ႕ထုတ္ကုန္ ၃၀ရာခိုင္းႏွဳန္းေလာက္ဟာ ေလေၾကာင္း၊ လွ်ပ္စစ္ထုတ္လုပ္ေရး၊ သစ္နဲ႔အစားအစာထုတ္ပိုးေရး စတာတို႔အပါအ၀င္ စက္မွဳလုပ္ငန္းအသစ္ေတြအတြက္ ထုတ္လုပ္ ေပးေနရၿပီ ျဖစ္သည္။

ယေန႔အခ်ိန္မွာေတာ႔ သူဟာသူ႔မိဘေတြလက္ထက္က အစဥ္အလာေတြျဖစ္တဲ့ ၀န္ထမ္းေတြကို မိသားစု သဖြယ္ဆက္ဆံတဲ့ အစဥ္အလာကို ထိန္းသိမ္းထားတာကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ လုပ္ငန္းရွင္ သူေ႒းတစ္ဦးရဲ႕ သမီးျဖစ္တဲ့အတြက္ Lemery အေနနဲ႔အလုပ္မွာ ကာလၾကာလုပ္လာခဲ့သူ ၀န္ထမ္းေတြနဲ႔ပါ အျပန္အလွန္ယံုၾကည္မွဳေတြ တည္ေဆာက္ရမယ္ဆိုတာကို သူေကာင္းေကာင္းသိရွိေနခဲ့တယ္လို႔ ဆုိပါတယ္။

“၀န္ထမ္းေတြကို ဒါမိသားစုလုပ္ငန္းဆိုတာကို ေကာင္းေကာင္းခံစားရေအာင္လို႔ သူတုိ႔ကုိ သတင္းအခ်က္ အလက္ေတြ မ်ားမ်ားေ၀မွ်ေပးဖို႔လုိပါတယ္။ က်ြန္မတို႔ရဲ႕၀န္ထမ္းေတြ သူတို႔ေတြရဲ႕ပါ၀င္လုပ္ကိုင္ေပးမွဳေတြနဲ႔ အလုပ္က်င့္၀တ္ေတြမရွိဘူးဆုိရင္ ဒါေတြကို က်ြန္မတို႔လုပ္ေနႏိုင္မွာ မဟုတ္ပါဘူး”လုိ႔ Lemery ကေျပာသြားပါတယ္။

သူမဟာ၂၀၁၆ခုႏွစ္ရဲ႕www.ey.comကေရြးခ်ယ္ခ်ီးျမွင့္တဲ႔ Entrepreneur Of The Year 2016 Family Business Winner တစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။

Source; Strategy First Journal

Unicode Version

ဆယ်ကျော်သက်လူငယ်အများစုကတော့ သူတို့မိဘတွေက သူတို့ကိုအလုပ်အကြောင်း ပြောလာတဲ့အခါမျိုးမှာ သိပ်ပြီး စိတ်မဝင်စားတတ်တာမျိုးရှိကြပေမယ့် နောင်တစ်ချိန်မှာ Trisha Lemery ကတော့သူတဖြည်းဖြည်း ပညာတွေ ပိုလေ့လာရလာလေ သူ့အဖေဖြစ်သူ ၁၉၇၇ ခုနှစ်ကတည်ထောင်ခဲ့တဲ့ Winsert ကုန်ထုတ်ကုမ္ပဏီ အကြောင်းကို ပိုသိချင်လာလေ ဖြစ်လာခဲ့တယ်။
Winsert ဆီမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် Lemeryဟာတဖြည်းဖြည်းနဲ့ပိုပြီး တာဝန်ကြီးတဲ့ ရာထူး တာဝန်ကိုပါ တက်လှမ်းလုပ်ကိုင်ခဲ့တယ်။ နောက်ဆုံး ၂၀၀၈ခုနှစ်မှာ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာခဲ့တယ်။
“ကျွန်မ တကယ်စိတ်ဝင်စားခဲ့တာက တစ်ခုပဲရှိပါတယ်၊ အဲဒါက ကျွန်မတို့ရဲ့ တီထွင်ဆန်းသစ်ထားတဲ့ အလွိုင်း သတ္တုတွေအတွက် အမြောက်အမြားလိုအပ်လာမယ့် သိပ်ပြီးအသုံးမချရသေးတဲ့ စျေးကွက်အခွင့်အလမ်း တွေရှာဖို့ ဖြစ်ပါတယ်၊ ဒါတွေကိုရဖို့ ကျွန်မမှာလုပ်နိုင်တဲ့စွမ်းအား၊ အစီအစဉ်တွေရှိပါတယ်၊ လိုချင်တာကို ဘယ်လိုရအောင်ယူရမလဲဆိုတာကို လည်းသိခဲ့ပါတယ်လို့” သူမကရှင်းပြပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ ထိုစိတ်ကူးကို အကောင်အထည်မဖော်ခင်မှာကမ္ဘာလုံးဆိုင်ရာစီးပွားရေးပျက်ကိန်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ရောင်းအားတွေက ရ၆ရာခိုင်နှုန်းလောက်ကျဆင်းခဲ့တာကြောင့် ဖောက်သည်တွေ၊ လုပ်ငန်းအလားအလာ တွေကို ရှာဖွေဖို့ ခရီးထွက်ခဲ့ရပါတယ်။
နောက်ပိုင်း Lemery ဟာWinsert ကိုမြောက်မြားစွာသော စက်မှုလုပ်ငန်းတွေအတွက် အမျိုးမျိုးသော အလွိုင်းသတ္တထောက်ပံ့ပေးနိုင်တဲ့ လုပ်ငန်းကြီးတစ်ခုအဖြစ် ပုံဖော်ပေးနိုင်ခဲ့တယ်။ Winsert အနေနဲ့ ယင်းရဲ့အလွိုင်းသတ္တုတွေကို နည်းပညာအဆင်မြှင့်မှုတွေလုပ်နိုင်ခဲ့ပြီး Lemeryက အဲ့ဒီတီထွင်ဆန်းသစ်မှု တွေကို အသုံးချပြီးထုတ်ကုန်သစ်တွေကို တိုးချဲ့ကာအခြားစက်မှု လုပ်ငန်းတွေထဲထိ တိုးချဲ့ဝင်ရောက်တာ မျိုးတွေပါ လုပ်နိုင်ခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ Lemeryရဲ့ထုတ်ကုန် ၃၀ရာခိုင်းနှုန်းလောက်ဟာ လေကြောင်း၊ လျှပ်စစ်ထုတ်လုပ်ရေး၊ သစ်နဲ့အစားအစာထုတ်ပိုးရေး စတာတို့အပါအဝင် စက်မှုလုပ်ငန်းအသစ်တွေအတွက် ထုတ်လုပ် ပေးနေရပြီ ဖြစ်သည်။
ယနေ့အချိန်မှာတော့ သူဟာသူ့မိဘတွေလက်ထက်က အစဉ်အလာတွေဖြစ်တဲ့ ၀န်ထမ်းတွေကို မိသားစု သဖွယ်ဆက်ဆံတဲ့ အစဉ်အလာကို ထိန်းသိမ်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင် သူဋ္ဌေးတစ်ဦးရဲ့ သမီးဖြစ်တဲ့အတွက် Lemery အနေနဲ့အလုပ်မှာ ကာလကြာလုပ်လာခဲ့သူ ၀န်ထမ်းတွေနဲ့ပါ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်ရမယ်ဆိုတာကို သူကောင်းကောင်းသိရှိနေခဲ့တယ်လို့ ဆိုပါတယ်။
“၀န်ထမ်းတွေကို ဒါမိသားစုလုပ်ငန်းဆိုတာကို ကောင်းကောင်းခံစားရအောင်လို့ သူတို့ကို သတင်းအချက် အလက်တွေ များများဝေမျှပေးဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ဝန်ထမ်းတွေ သူတို့တွေရဲ့ပါ၀င်လုပ်ကိုင်ပေးမှုတွေနဲ့ အလုပ်ကျင့်ဝတ်တွေမရှိဘူးဆိုရင် ဒါတွေကို ကျွန်မတို့လုပ်နေနိုင်မှာ မဟုတ်ပါဘူး”လို့ Lemery ကပြောသွားပါတယ်။
သူမဟာ၂၀၁၆ခုနှစ်ရဲ့www.ey.comကရွေးချယ်ချီးမြှင့်တဲ့ Entrepreneur Of The Year 2016 Family Business Winner တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

Read times
Rate this item
(0 votes)