-->
×
Warning
JUser: :_load: Unable to load user with ID: 29
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် Digital Marketing Summit 2017 ကျင်းပရန်စီစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် Digital Marketing Summit 2017 ကျင်းပရန်စီစဉ် google.com
pre register link- Digital Marketing Summit 2017
Source ; မြ၀တီ
Unicode Verison
မြန်မာနိုင်ငံတွင် ပထမဆုံးသော Digital Marketing Summit 2017 Digital Minds (Marketing Consultant Agency) မှဦးစီးပြီး အောက်တိုဘာ(၁)ရက်တွင် ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ CEOတွေ၊ Directors တွေ၊ Brand & Marketing Manager တွေအတွက် Digital Marketing ကဒီနေ့ခေတ်ကာလမှာ အရေးကြီးလာပါတယ်။ Digital Marketing ရဲ့လက်ရှိအလားအလာ၊ နောင်ဖြစ်လာနိုင်မယ့် မျှော်မှန်းချက်၊ အကြောင်းအရာတွေကို နားလည်ကျွမ်းကျင် သူတွေက ဆွေးနွေးဖလှယ်ကြမှာဖြစ်ပြီး မိမိတို့လုပ်ငန်းအတွက် Digital Marketing ကိုအသုံးချနိုင်ဖို့ ရည်ရွယ်တာပါ” ဟု Digital Minds (Marketing Consultant Agency) ၏ Managing Director ကိုဟိန်းသက်ခင်ဇော်ကပြောသည်။
ယင်းပွဲတွင် Digital Marketing ဆိုင်ရာဗဟုသုတများစွာကို ပြည်တွင်းရှိထိပ်တန်းကုမ္ပဏီများမှ Directorများ၊ Professsional Digital Marketer များ၊ Social Media Influencer များနှင့်အတွေ့အကြုံရှိ ပြည်တွင်းပြည်ပမှ ပညာရှင်များအသီးသီးက Digital Marketing ဆိုင်ရာအကြောင်းအရာများကို ပါ၀င်ဆွေးနွေးကြမည်ဖြစ်သည်။
Digital Marketing နည်းလမ်းများသည် မြန်ဆန်ခြင်း၊ ထိရောက်မှုရှိခြင်း၊ ထိရောက်မှုကို တိတိကျကျတိုင်းတာနိုင်ခြင်း တို့ကြောင့် လုပ်ငန်းရှင်များက Digital Marketing နည်းလမ်းများကို ကူးပြောင်းလုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်းသိရသည်။
Digital Marketing Summit 2017 ပွဲသည် လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ Brand Manager များ၊ Marketing Manager များ၊ Digital Marketing ကိုစိတ်ဝင်စားသူ လူငယ်များ Digital Marketing အကြောင်းအရာများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ တက်ရောက်သင့်တဲ့ ပွဲဖြစ်ပါတယ်။
နေ့ရက် ။ ။ အောက်တိုဘာလ ၊ ၁ ရက် ၊ ၂၀၁၇ (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီ
နေရာ ။ ။ Summit Parkview Hotel ၊ ရန်ကုန်မြို့
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Digital Marketing Summit 2017 ပွဲဟာ Digital Marketing ဆိုင်ရာ အသိပညာများစွာ ရရှိမယ့် ပွဲကြီးဖြစ်လို့ တက်ရောက်လိုသူများအနေနဲ့ ပထမအဆင့်အနေဖြင့် အောက်ပါလင့်ခ်မှတဆင့် Pre-register ပြုလုပ်ပေးရမည်။
Read times
Rate this item
(2 votes)