-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခိုင္မာေသာရည္မွန္းထားရွိျခင္းက သင့္ကိုေအာင္ျမင္ေစမွာပါ

ခိုင္မာေသာရည္မွန္းထားရွိျခင္းက သင့္ကိုေအာင္ျမင္ေစမွာပါ google.com

ကုိယ္ရဲ႕ခိုင္မာတဲ့ ရည္မွန္းခ်က္တစ္ခု၊ျပတ္သားတဲ႔စိတ္ဓါတ္ေတြဟာ ဘ၀ႀကီးမွာေအာင္ျမင္မွဳေတြကို ရရွိေအာင္စြမ္းေဆာင္ႏုိင္ပါတယ္။

စိတ္ရဲ႔ေစခိုင္းတာကို ခႏၶာကိုယ္ႀကီးကလုပ္္တာလား၊ ခႏၶာကိုယ္ႀကီးကေစခိုင္းတာကို စိတ္က လုပ္တာ လားဆိုတာကို က်ြန္ေတာ္တို႔ျပန္လည္စဥ္းစားတဲ့အခါမွာ ဘယ္တစ္ခုက ပိုၿပီး ေအာင္ျမင္မွဳ ရရွိေစႏုိင္မွာလဲ။

က်ြန္ေတာ္ကေတာ့ စိတ္ရဲ႔ေစခိုင္းသမွ် ခႏၶာကိုယ္ႀကီးကုိ ခုိင္းမွ ေအာင္ျမင္ႏုိင္တယ္လုိ႔ သတ္မွတ္ခ်င္ပါတယ္။

က်ြန္ေတာ္တို႔ကို ေအာင္ျမင္ေစတာလည္း ဒီအေတြးနဲ႔စိတ္ကူးေတြ၊ က်ရွံဳးေစတာလည္း ဒီအေတြးနဲ႔ စိတ္ကူးေတြပါပဲ။

လုပ္ငန္းခြင္ထဲမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေၾကာင္းအရာတစ္ခုနဲ႔ ဥပမာတစ္ခုနဲ႔ခုိင္းႏွိဳင္းေျပာဆုိခ်င္ပါတယ္။ ဒါဟာတကယ့္အျဖစ္အပ်က္ပါ။

က်ြန္ေတာ္နဲ႔သိတဲ့ အစ္ကိုတစ္ေယာက္သူnetwork engineerတစ္ေယာက္အရမး္ျဖစ္ခ်င္တယ္၊ သူ႔ရဲ႕ရည္ရြယ္ခ်က္ကလည္း ဒါျဖစ္ရမယ္လုိ႔ ယံုၾကည္ထားတယ္။

သို႔ေသာ္ ဒီအင္ဂ်င္နီယာတစ္ေယာက္မျဖစ္ခင္ အေျခအေနေတြေၾကာင့္ ဟိုတယ္တစ္ခုရဲ႕ ့housekeeping မွအလုပ္လုပ္ခဲ့ရတယ္။ သူtips money ေတြလည္းရလာတယ္။ ဒါေပမဲ့ ဒီေန႔ရက္ေတြကို သူ႔ဘ၀ရဲ႔အခါးသီးဆံုး ေန႔ရက္ေတြလို႔ သူသတ္မွတ္ထားတယ္။

ဒီေနရာမွာသင္ေမးခြန္းေတြျပန္ေမးလာႏိုင္တယ္ အင္ဂ်င္နီယာျဖစ္ခ်င္ၿပီး Housekeeping မွာ လုပ္ရလဲဆိုၿပီးေတာ့ေပါ့။ အျခားသက္ဆိုင္တဲ့ေနရာေတြ အမ်ားႀကီးေပါ့။ အေျပာလြယ္ပါတယ္။ အလုပ္ကခက္တယ္ဗ်ာ။ ကိုယ့္အိမ္ရဲ႕ေထာက္ပံေပးမွဳမရွိဘူးဆိုရင္ ပိုလို႔ေတာင္ခက္ခဲပါတယ္။ network သင္တန္းတစ္ခုမွာ တက္ၿပီးအေျခခံအက်ဆံုး လိုအပ္ခ်က္ျဖစ္တဲ့ Laptopတစ္ခုေလာက္ေတာင္မရွိဘူးဆုိလွ်င္ ကုိယ္ဟာသူမ်ားေတြထက္ ေနာက္က်ေနမွာပါ။ Network Engineer တစ္ေယာက္မျဖစ္ခင္ဘ၀ဆုိတာ ႀကိဳးစားအားထုတ္မွဳတစ္ခုတည္းနဲ႔တင္ မလံုေလာက္ဘူးေပါ့ဗ်ာ။ ဒီနယ္ပယ္မွာတင္ မဟုတ္ပါဘူး။ အျခားမတူညီတဲ့ နယ္ပယ္မွာေတြလည္း ဒီလုိပါပဲ။

က်ြန္ေတာ္ဆိုလိုခ်င္တာကေတာ့ ကိုယ့္ရဲ႕ရည္မွန္းခ်က္လမ္းေတြေပၚစတင္ မတက္လွမ္းႏုိင္ခင္မွာတင္ ရင္ဆုိင္ရမယ္႔ အခက္အခဲေတြ၊ ႀကိဳတင္ျပင္ဆင္ထားရမယ့္ စိတ္ေနစိတ္ထားေတြပါ။

ဒီအစ္ကိုေနရာမွာဆိုရင္ စိတ္ဓါတ္မခိုင္မွာဘဲ ဒီtips money ေလးေတြနဲ႔သာသာမယ္၊ ကိုယ့္ရဲ႕ နဂိုမူလ ရည္မွန္းခ်က္ေတြကို ေမ့ပစ္လုိက္မယ္ဆိုရင္ ေအာင္ျမင္တဲ့ engineer တစ္ေယာက္ရဲ႔ဘ၀ကို လည္းရရွိႏုိင္မွာ မဟုတ္ပါဘူး။

အဓိကကေေတာ့ ကိုယ့္ရဲ႔စိတ္ပါပဲ။ ကိုယ့္ရဲ႔စိတ္ဓါတ္ကသာ ခိုင္မာျပတ္သားေနမယ္္ဆိုလ်ွင္ ကိုယ္ရည္ရြယ္တဲ့ ေနရာတစ္ခုဆိုတာ မေ၀းေတာ့တဲ့ အနာဂါတ္ပါ။ ဒီမေရာက္ခင္စပ္ၾကားမွာ သင္ေခ်ာ္လဲမယ္၊ ခလုတ္တိုက္မယ္၊ စိတ္ေတြရွဳပ္ေထြးကာ ဘာမွမလုပ္ခ်င္တဲ့ စိတ္ေတြျဖစ္လာမယ္။ကိုယ္ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္နဲ႔ မဆိုင္တာ ေတြလည္း လုပ္ေကာင္းလုပ္ရပါလိမ့္မယ္။ ဒါေတြဟာ ခဏတာလုိ႔ သင္မွတ္ယူၿပီးႀကိဳးစားမယ္ဆုိရင္ ေအာင္ျမင္တဲ့ဘ၀တစ္ခုကို ရရွိႏုိင္မွာ ဧကန္မလြဲပါပဲ။

House Keeping တစ္ေယာက္အေနနဲ႔ လုပ္ခဲ႔ရတဲ့ အစ္ကုိတစ္ေယာက္ အခုေတာ့ ႏုိင္ငံရပ္ျခားမွာ သူရဲ႕ရည္မွန္းခ်က္တစ္ခုျဖစ္တဲ့ Network Engineer တစ္ေယာက္အျဖစ္ရည္တည္ေနႏိုင္ပါၿပီ။

“Nothing is impossible to a willing man”

ဆႏၵရွိသူ တစ္ေယာက္အတြက္ မျဖစ္ႏုိင္ဘူးဆုိတာမရွိပါဘူး။

Unicode Version

ကိုယ်ရဲ့ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခု၊ပြတ်သားတဲ့စိတ်ဓါတ်တွေဟာ ဘဝကြီးမှာအောင်မြင်မှုတွေကို ရရှိအောင်စွမ်းဆောင်နိုင်ပါတယ်။
စိတ်ရဲ့စေခိုင်းတာကို ခန္ဓာကိုယ်ကြီးကလုပ််တာလား၊ ခန္ဓာကိုယ်ကြီးကစေခိုင်းတာကို စိတ်က လုပ်တာ လားဆိုတာကို ကျွန်တော်တို့ပြန်လည်စဉ်းစားတဲ့အခါမှာ ဘယ်တစ်ခုက ပိုပြီး အောင်မြင်မှု ရရှိစေနိုင်မှာလဲ။
ကျွန်တော်ကတော့ စိတ်ရဲ့စေခိုင်းသမျှ ခန္ဓာကိုယ်ကြီးကို ခိုင်းမှ အောင်မြင်နိုင်တယ်လို့ သတ်မှတ်ချင်ပါတယ်။
ကျွန်တော်တို့ကို အောင်မြင်စေတာလည်း ဒီအတွေးနဲ့စိတ်ကူးတွေ၊ ကျရှုံးစေတာလည်း ဒီအတွေးနဲ့ စိတ်ကူးတွေပါပဲ။
လုပ်ငန်းခွင်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုနဲ့ ဥပမာတစ်ခုနဲ့ခိုင်းနှိုင်းပြောဆိုချင်ပါတယ်။ ဒါဟာတကယ့်အဖြစ်အပျက်ပါ။
ကျွန်တော်နဲ့သိတဲ့ အစ်ကိုတစ်ယောက်သူnetwork engineerတစ်ယောက်အရမး်ဖြစ်ချင်တယ်၊ သူ့ရဲ့ရည်ရွယ်ချက်ကလည်း ဒါဖြစ်ရမယ်လို့ ယုံကြည်ထားတယ်။
သို့သော် ဒီအင်ဂျင်နီယာတစ်ယောက်မဖြစ်ခင် အခြေအနေတွေကြောင့် ဟိုတယ်တစ်ခုရဲ့ ့housekeeping မှအလုပ်လုပ်ခဲ့ရတယ်။ သူtips money တွေလည်းရလာတယ်။ ဒါပေမဲ့ ဒီနေ့ရက်တွေကို သူ့ဘဝရဲ့အခါးသီးဆုံး နေ့ရက်တွေလို့ သူသတ်မှတ်ထားတယ်။
ဒီနေရာမှာသင်မေးခွန်းတွေပြန်မေးလာနိုင်တယ် အင်ဂျင်နီယာဖြစ်ချင်ပြီး Housekeeping မှာ လုပ်ရလဲဆိုပြီးတော့ပေါ့။ အခြားသက်ဆိုင်တဲ့နေရာတွေ အများကြီးပေါ့။ အပြောလွယ်ပါတယ်။ အလုပ်ကခက်တယ်ဗျာ။ ကိုယ့်အိမ်ရဲ့ထောက်ပံပေးမှုမရှိဘူးဆိုရင် ပိုလို့တောင်ခက်ခဲပါတယ်။ network သင်တန်းတစ်ခုမှာ တက်ပြီးအခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ Laptopတစ်ခုလောက်တောင်မရှိဘူးဆိုလျှင် ကိုယ်ဟာသူများတွေထက် နောက်ကျနေမှာပါ။ Network Engineer တစ်ယောက်မဖြစ်ခင်ဘဝဆိုတာ ကြိုးစားအားထုတ်မှုတစ်ခုတည်းနဲ့တင် မလုံလောက်ဘူးပေါ့ဗျာ။ ဒီနယ်ပယ်မှာတင် မဟုတ်ပါဘူး။ အခြားမတူညီတဲ့ နယ်ပယ်မှာတွေလည်း ဒီလိုပါပဲ။
ကျွန်တော်ဆိုလိုချင်တာကတော့ ကိုယ့်ရဲ့ရည်မှန်းချက်လမ်းတွေပေါ်စတင် မတက်လှမ်းနိုင်ခင်မှာတင် ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ကြိုတင်ပြင်ဆင်ထားရမယ့် စိတ်နေစိတ်ထားတွေပါ။
ဒီအစ်ကိုနေရာမှာဆိုရင် စိတ်ဓါတ်မခိုင်မှာဘဲ ဒီtips money လေးတွေနဲ့သာသာမယ်၊ ကိုယ့်ရဲ့ နဂိုမူလ ရည်မှန်းချက်တွေကို မေ့ပစ်လိုက်မယ်ဆိုရင် အောင်မြင်တဲ့ engineer တစ်ယောက်ရဲ့ဘဝကို လည်းရရှိနိုင်မှာ မဟုတ်ပါဘူး။
အဓိကကေတော့ ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ့်ရဲ့စိတ်ဓါတ်ကသာ ခိုင်မာပြတ်သားနေမယ််ဆိုလျှင် ကိုယ်ရည်ရွယ်တဲ့ နေရာတစ်ခုဆိုတာ မဝေးတော့တဲ့ အနာဂါတ်ပါ။ ဒီမရောက်ခင်စပ်ကြားမှာ သင်ချော်လဲမယ်၊ ခလုတ်တိုက်မယ်၊ စိတ်တွေရှုပ်ထွေးကာ ဘာမှမလုပ်ချင်တဲ့ စိတ်တွေဖြစ်လာမယ်။ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ မဆိုင်တာ တွေလည်း လုပ်ကောင်းလုပ်ရပါလိမ့်မယ်။ ဒါတွေဟာ ခဏတာလို့ သင်မှတ်ယူပြီးကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ဘဝတစ်ခုကို ရရှိနိုင်မှာ ဧကန်မလွဲပါပဲ။
House Keeping တစ်ယောက်အနေနဲ့ လုပ်ခဲ့ရတဲ့ အစ်ကိုတစ်ယောက် အခုတော့ နိုင်ငံရပ်ခြားမှာ သူရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ Network Engineer တစ်ယောက်အဖြစ်ရည်တည်နေနိုင်ပါပြီ။
“Nothing is impossible to a willing man”
ဆန္ဒရှိသူ တစ်ယောက်အတွက် မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။

Read times
Rate this item
(0 votes)