-->
×

Warning

JUser: :_load: Unable to load user with ID: 29


အျမင္မတူတုိင္း ရန္သူျဖစ္ရေတာ့မွာလား

အျမင္မတူတုိင္း ရန္သူျဖစ္ရေတာ့မွာလား google.com

ကမၻာႀကီးကို လူသားအားလံုးက မတူညီေသာ ရွဴ႕ေထာင့္မ်ားနဲ႔ ၾကည့္ရွဴေနၾကတာပါ။ ကမၻာႀကီးရဲ႔ အေရွ႔ဘက္ျခမ္းနဲ႔ အေနာက္ဘက္ျခမ္းေတြေတာင္ တူညီမွဳမရွိပါဘူး။ က်ြန္ေတာ္တို႔ကိုယ္ က်ြန္ေတာ္တို႔ ၾကည့္တဲ႔အခါမွာေတာင္ အခ်ိန္၊ ေနရာ ၊ ခံစားခ်က္ေပၚမူတည္ၿပီး ကြဲျပားသြားၾကတာပဲ။ အရာအားလံုးကုိ တူညီဖို႔ေတာ့ ႀကိဳစားလုိ႔မရႏိုင္ပါဘူး။

 

တစ္ခါတစ္ရံ ကုိယ္လက္ခံထားတဲ႔အရာတစ္ခုကို အျခားသူတစ္ေယာက္ကအမွားလုိ႔ လာေျပာခဲ့ရင္ စိတ္ထဲမွာ တႏံု႔ႏုံ႔ျဖစ္ၿပီးေျပာလုိက္တဲ့သူကို မေက်နပ္ေတြျဖစ္ကာ ေဒါသေတြျဖစ္တတ္ပါတယ္။ဒီလိုေဒါသျဖစ္တဲ့ အခါ ဘယ္သူပိုၿပီးပူေလာင္ရသလဲ ေသခ်ာျပန္စဥ္းစားၿကည့္ပါ။ ကိုယ္ကိုယ္တုိင္ကသာ အပူေလာင္ဆံုး ခံစားရ တတ္ပါတယ္။

က်ြန္ေတာ္တ႔ိုမွာရွိတဲ့ လက္ငါးေခ်ာင္းေတာင္ ေမြးကတည္းက အတိုအရွည္မညီၾကတာ ဘ၀သံသရာတစ္ေကြ႔မွာ ႀကံဳဆံုၾကရတဲ့ လူသားေတြဆို ေျပာဖြယ္ရာမရွိေတာ့ပါဘူး။

ကိုယ္ေထာက္ခံေျပာဆိုလိုက္တဲ့ အရာ၊ အေၾကာင္းအရာတစ္ခုကို ရွဴျမင္ပံုခ်င္းမတူညီႏုိင္ပါဘူး။ ကုိယ္က လက္ဖ၀ါးလို႔ျမင္ေနေပမယ့္ အျခားသူမ်ားက လက္ဖမိုးလုိလည္း ျမင္ႏုိင္ပါတယ္။ ျမင္ခြင့္လည္းရွိပါတယ္။ ဒါေၾကာင့္ ကိုယ္နဲ့ အျမင္မတူဘူးဆုိၿပီး အျငင္းပြားစရာ၊ မုန္းစရာမရွိပါဘူး။

အျဖဴေရာင္ကို အေနာက္တိုင္းသားက သူတို႔ရဲ႔မဂၤလာပြဲမွာ ၀တ္ဆင္ၾကေပမယ့္ အိႏၵိယႏုိင္ငံမွာေတာ့ တစ္စံုတစ္္ေယာက္ေသဆံုးသြားတဲ့ အခါမွသာ ၀တ္ဆင္ၾကတာပါ။ ႏိုင္ငံေတြရဲ႕ အယူအဆ၊ ယဥ္ေက်းမွဳ၊ ဘာသာတရားကြာျခားခ်က္ေတြေၾကာင့္ ကြဲလဲႏိုင္ပါတယ္။ ဒါေတြကို ကိုယ့္အယူအဆနဲ႔မတူလို႔ဆုိၿပီး မွားတယ္လုိ႔ ေျပာလုိ႔မရႏုိင္ပါဘူး။ အျမင္မတူတိုင္းသာ ရန္သူျဖစ္ရမယ္ဆုိရင္ ခ်စ္ၾကည္ေရး၊ ခ်စ္ျခင္းဆုိတဲ့ စကားေလးလံုးေတာင္ ျဖစ္တည္လာမွာ မဟုတ္ေတာ့ပါဘူး။

ဒါေၾကာင့္ ကိုယ္နဲအျမင္မတူသူေတြနဲ႔ ေတြဆံုၾကတဲ့အခါ က်ြန္ေတာ္တို႔လုပ္ေဆာင္ရမွာေတြက

Read-ေအာင္ျမင္ႏိုင္ရန္ က်င့္သံုးသင့္တဲ့ အမူအက်င့္ေကာင္းမ်ား

♦အၿပိဳင္မျငင္းပါနဲ႔။

♦အေၾကာင္းအရာတစ္ခုကို သက္ေသနဲ့တစ္ကြ က်ိဳးေၾကာင္းဆီေလ်ွာ္စြာ တံု႔ျပန္ေျပာဆုိပါ။

♦တစ္ပါးသူေျပာဆုိေနတာေတြက ကိုယ္လက္မခံႏုိင္သည့္တုိင္ေအာင္ ၾကားျဖတ္မေျပာဘဲ ဆံုးေအာင္နားေထာင္ေပးပါ။

♦စိတ္ေအးေအးထားေျပာဆိုပါ။

♦ေဒါသမထြက္ပါနဲ႔။

Myat

Unicode Verison

ကမ္ဘာကြီးကို လူသားအားလုံးက မတူညီသော ရှူ့ထောင့်များနဲ့ ကြည့်ရှူနေကြတာပါ။ ကမ္ဘာကြီးရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေတောင် တူညီမှုမရှိပါဘူး။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကြည့်တဲ့အခါမှာတောင် အချိန်၊ နေရာ ၊ ခံစားချက်ပေါ်မူတည်ပြီး ကွဲပြားသွားကြတာပဲ။ အရာအားလုံးကို တူညီဖို့တော့ ကြိုစားလို့မရနိုင်ပါဘူး။
တစ်ခါတစ်ရံ ကိုယ်လက်ခံထားတဲ့အရာတစ်ခုကို အခြားသူတစ်ယောက်ကအမှားလို့ လာပြောခဲ့ရင် စိတ်ထဲမှာ တနုံ့နုံ့ဖြစ်ပြီးပြောလိုက်တဲ့သူကို မကျေနပ်တွေဖြစ်ကာ ဒေါသတွေဖြစ်တတ်ပါတယ်။ဒီလိုဒေါသဖြစ်တဲ့ အခါ ဘယ်သူပိုပြီးပူလောင်ရသလဲ သေချာပြန်စဉ်းစားကြည့်ပါ။ ကိုယ်ကိုယ်တိုင်ကသာ အပူလောင်ဆုံး ခံစားရ တတ်ပါတယ်။
ကျွန်တော်တိ့ုမှာရှိတဲ့ လက်ငါးချောင်းတောင် မွေးကတည်းက အတိုအရှည်မညီကြတာ ဘဝသံသရာတစ်ကွေ့မှာ ကြုံဆုံကြရတဲ့ လူသားတွေဆို ပြောဖွယ်ရာမရှိတော့ပါဘူး။
ကိုယ်ထောက်ခံပြောဆိုလိုက်တဲ့ အရာ၊ အကြောင်းအရာတစ်ခုကို ရှူမြင်ပုံချင်းမတူညီနိုင်ပါဘူး။ ကိုယ်က လက်ဖဝါးလို့မြင်နေပေမယ့် အခြားသူများက လက်ဖမိုးလိုလည်း မြင်နိုင်ပါတယ်။ မြင်ခွင့်လည်းရှိပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အမြင်မတူဘူးဆိုပြီး အငြင်းပွားစရာ၊ မုန်းစရာမရှိပါဘူး။
အဖြူရောင်ကို အနောက်တိုင်းသားက သူတို့ရဲ့မင်္ဂလာပွဲမှာ ၀တ်ဆင်ကြပေမယ့် အိန္ဒိယနိုင်ငံမှာတော့ တစ်စုံတစ််ယောက်သေဆုံးသွားတဲ့ အခါမှသာ ၀တ်ဆင်ကြတာပါ။ နိုင်ငံတွေရဲ့ အယူအဆ၊ ယဉ်ကျေးမှု၊ ဘာသာတရားကွာခြားချက်တွေကြောင့် ကွဲလဲနိုင်ပါတယ်။ ဒါတွေကို ကိုယ့်အယူအဆနဲ့မတူလို့ဆိုပြီး မှားတယ်လို့ ပြောလို့မရနိုင်ပါဘူး။ အမြင်မတူတိုင်းသာ ရန်သူဖြစ်ရမယ်ဆိုရင် ချစ်ကြည်ရေး၊ ချစ်ခြင်းဆိုတဲ့ စကားလေးလုံးတောင် ဖြစ်တည်လာမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကိုယ်နဲအမြင်မတူသူတွေနဲ့ တွေဆုံကြတဲ့အခါ ကျွန်တော်တို့လုပ်ဆောင်ရမှာတွေက
♦အပြိုင်မငြင်းပါနဲ့။
♦အကြောင်းအရာတစ်ခုကို သက်သေနဲ့တစ်ကွ ကျိုးကြောင်းဆီလျှော်စွာ တုံ့ပြန်ပြောဆိုပါ။
♦တစ်ပါးသူပြောဆိုနေတာတွေက ကိုယ်လက်မခံနိုင်သည့်တိုင်အောင် ကြားဖြစ်မပြောဘဲ ဆုံးအောင်နားထောင်ပေးပါ။
♦စိတ်အေးအေးထားပြောဆိုပါ။
♦ဒေါသမထွက်ပါနဲ့။
Myat

Read times
Rate this item
(1 Vote)