-->
×

Warning

JUser: :_load: Unable to load user with ID: 29


တန္ရာတန္ေၾကးေပးလိုေသာဆႏၵ

တန္ရာတန္ေၾကးေပးလိုေသာဆႏၵ google.com

အခ်ိန္နဲ႔အမ်ွပါပဲ။ ေအာင္ျမင္မွဳဆုိတာ စြန္႔လႊတ္အနစ္နာခံမွဳဆီက ဆင္းသက္လာတာပါ။ အဲ့ဒါေၾကာင့္ တန္ရာတန္ေၾကး ေပးခ်င္တဲ့ စိတ္ဆႏၵေတာ႔ရွိရပါမယ္။

ေအာင္ျမင္တဲ့ အသင္းတစ္သင္းအေနနဲ႔လည္း အလားတူပါပဲ။ အဖြဲ႔သားတစ္ဦးခ်င္းစီတိုင္းဟာ ႀကိဳတင္ ေလ့က်င္႔ျပင္ဆင္ဖို႔၊ အခ်ိန္နဲ႔ခြန္အားေတြကို စြန္႔လႊတ္အနစ္နာခံတတ္တဲ့စိတ္ ရွိရပါမယ္။ ၿပီးရင္ တာ၀န္ခံ ရပါမယ္။တစ္ဦးခ်င္းဟာ ကိုယ့္လိုအင္ဆႏၵကိုလည္း စြန္႔လႊတ္ရပါလိမ့္မယ္။ အသင္းေအာင္ျမင္ ႏုိင္ေရးအတြက္ ကိုယ္နဲ႔ဆုိင္တဲ့ အစိတ္အပုိင္းတစ္ခ်ိဳ႕ကိုလည္း စြန္႔လႊတ္ရပါလိမ့္မယ္။

 

ဒါေတြဟာ စီးပြားေရးလုပ္ငန္းအတြက္ လည္းမွန္ကန္တာပါပဲ။ စစ္ပြဲေတြအတြက္ေတာင္မွန္ကန္ပါတယ္။

ပင္လယ္ေကြ႔စစ္ပြဲေတြရဲ႔ မဟာမိတ္တပ္ဖြဲ႔ေတြရဲ႔ စစ္ဦးစီးမွဴးဗိုလ္ခ်ဳပ္ႀကီး ေနာ္မန္ရွ၀ပ္ေကာ့ကုိ သတင္းစာ ဆရာေဒးဗစ္ဖေရာ႔စ္က ေတြ႔ဆံုေမးျမန္းခန္းတစ္ခုမွာ “ဒီကိစၥေတြအားလံုးမွာ ဗိုလ္ခ်ဳပ္ႀကီးရယူခဲ့တဲ့ အႀကီးမားဆံုးသင္ခန္းစာက ဘာျဖစ္မလဲ” လို႔ေမးခဲ႔တယ္။

Read-ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ

“စစ္ေရးဆုိင္ရာ အေျခခံအမွန္တရားတစ္ခုရွိတယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။ ခင္ဗ်ားအေနနဲ႔ စစ္အင္အားဆက္ႏြယ္ေပါင္းစညး္မွဳထပ္တုိးႏုိင္ပါတယ္။ တင့္ကားေတြဘယ္ေလာက္ရွိသလဲ ၾကည့္ႏုိင္ပါတယ္။ ေလယာဥ္ပ်ံေတြ ဘယ္ေလာက္ရွိသလဲၾကည့္ႏုိင္ပါတယ္။ စစ္တုိက္ရန္အတြက္ လုိအပ္တဲ့ပစၥည္းအေထာက္အပံ အကုန္ရွိေသာ္လည္း ေျမျပင္ကစစ္သားေတြ၊ ေလထဲကစစ္သည္ေတာ္ေတြ ေအာင္ႏုိင္ခ်င္စိတ္မရွိဘဲနဲ႔ ၊ စစ္ပြဲကို သြားလိုတဲ႔ရဲရင့္သတၱိမရွိဘဲနဲ႔၊ ဒါဟာသူတို႔တုိင္းျပည္အတြက္လုိ႔ မယံုၾကည္ဘဲနဲ႔ က်န္တဲ့အရာေတြဟာ အခ်ည္းအႏွီးျဖစ္သြားႏိုင္ပါတယ္”

လူတစ္ဦးခ်င္းစီက သူတုိ႔လုပ္ရက်ိဳးနပ္တယ္လုိ႔ ခံယူခ်က္မရွိဘဲနဲ႔ စစ္ပြဲဘယ္ေတာ့မွ မေအာင္ႏုိင္ပါဘူး။ အသင္းအေနနဲ့လည္း ဘယ္ေတာ့မွာ မေအာင္ျမင္ႏုိင္ပါဘူး။ စိတ္ပုိင္းျဖတ္မွဳရွိရပါမယ္။

အေနေခ်ာင္မွာ ကုိယ္ကလုပ္မယ္လို႔ စိတ္ပုိင္းျဖတ္ထားတာလား။ ဒီလုိစိတ္ဓါတ္ေတြကို မေမြးျမဴထားပါနဲ႔။ သင့္နဲ့ သင့္အသင္းအဖြဲ႔တစ္ခုလံုးအတြက္ ေအာင္ျမင္မွဳေတြရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္မွာ မဟုတ္ပါဘူး။ သက္ေရာက္မွဳတုိင္းမွာ တန္ျပန္သက္ေရာက္မွဳရွိသလို ကိုယ္ကေညာင္စိေလာက္ႀကိဳးစားအားထုတ္ရင္ ေညာင္ပင္ႀကီးေလာက္ရမယ္လုိ႔ မေမွ်ာ္လင့္ပါနဲ႔။ ကုိယ္အားထုတ္သေလာက္ပဲ ရမွာပါ။

Source; Democracy Today

Unicode Version

အချိန်နဲ့အမျှပါပဲ။ အောင်မြင်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမှုဆီက ဆင်းသက်လာတာပါ။ အဲ့ဒါကြောင့် တန်ရာတန်ကြေး ပေးချင်တဲ့ စိတ်ဆန္ဒတော့ရှိရပါမယ်။
အောင်မြင်တဲ့ အသင်းတစ်သင်းအနေနဲ့လည်း အလားတူပါပဲ။ အဖွဲ့သားတစ်ဦးချင်းစီတိုင်းဟာ ကြိုတင် လေ့ကျင့်ပြင်ဆင်ဖို့၊ အချိန်နဲ့ခွန်အားတွေကို စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ် ရှိရပါမယ်။ ပြီးရင် တာဝန်ခံ ရပါမယ်။တစ်ဦးချင်းဟာ ကိုယ့်လိုအင်ဆန္ဒကိုလည်း စွန့်လွှတ်ရပါလိမ့်မယ်။ အသင်းအောင်မြင် နိုင်ရေးအတွက် ကိုယ်နဲ့ဆိုင်တဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်း စွန့်လွှတ်ရပါလိမ့်မယ်။
ဒါတွေဟာ စီးပွားရေးလုပ်ငန်းအတွက် လည်းမှန်ကန်တာပါပဲ။ စစ်ပွဲတွေအတွက်တောင်မှန်ကန်ပါတယ်။
ပင်လယ်ကွေ့စစ်ပွဲတွေရဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးမှူးဗိုလ်ချုပ်ကြီး နော်မန်ရှဝပ်ကော့ကို သတင်းစာ ဆရာဒေးဗစ်ဖရော့စ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ “ဒီကိစ္စတွေအားလုံးမှာ ဗိုလ်ချုပ်ကြီးရယူခဲ့တဲ့ အကြီးမားဆုံးသင်ခန်းစာက ဘာဖြစ်မလဲ” လို့မေးခဲ့တယ်။
“စစ်ရေးဆိုင်ရာ အခြေခံအမှန်တရားတစ်ခုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားအနေနဲ့ စစ်အင်အားဆက်နွယ်ပေါင်းစညး်မှုထပ်တိုးနိုင်ပါတယ်။ တင့်ကားတွေဘယ်လောက်ရှိသလဲ ကြည့်နိုင်ပါတယ်။ လေယာဉ်ပျံတွေ ဘယ်လောက်ရှိသလဲကြည့်နိုင်ပါတယ်။ စစ်တိုက်ရန်အတွက် လိုအပ်တဲ့ပစ္စည်းအထောက်အပံ အကုန်ရှိသော်လည်း မြေပြင်ကစစ်သားတွေ၊ လေထဲကစစ်သည်တော်တွေ အောင်နိုင်ချင်စိတ်မရှိဘဲနဲ့ ၊ စစ်ပွဲကို သွားလိုတဲ့ရဲရင့်သတ္တိမရှိဘဲနဲ့၊ ဒါဟာသူတို့တိုင်းပြည်အတွက်လို့ မယုံကြည်ဘဲနဲ့ ကျန်တဲ့အရာတွေဟာ အချည်းအနှီးဖြစ်သွားနိုင်ပါတယ်”
လူတစ်ဦးချင်းစီက သူတို့လုပ်ရကျိုးနပ်တယ်လို့ ခံယူချက်မရှိဘဲနဲ့ စစ်ပွဲဘယ်တော့မှ မအောင်နိုင်ပါဘူး။ အသင်းအနေနဲ့လည်း ဘယ်တော့မှာ မအောင်မြင်နိုင်ပါဘူး။ စိတ်ပိုင်းဖြတ်မှုရှိရပါမယ်။
အနေချောင်မှာ ကိုယ်ကလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတာလား။ ဒီလိုစိတ်ဓါတ်တွေကို မမွေးမြူထားပါနဲ့။ သင့်နဲ့ သင့်အသင်းအဖွဲ့တစ်ခုလုံးအတွက် အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသလို ကိုယ်ကညောင်စိလောက်ကြိုးစားအားထုတ်ရင် ညောင်ပင်ကြီးလောက်ရမယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ်အားထုတ်သလောက်ပဲ ရမှာပါ။
Source; Democracy Today

Read times
Rate this item
(0 votes)