-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ္ရမယ့္အလုပ္ေတြကို ဘာေၾကာင့္အခ်ိန္ဆြဲေနၾကတာလဲ

လုပ္ရမယ့္အလုပ္ေတြကို ဘာေၾကာင့္အခ်ိန္ဆြဲေနၾကတာလဲ google.com

အခ်ိန္ဆြဲတတ္တဲ့အက်င့္က မေကာင္းဘူးဆုိတာ ငယ္ငယ္ေလးကတည္းက က်ြန္ေတာ္တို႔နားရည္၀ခဲ့ၾကတာပါ။ ဒါမေကာင္းဘူးဆုိတာ သိသိရက္နဲ႔အမွတ္တမဲ့ေသာ္လည္းေကာင္း၊ တမင္တကာေသာ္လည္းေကာင္း အခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာ လုပ္မိေနတတ္ၾကတယ္။

ဒီအက်င့္ႀကီးကုိ ေျပာင္းလဲပစ္မယ္လို႔ အႀကိမ္ႀကိမ္အခါခါ ႀကိမ္း၀ါးလိုက္၊ ကုိယ့္ကုိယ္အစီအစဥ္ေတြအျပည့္ဆြဲလုိက္နဲ႔ လုပ္ေသာ္လည္း ေနာက္ဆံုးက်ေတာ့ ဒီအက်င္႔   ဆိုးႀကီးက အျမစ္မျပတ္ျပန္ဘူး။ က်ြန္ေတာ္တုိ႔ရဲ႔ အခ်ိန္ကိုခိုးယူစားသံုးေနတာဟာ ဒီအခ်ိန္ဆြဲတတ္တဲ့ အက်င့္ဆိုးပါ။ ဒီအခ်ိန္ဆြဲတတ္တဲ့ အက်င့္ဆိုးႀကီးကိုသာ ေရရွည္လက္ခံထားမယ္ဆိုလွ်င္ စိတ္ဖိဆီးမွဳေတြ၊ က်န္းမာေရးျပႆနာေတြ၊ က်ြန္ေတာ္တို႔ရဲ႕လုပ္ေဆာင္ႏုိင္တဲ့ စြမ္းရည္ေတြကုိပါေလ်ာ့က်လာေစႏုိင္ပါတယ္။ ဒါဆိုက်ြန္ေတာ္တို႔ကို ဆိုးက်ိဳးေတြေပးႏုိင္တဲ့ ဒီအက်င့္ႀကီးကုိ ဘယ္လိုတိုက္ထုတ္ၾကမလဲ။ နည္းလမ္းေတြကေတာ့

♦ကိုယ့္ရဲ႕စိတ္ကို အလုိမလိုက္ပါနဲ႔။ ဒါအလြန္အေရးႀကီးပါတယ္။ ဥပမာ-သင္တန္းခ်ိန္က တစ္နာရီ ဆိုၾကပါစို႔။ သို႔ေသာ္ ဆရာက၁၀မိနစ္ထက္ေနာက္က်လို႔မရဘူးေနာ္ သတိေပးလုိက္ေပမယ့္လည္း ကိုယ့္ရဲ႔စိတ္ထဲမွာ ျဖစ္ေပၚသြားတာက ဆရာက၁၀မိနစ္တာင္ေစာင့္ေသးတာပဲ ငါဒီထက္ေနာက္က်လည္း ကိစၥမရွိပါဘူး စသျဖင္႔   စိတ္ထဲကေတြးမိလိုက္တာနဲ႔ ေနာက္ေန႔သင္တန္းေနာက္က်ပါၿပီ။ အကယ္၍ကိုယ့္စိတ္ကသာ ငါ႔ကိုသူမ်ား ေစာင့္ေနေအာင္မလုပ္ဘူး။ ငါဟာအခ်ိန္တိက်သူလို႔ေတြးတာနဲ႔ ကြာျခားမွဳရွိမွာပါ။ ကုိယ့္ကုိယ္ကိုယ္ ျပန္လည္ ဆန္းစစ္ၿပီး ဒီလိုစိတ္ေလးျဖစ္ေအာင္ႀကိဳးစားၾကည့္ပါ။ သင့္ရဲ႕အခ်ိန္ဆြဲတတ္တဲ႔အက်င့္ကုိ ေျပာင္းလဲႏိုင္မွာပါ။

♦တစ္ေန႔တာ အခ်ိန္ဇယားဆြဲထားပါ။  တိက်ေသာအခ်ိန္ဇယားကုိေတာ့ မဆိုလိုပါ။ ဘာေၾကာင့္လဲဆုိေတာ့ က်ြန္ေတာ္တုိ႔က ပံုစံခြက္ထဲမွလူမ်ားမဟုတ္ၾကဘူးေလ။လြတ္လပ္စြာရွင္သန္ႏိုင္ပါတယ္။သို႔ေသာ္ စိတ္ကူး ေပါက္တဲ့အတုိင္းလုပ္လုိက္မယ္ဆိုတဲ့ အေတြးမ်ိဳးနဲ႔ေတာ့ ကိုယ့္ရဲ့တစ္ေန႔တာကုိ မကုန္ဆံုးမိပါေစနဲ႔။ အၾကမ္းဖ်င္းေလာက္အခ်ိန္ဇယားဆြဲထားျခင္းျဖင့္ ကိုယ္ရဲ႕တစ္ေန႔တာမွာ အခ်ိန္ဇယားထဲ၀င္ေအာင္ ဘယ္ေလာက္လုပ္ႏုိင္လဲ။ ဘယ္အရာကို အခ်ိန္ဆြဲပီးလုပ္ခဲ့လဲ စသျဖင့္ ျပန္လည္သံုးသပ္လို႔ ရပါတယ္။ တျဖည္းျဖည္းက်င့္ယူပီး ကိုယ့္ကုိယ္ကိုယ္ေျပာင္းလဲၾကည့္ပါ။

Related Articles-အရွံဳးရဲ႕အျခားတစ္ဖက္

♦အလုပ္တစ္ခုလုပ္ဖို႔ အခ်ိန္ၾကာျမင္႔စြာ စဥ္းစားခန္း၀င္ေနတတ္တဲ့ အက်င့္မ်ိဳးကို ရပ္တန္႔လုိက္ပါ။ ဘယ္အရာကိုမဆို ေျခတစ္လွမ္းနဲ႔ အရင္စတင္ႏုိင္ေအာင္ႀကိဳးစားပါ။ မလိုအပ္တာေတြအတြက္ အခ်ိန္မဆြဲပါနဲ႔။ ဒီကေန႔မွာ လုပ္ႏုိင္တဲ့အရာေတြကို ရေအာင္လုပ္ပါ။ မနက္ျဖန္ဆိုတာက်ြန္ေတာ္တို႔ ပိုင္ဆုိင္တယ္လုိ႔ တရား၀င္ေျပာလို႔မရတဲ့ ေန႔ရက္မ်ိဳးပါ။

♦အလုပ္မ်ားတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ခဏနားဦးမယ္၊ ၿပီးမွလုပ္မယ္ စသျဖင့္အလုပ္မ်ားတာကို အေၾကာင္းျပၿပီး အခ်ိန္ဆြဲေနတတ္တာမ်ိဳးပါ။ ဒီလိုလုပ္ျခင္းက သင့္အလုပ္ကို မၿပီးေျမာက္ေစႏိုင္သည့္အျပင္ စိတ္ဓါတ္က်မွဳကိုပါ ပိုျဖစ္ေစပါလိမ့္မယ္။

♦က်ြန္ေတာ္တို႔လူသားေတြဟာ ကိုယ္ႀကိဳးစားလုပ္ကိုင္တဲ့ အရာတစ္ခုကို တစ္ျခားသူက ေကာင္းမြန္ေသာ ေ၀ဖန္ခ်က္ေတြနဲ႔ ခ်ီးက်ဴးလုိက္မွ ၿပီးေျမာက္ေအာင္ျမင္တယ္လို႔ ယူဆတတ္ၾကပါတယ္။ ဒါမွန္ေကာင္း မွန္ပါလိမ့္မယ္။ သို႔ေသာ္ မေကာင္းတဲ႔ေ၀ဖန္မွဳေတြနဲ႔ ရင္ဆုိင္ရတဲ့အခါ ဒါကိုပဲစိတ္ထဲထားကာ အျခား လုပ္ရမယ့္အလုပ္ေတြ မလုပ္ႏိုင္ဘဲ အခ်ိန္ေတြေႏွာင့္ေႏွးကာ အလဟႆျဖဳန္းတီးမိတတ္ပါတယ္။ ပထမတစ္ႀကိမ္ႀကိဳးစားမွဳမွာ က်ရွံဳးတာ အျပစ္မရွိေပမယ့္ ဒုတိယအႀကိမ္ႀကိဳးစားဖို႔ မစတင္ဘူးဆုိရင္ သင္အျပစ္လုပ္မိသြားပါၿပီ။

Myat

Unicode Version

အချိန်ဆွဲတတ်တဲ့အကျင့်က မကောင်းဘူးဆိုတာ ငယ်ငယ်လေးကတည်းက ကျွန်တော်တို့နားရည်ဝခဲ့ကြတာပါ။ ဒါမကောင်းဘူးဆိုတာ သိသိရက်နဲ့အမှတ်တမဲ့သော်လည်းကောင်း၊ တမင်တကာသော်လည်းကောင်း အချိန် တော်တော်များများမှာ လုပ်မိနေတတ်ကြတယ်။ ဒီအကျင့်ကြီးကို ပြောင်းလဲပစ်မယ်လို့ အကြိမ်ကြိမ်အခါခါ ကြိမ်းဝါးလိုက်၊ ကိုယ့်ကိုယ်အစီအစဉ်တွေအပြည့်ဆွဲလိုက်နဲ့ လုပ်သော်လည်း နောက်ဆုံးကျတော့ ဒီအကျင့် ဆိုးကြီးက အမြစ်မပြတ်ပြန်ဘူး။ ကျွန်တော်တို့ရဲ့ အချိန်ကိုခိုးယူစားသုံးနေတာဟာ ဒီအချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးပါ။ ဒီအချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကြီးကိုသာ ရေရှည်လက်ခံထားမယ်ဆိုလျှင် စိတ်ဖိဆီးမှုတွေ၊ ကျန်းမာရေးပြဿနာတွေ၊ ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေကိုပါလျော့ကျလာစေနိုင်ပါတယ်။ ဒါဆိုကျွန်တော်တို့ကို ဆိုးကျိုးတွေပေးနိုင်တဲ့ ဒီအကျင့်ကြီးကို ဘယ်လိုတိုက်ထုတ်ကြမလဲ။ နည်းလမ်းတွေကတော့
♦ကိုယ့်ရဲ့စိတ်ကို အလိုမလိုက်ပါနဲ့။ ဒါအလွန်အရေးကြီးပါတယ်။ ဥပမာ-သင်တန်းချိန်က တစ်နာရီ ဆိုကြပါစို့။ သို့သော် ဆရာက၁၀မိနစ်ထက်နောက်ကျလို့မရဘူးနော် သတိပေးလိုက်ပေမယ့်လည်း ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်သွားတာက ဆရာက၁၀မိနစ်တာင်စောင့်သေးတာပဲ ငါဒီထက်နောက်ကျလည်း ကိစ္စမရှိပါဘူး စသဖြင့် စိတ်ထဲကတွေးမိလိုက်တာနဲ့ နောက်နေ့သင်တန်းနောက်ကျပါပြီ။ အကယ်၍ကိုယ့်စိတ်ကသာ ငါ့ကိုသူများ စောင့်နေအောင်မလုပ်ဘူး။ ငါဟာအချိန်တိကျသူလို့တွေးတာနဲ့ ကွာခြားမှုရှိမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ပြီး ဒီလိုစိတ်လေးဖြစ်အောင်ကြိုးစားကြည့်ပါ။ သင့်ရဲ့အချိန်ဆွဲတတ်တဲ့အကျင့်ကို ပြောင်းလဲနိုင်မှာပါ။
♦တစ်နေ့တာ အချိန်ဇယားဆွဲထားပါ။ တိကျသောအချိန်ဇယားကိုတော့ မဆိုလိုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပုံစံခွက်ထဲမှလူများမဟုတ်ကြဘူးလေ။လွတ်လပ်စွာရှင်သန်နိုင်ပါတယ်။သို့သော် စိတ်ကူး ပေါက်တဲ့အတိုင်းလုပ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးနဲ့တော့ ကိုယ့်ရဲ့တစ်နေ့တာကို မကုန်ဆုံးမိပါစေနဲ့။ အကြမ်းဖျင်းလောက်အချိန်ဇယားဆွဲထားခြင်းဖြင့် ကိုယ်ရဲ့တစ်နေ့တာမှာ အချိန်ဇယားထဲဝင်အောင် ဘယ်လောက်လုပ်နိုင်လဲ။ ဘယ်အရာကို အချိန်ဆွဲပီးလုပ်ခဲ့လဲ စသဖြင့် ပြန်လည်သုံးသပ်လို့ ရပါတယ်။ တဖြည်းဖြည်းကျင့်ယူပီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲကြည့်ပါ။
♦အလုပ်တစ်ခုလုပ်ဖို့ အချိန်ကြာမြင့်စွာ စဉ်းစားခန်းဝင်နေတတ်တဲ့ အကျင့်မျိုးကို ရပ်တန့်လိုက်ပါ။ ဘယ်အရာကိုမဆို ခြေတစ်လှမ်းနဲ့ အရင်စတင်နိုင်အောင်ကြိုးစားပါ။ မလိုအပ်တာတွေအတွက် အချိန်မဆွဲပါနဲ့။ ဒီကနေ့မှာ လုပ်နိုင်တဲ့အရာတွေကို ရအောင်လုပ်ပါ။ မနက်ဖြန်ဆိုတာကျွန်တော်တို့ ပိုင်ဆိုင်တယ်လို့ တရားဝင်ပြောလို့မရတဲ့ နေ့ရက်မျိုးပါ။
♦အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခဏနားဦးမယ်၊ ပြီးမှလုပ်မယ် စသဖြင့်အလုပ်များတာကို အကြောင်းပြပြီး အချိန်ဆွဲနေတတ်တာမျိုးပါ။ ဒီလိုလုပ်ခြင်းက သင့်အလုပ်ကို မပြီးမြောက်စေနိုင်သည့်အပြင် စိတ်ဓါတ်ကျမှုကိုပါ ပိုဖြစ်စေပါလိမ့်မယ်။
♦ကျွန်တော်တို့လူသားတွေဟာ ကိုယ်ကြိုးစားလုပ်ကိုင်တဲ့ အရာတစ်ခုကို တစ်ခြားသူက ကောင်းမွန်သော ဝေဖန်ချက်တွေနဲ့ ချီးကျူးလိုက်မှ ပြီးမြောက်အောင်မြင်တယ်လို့ ယူဆတတ်ကြပါတယ်။ ဒါမှန်ကောင်း မှန်ပါလိမ့်မယ်။ သို့သော် မကောင်းတဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါကိုပဲစိတ်ထဲထားကာ အခြား လုပ်ရမယ့်အလုပ်တွေ မလုပ်နိုင်ဘဲ အချိန်တွေနှောင့်နှေးကာ အလဟဿဖြုန်းတီးမိတတ်ပါတယ်။ ပထမတစ်ကြိမ်ကြိုးစားမှုမှာ ကျရှုံးတာ အပြစ်မရှိပေမယ့် ဒုတိယအကြိမ်ကြိုးစားဖို့ မစတင်ဘူးဆိုရင် သင်အပြစ်လုပ်မိသွားပါပြီ။
Myat

 

Read times
Rate this item
(1 Vote)