-->
×

Warning

JUser: :_load: Unable to load user with ID: 29


လစာေတြ အဖတ္မတင္တာဘာေၾကာင့္လဲ

လစာေတြ အဖတ္မတင္တာဘာေၾကာင့္လဲ google.com

ရသမွ်လစာေတြအားလံုး အဖတ္မတင္ဘဲ ကိုေ၀လသီခ်င္းအတိုင္းအၿမဲျပတ္တုန္းလတ္တုန္း23 ျဖစ္ေနၾကရတာ ဘာေၾကာင့္ပါလဲ။ ရတဲ့လစာအားလံုးဘယ္မွာမွ ေရေရရာရာ မသံုးမိဘဲ ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ေနတဲ့ ဒုကၡေတြကင္းေ၀းေအာင္ လုပ္ေဆာင္ရမယ့္နညး္လမ္းေအာင္းမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

♦စားလုိ႔ပိုတာကို မစုပါနဲ႔၊ စုလုိ႔ပိုတာကိုမွ စားပါ

က်ြန္ေတာ္တုိ႔ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေခါင္းစဥ္နဲ႔ ဆန့္က်င္ဘက္အေျခအေနမ်ိဳးပဲ လုပ္မိၾကပါတယ္။ ျမင္ျမင္ရာစားလို႔ေကာင္းတာေလးေတြတာနဲ႔ စားမယ္ဆိုတဲ့ အက်င့္ကိုျပင္ၾကည့္ပါ။ တကယ္ေတာ့ အျမဲတမ္း ဒီလုိလုပ္မိမယ္ဆိုရင္ေတာ့ လမကုန္ခင္မွာပင္ ပုိက္ဆံအိတ္ေလး ေဟာင္းေလာင္း ျဖစ္သြားမွာပါ။ ဒါ့ေၾကာင့္ ကိုယ့္လစာထဲကေန စုဖို႔ပုိက္ဆံကုိ အရင္ဖယ္ၿပီးမွ စားၾကပါ။  

♦phone note(သို႔) စာအုပ္အေသးေလးတစ္အုပ္ေဆာင္ပါ

ေငြစစုမယ္ဆို ေငြထြက္ေနတဲ့ အရာေတြကို အရင္သိဖို႔လုိပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ကိုယ့္ရဲ့အသံုးစရိတ္ေတြကို ေဖာ္ျပပါအရာေတြနဲ႔ မွတ္တမ္းျပဳစုထားပါ။ ဒီလိုသာ ေန႔စဥ္ျပဳလုပ္ထားမယ္ဆိုရင္ ကိုယ္ဘယ္ေနရာေတြမွာ မလိုအပ္ဘဲ အက်ိဳးမရွိျဖဳန္းခဲ့လဲဆုိတာကို သိႏိုင္မွာပါ။ ဒီလုိသာဆုိ ဒီအျဖဳန္းေတြကို သင္ျပန္လည္ ေလွ်ာ့ခ် လုိ႔ရပါၿပီ။

♦အသံုးနဲ႔ အျဖဳန္းကုိ ေသခ်ာနားလည္ေအာင္လုပ္ပါ

ကိုယ္အမွန္တကယ္လုိအပ္တာကိုပဲ၀ယ္ပါ။ မလိုအပ္တဲ့အရာမ်ားကို စိတ္အလိုလိုက္ၿပီး ၀ယ္ယူျခင္းဟာအျဖဳန္းပါ။ ကိုယ့္မွာ အ၀တ္အစား၊ဖိနပ္ေတြရွိတာမွာ စီးမကုန္၊ ၀တ္မကုန္ေသးေသာ္လညး္ ေနာက္ထပ္ လွတာေလးျမင္တာနဲ႔ ၀ယ္ျပန္ေရာ။ ဒီလုိေတြသာ ကုိယ့္စိတ္ကို မထိန္းခ်ဳပ္ႏုိင္ဘဲ အျဖဳန္းေတြဆက္တိုက္ လုပ္ေနမယ္ဆိုရင္ေတာ့ သင္မြဲေနဦးမွာပါ။

Read-ငမြဲအျဖစ္အားရပ္တန္႔ျခင္း

♦ကိုယ္ပိုင္ဘဏ္အေကာင့္ထားရွိပါ။

ကိုယ္ပိုင္ဘဏ္အေကာင့္ထားရွိျခင္းက သင့္ကိုေရရွည္မွာ ပိုက္ဆံစုတတ္တဲ့ အက်င့္ကိုရရွိေစမွာပါ။ လစာထုတ္ၿပီဆိုတာနဲ႔ ကိုယ့္ရဲ႔လစာေတြကို ေသခ်ာစိစစ္ၿပီး ကိုယ့္ရဲ႔အသံုးစရိတ္ဖယ္ထားကာ ပမာဏတစ္ခုသတ္မွတ္ၿပီး ပိုက္ဆံကို အေကာင့္ထဲမျပတ္မကြက္ထည့္ပါ။ တစ္ခုသတိထားရမွာက ဘဏ္ကဒ္ထဲမွာ ပိုက္ဆံရွိတာပဲဆုိၿပီး ၀ယ္ခ်င္၊ သံုးခ်င္တဲ့စိတ္ကေတာ့ ေဖ်ာက္ထားလိုက္ပါ။  

♦ကိုယ့္ဘ၀အတြက္ အေထာက္အကူျပဳေစမယ့္ အလွဴဒါနအတြက္လည္း တစ္လမွာ အနည္းငယ္စီေလာက္ဖယ္ထားၿပီး စုထားပါ။

Myat

Unicode Version

ရသမျှလစာတွေအားလုံး အဖတ်မတင်ဘဲ ကိုဝေလသီချင်းအတိုင်းအမြဲပြတ်တုန်းလတ်တုန်း23 ဖြစ်နေကြရတာ ဘာကြောင့်ပါလဲ။ ရတဲ့လစာအားလုံးဘယ်မှာမှ ရေရေရာရာ မသုံးမိဘဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေတဲ့ ဒုက္ခတွေကင်းဝေးအောင် လုပ်ဆောင်ရမယ့်နညး်လမ်းအောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
♦စားလို့ပိုတာကို မစုပါနဲ့၊ စုလို့ပိုတာကိုမှ စားပါ
ကျွန်တော်တို့တော်တော်များများကတော့ ဒီခေါင်းစဉ်နဲ့ ဆန့်ကျင်ဘက်အခြေအနေမျိုးပဲ လုပ်မိကြပါတယ်။ မြင်မြင်ရာစားလို့ကောင်းတာလေးတွေတာနဲ့ စားမယ်ဆိုတဲ့ အကျင့်ကိုပြင်ကြည့်ပါ။ တကယ်တော့ အမြဲတမ်း ဒီလိုလုပ်မိမယ်ဆိုရင်တော့ လမကုန်ခင်မှာပင် ပိုက်ဆံအိတ်လေး ဟောင်းလောင်း ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ကိုယ့်လစာထဲကနေ စုဖို့ပိုက်ဆံကို အရင်ဖယ်ပြီးမှ စားကြပါ။
♦phone note(သို့) စာအုပ်အသေးလေးတစ်အုပ်ဆောင်ပါ
ငွေစစုမယ်ဆို ငွေထွက်နေတဲ့ အရာတွေကို အရင်သိဖို့လိုပါတယ်။ ဒါကြောင့် နေ့စဉ်ကိုယ့်ရဲ့အသုံးစရိတ်တွေကို ဖော်ပြပါအရာတွေနဲ့ မှတ်တမ်းပြုစုထားပါ။ ဒီလိုသာ နေ့စဉ်ပြုလုပ်ထားမယ်ဆိုရင် ကိုယ်ဘယ်နေရာတွေမှာ မလိုအပ်ဘဲ အကျိုးမရှိဖြုန်းခဲ့လဲဆိုတာကို သိနိုင်မှာပါ။ ဒီလိုသာဆို ဒီအဖြုန်းတွေကို သင်ပြန်လည် လျှော့ချ လို့ရပါပြီ။
♦အသုံးနဲ့ အဖြုန်းကို သေချာနားလည်အောင်လုပ်ပါ
ကိုယ်အမှန်တကယ်လိုအပ်တာကိုပဲဝယ်ပါ။ မလိုအပ်တဲ့အရာများကို စိတ်အလိုလိုက်ပြီး ၀ယ်ယူခြင်းဟာအဖြုန်းပါ။ ကိုယ့်မှာ အဝတ်အစား၊ဖိနပ်တွေရှိတာမှာ စီးမကုန်၊ ၀တ်မကုန်သေးသော်လညး် နောက်ထပ် လှတာလေးမြင်တာနဲ့ ၀ယ်ပြန်ရော။ ဒီလိုတွေသာ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်ဘဲ အဖြုန်းတွေဆက်တိုက် လုပ်နေမယ်ဆိုရင်တော့ သင်မွဲနေဦးမှာပါ။
♦ကိုယ်ပိုင်ဘဏ်အကောင့်ထားရှိပါ။
ကိုယ်ပိုင်ဘဏ်အကောင့်ထားရှိခြင်းက သင့်ကိုရေရှည်မှာ ပိုက်ဆံစုတတ်တဲ့ အကျင့်ကိုရရှိစေမှာပါ။ လစာထုတ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့လစာတွေကို သေချာစိစစ်ပြီး ကိုယ့်ရဲ့အသုံးစရိတ်ဖယ်ထားကာ ပမာဏတစ်ခုသတ်မှတ်ပြီး ပိုက်ဆံကို အကောင့်ထဲမပြတ်မကွက်ထည့်ပါ။ တစ်ခုသတိထားရမှာက ဘဏ်ကဒ်ထဲမှာ ပိုက်ဆံရှိတာပဲဆိုပြီး ၀ယ်ချင်၊ သုံးချင်တဲ့စိတ်ကတော့ ဖျောက်ထားလိုက်ပါ။
♦ကိုယ့်ဘဝအတွက် အထောက်အကူပြုစေမယ့် အလှူဒါနအတွက်လည်း တစ်လမှာ အနည်းငယ်စီလောက်ဖယ်ထားပြီး စုထားပါ။

 

Read times
Rate this item
(2 votes)