-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ္သင့္လုပ္ထိုက္တဲ့အရာေတြကို ဘာေၾကာင့္မလုပ္ၾကတာလဲ

လုပ္သင့္လုပ္ထိုက္တဲ့အရာေတြကို ဘာေၾကာင့္မလုပ္ၾကတာလဲ google.com

က်ြန္ေတာ္တို႔ တစ္ခါတစ္ေလ လုပ္သင့္တဲ့အရာနဲ႔ လုပ္ရမယ့္အရာႏွစ္ခုထဲက တစ္ခုကိုလုပ္ရေတာ့မယ္ဆိုလွ်င္ ေတြေ၀မိတဲ့အခ်ိန္မ်ိဳးေတြနဲ႔ ႀကံဳဖူးၾကမွာပါ။

စိတ္ထဲကလုပ္သင့္တယ္လို သတိေပးေနတဲ႔ အလုပ္တစ္ခုကို မလုပ္ျဖစ္တာမ်ိဳးေပါ႔။

ဥပမာ-က်န္းမာေရးအတြက္ မနက္ခင္းေလ့က်င့္ခန္းလုပ္ဖို႔လည္း ျဖစ္ခ်င္ျဖစ္မယ္။ စာေမးပြဲအတြက္ စာေတြစက်က္ရမယ့္ အခ်ိန္တစ္ခုလည္းျဖစ္ႏုိင္ပါတယ္။ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ေပါ႔။ စိတ္ထဲကေန ဒီအရာေတြဟာကိုယ့္အတြက္ အေရးႀကီးမွန္းလည္းသိတယ္။

လုပ္ကုိလုပ္သင့္တယ္္ဆိုတာလည္းသိတယ္။ ဒါေပမယ့္ မလုပ္ျဖစ္ဘူး။ ဒီလုိေတြျဖစ္ေနတာဘာေၾကာင့္လဲ။

♦အလုပ္တစ္ခုကို စတင္ေတာ့မယ္ဆိုရင္ ေျပာတာကို အရင္ရပ္လုိက္ပါ။ ေတြေ၀မိန္းေမာေနတာေတြကို အဆံုးသတ္လုိက္ပါ။ ၿပီးရင္ေတာ့လုပ္ရမယ့္အလုပ္ကုိ စလုပ္ပါ။

♦အခက္အခဲဆိုတဲ႔အေၾကာင္းျပခ်က္ေၾကာင့္ ေနာက္လွည့္ခ်င္စိတ္ျဖစ္လာတဲ့အခါတုိင္း ေအာင္ျမင္မွုဆိုတဲ႔ အေၾကာင္းအရင္းေၾကာင့္ေရွ႔ဆက္ရမယ္ဆိုတာကို သတိမူပါ။

♦ အရာအားလံုးၿပီးျပည့္စံုမွ စတင္လုပ္ေဆာင္မယ္ဆိုတဲ့ အေတြးေတြကို ေမ့ထားလုိက္ပါ။ အားလံုးက သုညက စၾကရတာပါ။ တစ္ရက္ေလာက္ႀကိဳးစားရံုနဲ႔ ၿပီးျပည့္စံုတဲ့ ေအာင္ျမင္မွဳဆုိတာျဖစ္မလာႏိုင္ပါဘူး။ တစ္ေန႔မွာ ၁%ေလာက္ႀကိဳးစားမယ္ဆိုရင္ တစ္ႏွစ္မွာ ၃၆၅%တိုးတက္မွဳဆိုတာကို မ်က္၀ါးထင္ထင္ျမင္ေတြ႔ရမွာပါ။

Read-ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ

♦ဆင္ေျခေပးတာေတြကုိ ရပ္တန္႔လိုက္ပါ။ တစ္ခါတစ္ရံ က်ြန္ေတာ္တုိ႔ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥေတြကို မလုပ္ျဖစ္ၾကတာ ဒီဆင္ေျခေတြေၾကာင့္ပါ။ ဒီဆင္ေျခေတြကို က်ြန္ေတာ္တို႔ ကိုယ္တုိင္ပဲျပဳလုပ္ေနၾကတာပါ။ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ လုပ္ေနတာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကုိယ္ကိုယ္ အျမဲဆင္ေျခ ေပးသူမျဖစ္ေအာင္ သတိထားဖုိ႔လုိပါတယ္။

♦ေတြ႔ႀကံဳလာရမယ့္အေျခအေနေတြကို ေတြးပူၿပီးေၾကာက္ရြံမေနပါနဲ႔။ အရာအားလံုးကို စိန္ေခၚကာ ရင္ဆိုင္ေျဖရွင္းလုိက္ပါ။ ဒါေတြကုိ ရင္ဆုိင္မေျဖရွင္းခဲ့လွ်င္ေတာ့ သင့္အတြက္ ႀကီးမားတဲ့ အတားအဆီး ေတြျဖစ္လာမွာပါ။

♦အရာအားလံုးကုိ ေပါ့ေပါ့တန္တန္သေဘာထားၿပီး အာရံုစူးစိုက္မွဳမရွိ၊ အေလးထားမွဳမရွိတာေတြကို ရပ္တန္႔လုိက္ပါ။ပစၥဳပၸန္အခ်ိန္မွာ ကိုယ္လုပ္ေဆာင္စရာရွိတာေတြကုိ အေကာင္းဆံုးလုပ္ေဆာင္ပါ။ ဒါေတြသာ အတိတ္ေတြျဖစ္သြားပီဆိုရင္ သင္ေျပာင္းလဲလုိ႔ရေတာ့မွာ မဟုတ္ပါဘူး။ ဒါ့ျပင္အနာဂါတ္ကိုလဲၾကည့္ပါ။ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ ပ်ိဳးေထာင္တတ္ေအာင္ေနထိုင္ပါ။

Unicode Version

ကျွန်တော်တို့ တစ်ခါတစ်လေ လုပ်သင့်တဲ့အရာနဲ့ လုပ်ရမယ့်အရာနှစ်ခုထဲက တစ်ခုကိုလုပ်ရတော့မယ်ဆိုလျှင် တွေဝေမိတဲ့အချိန်မျိုးတွေနဲ့ ကြုံဖူးကြမှာပါ။
စိတ်ထဲကလုပ်သင့်တယ်လို သတိပေးနေတဲ့ အလုပ်တစ်ခုကို မလုပ်ဖြစ်တာမျိုးပေါ့။
ဥပမာ-ကျန်းမာရေးအတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ စာမေးပွဲအတွက် စာတွေစကျက်ရမယ့် အချိန်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ပေါ့။ စိတ်ထဲကနေ ဒီအရာတွေဟာကိုယ့်အတွက် အရေးကြီးမှန်းလည်းသိတယ်။ လုပ်ကိုလုပ်သင့်တယ််ဆိုတာလည်းသိတယ်။ ဒါပေမယ့် မလုပ်ဖြစ်ဘူး။ ဒီလိုတွေဖြစ်နေတာဘာကြောင့်လဲ။
♦အလုပ်တစ်ခုကို စတင်တော့မယ်ဆိုရင် ပြောတာကို အရင်ရပ်လိုက်ပါ။ တွေဝေမိန်းမောနေတာတွေကို အဆုံးသတ်လိုက်ပါ။ ပြီးရင်တော့လုပ်ရမယ့်အလုပ်ကို စလုပ်ပါ။
♦အခက်အခဲဆိုတဲ့အကြောင်းပြချက်ကြောင့် နောက်လှည့်ချင်စိတ်ဖြစ်လာတဲ့အခါတိုင်း အောင်မြင်မှုဆိုတဲ့ အကြောင်းအရင်းကြောင့်ရှေ့ဆက်ရမယ်ဆိုတာကို သတိမူပါ။
♦ အရာအားလုံးပြီးပြည့်စုံမှ စတင်လုပ်ဆောင်မယ်ဆိုတဲ့ အတွေးတွေကို မေ့ထားလိုက်ပါ။ အားလုံးက သုညက စကြရတာပါ။ တစ်ရက်လောက်ကြိုးစားရုံနဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုဆိုတာဖြစ်မလာနိုင်ပါဘူး။ တစ်နေ့မှာ ၁%လောက်ကြိုးစားမယ်ဆိုရင် တစ်နှစ်မှာ ၃၆၅%တိုးတက်မှုဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။
♦ဆင်ခြေပေးတာတွေကို ရပ်တန့်လိုက်ပါ။ တစ်ခါတစ်ရံ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို မလုပ်ဖြစ်ကြတာ ဒီဆင်ခြေတွေကြောင့်ပါ။ ဒီဆင်ခြေတွေကို ကျွန်တော်တို့ ကိုယ်တိုင်ပဲပြုလုပ်နေကြတာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ လုပ်နေတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲဆင်ခြေ ပေးသူမဖြစ်အောင် သတိထားဖို့လိုပါတယ်။
♦တွေ့ကြံုလာရမယ့်အခြေအနေတွေကို တွေးပူပြီးကြောက်ရွံမနေပါနဲ့။ အရာအားလုံးကို စိန်ခေါ်ကာ ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ဒါတွေကို ရင်ဆိုင်မဖြေရှင်းခဲ့လျှင်တော့ သင့်အတွက် ကြီးမားတဲ့ အတားအဆီး တွေဖြစ်လာမှာပါ။
♦အရာအားလုံးကို ပေါ့ပေါ့တန်တန်သဘောထားပြီး အာရုံစူးစိုက်မှုမရှိ၊ အလေးထားမှုမရှိတာတွေကို ရပ်တန့်လိုက်ပါ။ပစ္စုပ္ပန်အချိန်မှာ ကိုယ်လုပ်ဆောင်စရာရှိတာတွေကို အကောင်းဆုံးလုပ်ဆောင်ပါ။ ဒါတွေသာ အတိတ်တွေဖြစ်သွားပီဆိုရင် သင်ပြောင်းလဲလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့ပြင်အနာဂါတ်ကိုလဲကြည့်ပါ။ မျှော်လင့်ချက်တွေနဲ့ ပျိုးထောင်တတ်အောင်နေထိုင်ပါ။

Read times
Rate this item
(2 votes)