-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့္ရဲ႕ထုတ္ကုန္ကို ၀ယ္သူေတြမွတ္မိသြားေစႏိုင္တာ

ကိုယ့္ရဲ႕ထုတ္ကုန္ကို ၀ယ္သူေတြမွတ္မိသြားေစႏိုင္တာ google.com

၀ယ္ယူသံုးစြဲသူတို႔အတြက္ ၀န္ေဆာင္မွဳ အဆင့္အတန္းျမင့္မားရန္ႏွင့္ အရည္အေသြးေကာင္းမြန္ရန္မွာ လည္းအေရးႀကီးသည့္အခ်က္တစ္ခ်က္ပါ။

သို႔ေသာ္ ဒီအရည္အေသြး၊ ၀န္ေဆာင္မွဳေတြကို မသိရွိခင္ကုိယ့္ရဲ႕ ကုန္ပစၥည္းကို သံုးစြဲသူေတြ ႀကိဳက္ႏွစ္သက္ေအာင္စြဲေဆာင္တဲ႔ အခါမွာေတာ့ တီထြင္ဆန္းသစ္ေသာ ထုတ္ပိုးမွဳ၊ ေၾကာ္ျငာမွဳ ေတြက အေရးအႀကီးဆံုး အခန္းက႑မွာ ပါ၀င္ေနတာပါ။

ထုတ္ကုန္ကုိ ကြဲျပားျခားနားၿပီး သိသာေသာ ထုပ္ပိုးမွဳဖန္တီးထားေပးျခင္းျဖင့္ ၀ယ္ယူအသံုးျပဳသူတို႔၏ မွတ္ဥာဏ္တြင္ ကာလၾကာရွည္စြာမွတ္မိေနေစဖို႔ စိတ္ခ်ရေစသည္။ အျခားေရြးခ်ယ္စရာမ်ားၾကားတြင္ ကိုယ့္ရဲ႕ထုတ္ကုန္တစ္ခုကို ထင္သာျမင္သာရွိေနေစၿပီး ပံုရိပ္တစ္ခုကို မွတ္ဥာဏ္ထဲသို႔ အလွ်င္အျမန္ ပို႔ေဆာင္ေပးသည္။

ဒီဇိုင္းတစ္ခုကို အေလးအနက္ထားျခင္းျဖင့္ ေစ်းကြက္တြင္ကြဲျပားျခားနားသည့္ ေစ်းကြက္တစ္ခုကို ရယူထားႏုိင္ပါတယ္။

တစ္ရက္မွာ ကမၻာေပၚရွိလူေပါင္း ၁.၉ဘီလီယမ္ေလာက္ကို ဆြဲေဆာင္ထားႏိုင္တဲ႔ ကိုကာကုိလာေဖ်ာ္ရည္၏ နည္းဗ်ဴဟာမွာ အေကြးအေကာက္မ်ားပါေသာ အနီခံအျဖဴစာသားတံဆိပ္ ပတ္ထားေပးျခင္းျဖင့္ စားသံုးသူမွတ္မိႏိုင္ေစသည့္ အမွတ္လကၡာဏာတစ္ခုအျဖစ္သို႔ ေရာက္ရွိေစသည္။ က်ြန္ေတာ္တို႔ စူပါမားကတ္တစ္ခုမွာဆိုလွ်င္ အျခားကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ အခ်ိဳရည္ပုလင္းမ်ားၾကားတြင္ ကုိကာကိုလာပုလင္းကို တစ္မူကြဲျပားစြားျမင္ေတြ႔ႏုိင္ေပလိမ႔္မည္။

ထုတ္ပိုးမွဳပိုင္းတြင္သာမက ေၾကာ္ျငာပိုင္းတြင္လည္း ၀ယ္သူေတြကိုဆြဲေဆာင္ထားႏုိင္စြမ္းရွိတာကုိ က်ြန္ေတာ္တို႔ ျမင္ေတြ႔ႏုိင္မွာပါ။ အခ်ိဳရည္မႀကိဳက္သူေတြကိုေတာင္ ဆြဲေဆာင္စည္းရံုးႏိုင္သည့္ တက္ၾကြမွဳ၊ ေပ်ာ္ရႊင္မွဳ၊ လန္းဆန္းမွဳ၊ တီထြင္ဆန္းသစ္မွဳ၊ ခ်စ္ခင္ရင္းႏွီးမွဳ၊ ငယ္ရြယ္လတ္ဆက္မွဳဆိုတဲ႔ စိတ္ခံစားခ်က္ေတြကို ေပးစြမ္းေစပါတယ္။

မတူကြဲျပားေသာဒီဇိုင္းပိုင္ဆိုင္ထားျခင္းသည္ ကုန္ပစၥည္း၏လုိဂိုကို ပိုမုိက်ယ္ျပန္႔စြာ သိရွိမွတ္မိေနေအာင္ တုိးခ်ဲ႕ေပးထားျခင္းမ်ိဳး ျဖစ္ေနေစသည္။

ဒါေၾကာင့္ထုတ္ကုန္၏ ဒီဇိုင္းကို အေသးအမႊားမွအစ ေသခ်ာဂရုစိုက္ပါ။ အေကြးမ်ား၊ အေျဖာင့္မ်ားသည္ ေသေသသပ္သပ္ႏွင့္ လွပေနရန္လည္းလိုအပ္သည္။

ကုန္ပစၥည္းနဲ႔ တြဲျမင္ေစႏိုင္ၿပီး လူအမ်ားေန႔စဥ္သံုးေလ့ရွိသည့္ စကားလံုးေလးမ်ားကုိ ထည့္သြင္းအသံုးျပဳပါ။

ဥပမာအားျဖင့္ သံုးမိနစ္ပဲေစာင့္ ဆိုတာနဲ႔ က်ြန္ေတာ္တုိ႔ ဘာကိုသတိထားမိၾကလဲ။

Read-Digital Marketing မွာအသံုးျပဳသင့္တဲ့ Tools

Source; Myanmar Industrial Digest

Unicode Version

၀ယ်ယူသုံးစွဲသူတို့အတွက် ၀န်ဆောင်မှု အဆင့်အတန်းမြင့်မားရန်နှင့် အရည်အသွေးကောင်းမွန်ရန်မှာ လည်းအရေးကြီးသည့်အချက်တစ်ချက်ပါ။
သို့သော် ဒီအရည်အသွေး၊ ၀န်ဆောင်မှုတွေကို မသိရှိခင်ကိုယ့်ရဲ့ ကုန်ပစ္စည်းကို သုံးစွဲသူတွေ ကြိုက်နှစ်သက်အောင်စွဲဆောင်တဲ့ အခါမှာတော့ တီထွင်ဆန်းသစ်သော ထုတ်ပိုးမှု၊ ကြော်ငြာမှု တွေက အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါ၀င်နေတာပါ။
ထုတ်ကုန်ကို ကွဲပြားခြားနားပြီး သိသာသော ထုပ်ပိုးမှုဖန်တီးထားပေးခြင်းဖြင့် ၀ယ်ယူအသုံးပြုသူတို့၏ မှတ်ဉာဏ်တွင် ကာလကြာရှည်စွာမှတ်မိနေစေဖို့ စိတ်ချရစေသည်။ အခြားရွေးချယ်စရာများကြားတွင် ကိုယ့်ရဲ့ထုတ်ကုန်တစ်ခုကို ထင်သာမြင်သာရှိနေစေပြီး ပုံရိပ်တစ်ခုကို မှတ်ဉာဏ်ထဲသို့ အလျှင်အမြန် ပို့ဆောင်ပေးသည်။
ဒီဇိုင်းတစ်ခုကို အလေးအနက်ထားခြင်းဖြင့် စျေးကွက်တွင်ကွဲပြားခြားနားသည့် စျေးကွက်တစ်ခုကို ရယူထားနိုင်ပါတယ်။
တစ်ရက်မှာ ကမ္ဘာပေါ်ရှိလူပေါင်း ၁.၉ဘီလီယမ်လောက်ကို ဆွဲဆောင်ထားနိုင်တဲ့ ကိုကာကိုလာဖျော်ရည်၏ နည်းဗျူဟာမှာ အကွေးအကောက်များပါသော အနီခံအဖြူစာသားတံဆိပ် ပတ်ထားပေးခြင်းဖြင့် စားသုံးသူမှတ်မိနိုင်စေသည့် အမှတ်လက္ခာဏာတစ်ခုအဖြစ်သို့ ရောက်ရှိစေသည်။ ကျွန်တော်တို့ စူပါမားကတ်တစ်ခုမှာဆိုလျှင် အခြားကုမ္ပဏီများမှ ထုတ်လုပ်သည့် အချိုရည်ပုလင်းများကြားတွင် ကိုကာကိုလာပုလင်းကို တစ်မူကွဲပြားစွားမြင်တွေ့နိုင်ပေလိမ့်မည်။
ထုတ်ပိုးမှုပိုင်းတွင်သာမက ကြော်ငြာပိုင်းတွင်လည်း ၀ယ်သူတွေကိုဆွဲဆောင်ထားနိုင်စွမ်းရှိတာကို ကျွန်တော်တို့ မြင်တွေ့နိုင်မှာပါ။ အချိုရည်မကြိုက်သူတွေကိုတောင် ဆွဲဆောင်စည်းရုံးနိုင်သည့် တက်ကြွမှု၊ ပျော်ရွှင်မှု၊ လန်းဆန်းမှု၊ တီထွင်ဆန်းသစ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ ငယ်ရွယ်လတ်ဆက်မှုဆိုတဲ့ စိတ်ခံစားချက်တွေကို ပေးစွမ်းစေပါတယ်။
မတူကွဲပြားသောဒီဇိုင်းပိုင်ဆိုင်ထားခြင်းသည် ကုန်ပစ္စည်း၏လိုဂိုကို ပိုမိုကျယ်ပြန့်စွာ သိရှိမှတ်မိနေအောင် တိုးချဲ့ပေးထားခြင်းမျိုး ဖြစ်နေစေသည်။
ဒါကြောင့်ထုတ်ကုန်၏ ဒီဇိုင်းကို အသေးအမွှားမှအစ သေချာဂရုစိုက်ပါ။ အကွေးများ၊ အဖြောင့်များသည် သေသေသပ်သပ်နှင့် လှပနေရန်လည်းလိုအပ်သည်။
ကုန်ပစ္စည်းနဲ့ တွဲမြင်စေနိုင်ပြီး လူအများနေ့စဉ်သုံးလေ့ရှိသည့် စကားလုံးလေးများကို ထည့်သွင်းအသုံးပြုပါ။
ဥပမာအားဖြင့် သုံးမိနစ်ပဲစောင့် ဆိုတာနဲ့ ကျွန်တော်တို့ ဘာကိုသတိထားမိကြလဲ။
Source; Myanmar Industrial Digest

Read times
Rate this item
(2 votes)