-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူချင်းတူပေမယ့် အောင်မြင်သူနဲ့ ကျရှုံးသူဆိုတာ

လူချင်းတူပေမယ့် အောင်မြင်သူနဲ့ ကျရှုံးသူဆိုတာ google.com



ရှုံးနိမ့်သူဆိုတာ အကြောင်းပြချက်တစ်ခု အမြဲရှိနေတယ်။







ရှုံးနိမ့်သူဆိုတာ “တစ်ခုခုကို ပြုလုပ်ပြီးဖြစ်နေရမယ်”လို့ ပြောတယ်။







Read-ပင်ပန်းနေပေမယ့်လည်း ကြိုစားနိုးထလိုက်ပါ





ရှုံးနိမ့်သူဆိုတာ “အခြားသူတွေက သင့်ကိုမပြုလုပ်မီ သင်ကအရင် ပြုလုပ်လိုက်ပါ”ဆိုတဲ့ ဒဿနကိုပဲ လိုက်နာတယ်။


Credit; နေလင်းအောင် 

Unicode Version

အောင်မြင်သူဆိုတာ အဖြေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေတယ်။
ရှုံးနိမ့်သူဆိုတာ ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေတယ်။

အောင်မြင်သူဆိုတာ အစီအစဉ်တစ်ခု အမြဲရှိနေတယ်။
ရှုံံးနိမ့်သူဆိုတာ အကြောင်းပြချက်တစ်ခု အမြဲရှိနေတယ်။

အောင်မြင်သူဆိုတာ “မင်းအတွက် ဒါကို လုပ်ခွင့်ပေးပါနော်”လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “ဒါဟာ ငါ့အလုပ်မှမဟုတ်တာ”လို့ပြောတယ်။

အောင်မြင်သူဆိုတာ ပြဿနာတိုင်းအတွက် အဖြေတစ်ခုကို ကြည့်ရူ့တယ်။
ရှုံးနိမ့်သူဆိုတာ အဖြေတိုင်းအတွက် ပြဿနာတစ်ခုကို ကြည့်ရူ့တယ်။

အောင်မြင်သူဆိုတာ “ ဒါဟာခက်ခဲပေမဲ့ ဖြစ်နိုင်ခြေရှိတယ်”လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “ဒါဟာဖြစ်နိုင်ခြေရှိပေမဲ့ ခက်ခဲလွန်းတယ်”လို့ပြောတယ်။

အောင်မြင်သူဆိုတာ အမှားတစ်ခုပြုလုပ်မိတဲ့အခါ “ကျွန်တော် မှားသွားခဲ့ပါတယ်ဗျာ”လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ အမှားတစ်ခုပြုလုပ်မိတဲ့အခါ “ဒါဟာ ကျွန်တော့်အမှားမှ မဟုတ်တာ”လို့ပြောတယ်။

အောင်မြင်သူဆိုတာ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တယ်။
ရှုံးနိမ့်သူဆိုတာ ကတိစကားတွေကိုသာ ပေးတယ်။

အောင်မြင်သူဆိုတာ စိတ်ကူးအိမ်မက်တွေရှိတယ်။
ရှုံးနိမ့်သူဆိုတာ အကြံအစည်တွေသာရှိတယ်။

အောင်မြင်သူဆိုတာ “ငါတော့ တစ်ခုခု ပြုလုပ်နေရမယ်” လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “တစ်ခုခုကိုု ပြုလုပ်ပြီးဖြစ်နေရမယ်”လို့ ပြောတယ်။

အောင်မြင်သူဆိုတာ အသင်းအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေတယ်။
ရှုံးနိမ့်သူဆိုတာ အသင်းအဖွဲ့ရဲ့ ဝေးရာမှာ ရှိနေတယ်။

အောင်မြင်သူဆိုတာ အကျိုးတရားကိုသာ ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ ဒုက္ခဝေဒနာကိုသာ ကြည့်တယ်။

အောင်မြင်သူဆိုတာ ဖြစ်နိုင်ခြေတွေကို ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ ပြဿနာတွေကို ကြည့်တယ်။

အောင်မြင်သူဆိုတာ နှစ်ဦးနှစ်ဖက်အောင်မြင်မှုကို ယုံကြည်တယ်။
ရှုံးနိမ့်သူဆိုတာ ကိုယ်အောင်မြင်ဖို့ တစ်ယောက်ယောက် ရှုံးနိမ့်ရမယ်လို့ ယုံကြည်တယ်။

အောင်မြင်သူဆိုတာ ပစ္စုပ္ပန်ကာလကို ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ အတိတ်ကာလကို ကြည့်တယ်။

အောင်မြင်သူဆိုတာ အပူချိန်ညှိကိရိယာနဲ့တူတယ်။
ရှုံးနိမ့်သူဆိုတာ အပူချိန်တိုင်းကိရိယာနဲ့တူတယ်။

အောင်မြင်သူဆိုတာ သူပြောရမယ့်စကားကို ရွေးချယ်တယ်။
ရှုံးနိမ့်သူဆိုတာ သူရွေးချယ်တဲ့ စကားကို ပြောတယ်။

အောင်မြင်သူဆိုတာ ကြမ်းတမ်းတဲ့ငြင်းခုံမှာ ညင်သာတဲ့စကားတွေပြောတယ်။
ရှုံးနိမ့်သူဆိုတာ ညင်သာတဲ့ငြင်းခုံမှုမှာ ကြမ်းတမ်းတဲ့စကားတွေပြောတယ်။

အောင်မြင်သူဆိုတာ တန်ဖိုးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး အသေးအဖွဲ့ကိုတော့ အလျှော့ပေး စေ့စပ်ဖြေရှင်းတယ်။
ရှုံးနိမ့်သူဆိုတာ အသေးအဖွဲ့ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တန်ဖိုးကိုတော့ အလျှော့ပေး စေ့စပ်ဖြေရှင်းတယ်။

အောင်မြင်သူဆိုတာ “အခြားသူတွေက သင့်အပေါ် မပြုလုပ်စေချင်တဲ့အရာတွေ သင်ကလည်း အခြားသူတွေအပေါ် မပြုလုပ်ပါနဲ့”ဆိုတဲ့ စာနာမှုဒဿနကို လိုက်နာတယ်။
ရှုံးနိ်မ့်သူဆိုတာ “အခြားသူတွေက သင့်ကိုမပြုလုပ်မီ သင်ကအရင် ပြုလုပ်လိုက်ပါ”ဆိုတဲ့ ဒဿနကိုပဲ လိုက်နာတယ်။

အောင်မြင်သူဆိုတာ ဖြစ်မြောက်အောင်လုပ်တယ်။
ရှုံးနိမ့်သူဆိုတာ ဖြစ်မြောက်အောင် ခွင့်ပြုပေးတယ်။

Credit; နေလင်းအောင်

Read times
Rate this item
(0 votes)