-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပြားေရးအစိတ္အပိုင္း(၅)ခုႏွင့္ စီးပြားေရးလုပ္ငန္းရဲ႕အေျခခံအဆင့္(၅)ဆင့္

စီးပြားေရးအစိတ္အပိုင္း(၅)ခုႏွင့္ စီးပြားေရးလုပ္ငန္းရဲ႕အေျခခံအဆင့္(၅)ဆင့္ google.com

စီးပြားေရးလုပ္ငန္းတိုင္းမွာေအာက္ပါအခ်က္(၅)ခ်က္နဲ႔ျပည့္စံုရပါမယ္။

၁။တန္ဖိုး(value)ကိုဖန္တီးေပးႏိုင္ရမယ္။

၂။ဖန္တီးထားတာကိုလူေတြလိုခ်င္ရမယ္၊ဒါမွမဟုတ္လိုအပ္ရမယ္။

၃။သူတို႔ေပးခ်င္တဲ့၊ေပးႏိုင္တဲ့ေစ်းႏႈန္းလည္းျဖစ္ရမယ္။

၄။ကိုယ့္ရဲ႕ထုတ္ကုန္က၀ယ္ယူသူရဲ႕လိုအပ္ခ်က္ကိုသူတို႔ေမွ်ာ္လင့္ထားသလိုျဖည့္ဆည္းေပးႏိုင္ရမယ္။

၅။လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ဖို႔အတြက္လံုေလာက္တဲ့ အျမတ္ေငြလည္းရရွိဖို႔လိုပါတယ္။

သန္းေပါင္းမ်ားစြာကုန္က်တဲ့အလုပ္ကိုလုပ္ေနပါေစ။

Read-ကမၻာေက်ာ္ေခါင္းေဆာင္မ်ားေမးေလ့ေမးထရွိသည့္ ေမးခြန္းအခ်ဳိ႕


ဒီအခ်က္(၅)ခ်က္ထဲကတစ္ခ်က္ကို ဖယ္လိုက္တာနဲ႔သင္လုပ္တာေတြကို စီးပြားေရးလုပ္ငန္းလို႔ ေခၚလို႔မရေတာ့ပါဘူး။

တန္ဖိုးမဖန္တီးႏိုင္တဲ့အလုပ္ဟာ၀ါသနာသာျဖစ္ျပီး စီးပြားေရးမဟုတ္ပါဘူး။
ဆြဲေဆာင္မႈမရွိတဲ့အလုပ္တစ္ခုဟာက်ရႈံုးတဲ့အလုပ္ပါ။ ကိုယ္ဖန္တီးထားတဲ့တန္ဖိုးကိုမေရာင္းႏိုင္ရင္ အျမတ္မရႏိုင္ပါဘူး။
ကိုယ္ေျပာထားသလို မလုပ္ေပးႏိုင္ရင္၀ယ္ယူသူကိုလိမ္တာနဲ႔အတူတူပါပဲ။အျမတ္မရွိတဲ့အလုပ္ဟာ မၾကာခင္ျပဳတ္သြားမွာပါ။

ဒါေၾကာင့္လူေတြလိုခ်င္တဲ့အရာတစ္ခုကို သူတို႔၀ယ္ႏိုင္တဲ့ေစ်းနဲ႔အျမတ္လည္းက်န္ေအာင္ ဖန္တီးျပီးသူတို႔ေမွ်ာ္ လင့္ထားသလိုျဖည့္ဆည္းေပးႏိုင္ေအာင္ၾကိဳးစားပါ။

စီးပြားေရးတိုင္းမွာလုပ္ေဆာင္ရမယ့္ေျခခံအဆင့္(၅)ဆင့္ကိုလည္းဆက္လက္ေဖာ္ျပသြားပါမယ္။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

စီးပြားေရးလုပ္ငန္းရဲ႕အေျခခံအဆင့္(၅)ဆင့္

စီးပြားေရးလုပ္ငန္းတိုင္းမွာလုပ္ေဆာင္ရမယ့္အေျခခံအဆင့္(၅)ဆင့္ရွိပါတယ္။အဲဒါေတြက-

၁။တန္ဖိုးဖန္တီးျခင္း(value creation)
လူေတြလိုခ်င္တာ၊လိုအပ္တာကိုရွာေဖြဖန္တီးတာကိုေျပာတာပါ။

၂။ေစ်းကြက္ေဖာ္ေဆာင္ျခင္း(marketing)
သင္ဖန္းတီးထားတာေတြကိုလူေတြ၀ယ္ခ်င္လာေအာင္၊ အာရံုစိုက္ဂရုျပဳလာေအာင္ျပဳလုပ္တာကိုေျပာတာပါ။

၃။ေရာင္းခ်ျခင္း(sales)
၀ယ္ယူႏိုင္ေျခရွိသူကိုအမွန္တကယ္၀ယ္ယူသူေတြျဖစ္လာေအာင္ျပဳလုပ္တာကိုေျပာတာပါ။

၄။တန္ဖိုးရရွိေစျခင္း(value delivery)
သင္ေျပာထားတဲ့အတိုင္း၊ သင္ကတိေပးထားတဲ့အတိုင္း၀ယ္ယူသူကိုစိတ္ ေက်နပ္ေအာင္ ျပဳလုပ္တာကိုေျပာတာပါ။

၅။ေငြေရးေၾကးေရး(finance)
လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ေအာင္၊သင္စိုက္ထုတ္လိုက္တဲ့လုပ္အားနဲ႔ထိုက္ တန္တဲ့၀င္ေငြရေအာင္ ျပဳလုပ္ျခင္းကိုေျပာတာပါ။

ေဖာ္ျပခဲ့တဲ့စီးပြားေရးအစိတ္အပုိင္း(၅)ခ်က္ဟာစီးပြားေရးစိတ္ကူး၊စီးပြားေရးစီမံခ်က္တိုင္းရဲ႕အေျခခံေကာင္းေတြ ျဖစ္ပါတယ္။
စီးပြားေရးလုပ္ငန္းတစ္ခုကိုထိုအခ်က္(၅)ခ်က္နဲ႔သင္ခြဲျခမ္းစိတ္ျဖာႏိုင္ျပီဆိုရင္အဲဒီလုပ္ငန္းကို သင္ေကာင္းေကာင္းနားလည္ပါျပီ။
လုပ္ငန္းသစ္တစ္ခုကိုထူေထာင္ခ်င္သူေတြအတြက္ဒီအခ်က္(၅)ခ်က္ကအသက္ေသြးေၾကာပါပဲ။

သင့္ရဲ႕လုပ္ငန္းကိုစီးပြားေရးအစိတ္အပိုင္း(၅)ခုနဲ႔ပံုေဖာ္ႏိုင္ျခင္းမရွိရင္သင့္လုပ္ငန္းကိုသင္ေကာင္းစြာ နားမလည္ေသးလို႔ပါ။

စီးပြားေရးလုပ္မယ့္သူတိုင္း စီးပြားေရးအစိတ္အပိုင္း(၅)ခ်က္ကိုနားလည္ေအာင္လုပ္မယ္ဆိုရင္ အခ်ိန္တိုအတြင္း ေအာင္ျမင္ႂကြယ္ဝလာမွာပါ။

Credit ;  ေက်ာ္ေစာလြင္

Unicode Version

စီးပွားရေးလုပ်ငန်းတိုင်းမှာအောက်ပါအချက်(၅)ချက်နဲ့ပြည့်စုံရပါမယ်။
၁။တန်ဖိုး(value)ကိုဖန်တီးပေးနိုင်ရမယ်။
၂။ဖန်တီးထားတာကိုလူတွေလိုချင်ရမယ်၊ဒါမှမဟုတ်လိုအပ်ရမယ်။
၃။သူတို့ပေးချင်တဲ့၊ပေးနိုင်တဲ့စျေးနှုန်းလည်းဖြစ်ရမယ်။
၄။ကိုယ့်ရဲ့ထုတ်ကုန်ကဝယ်ယူသူရဲ့လို်အပ်ချက်ကိုသူတို့မျှော်လင့်ထားသလိုဖြည့်ဆည်းပေးနိုင်ရမယ်။
၅။လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အတွက်လုံလောက်တဲ့ အမြတ်ငွေလည်းရရှိဖို့လိုပါတယ်။
သန်းပေါင်းများစွာကုန်ကျတဲ့အလုပ်ကိုလုပ်နေပါစေ။
ဒီအချက်(၅)ချက်ထဲကတစ်ချက်ကို ဖယ်လိုက်တာနဲ့သင်လုပ်တာတွေကို စီးပွားရေးလုပ်ငန်းလို့ ခေါ်လို့မရတော့ပါဘူး။
တန်ဖိုးမဖန်တီးနိုင်တဲ့အလုပ်ဟာဝါသနာသာဖြစ်ပြီး စီးပွားရေးမဟုတ်ပါဘူး။
ဆွဲဆောင်မှုမရှိတဲ့အလုပ်တစ်ခုဟာကျရှုုံးတဲ့အလုပ်ပါ။ ကိုယ်ဖန်တီးထားတဲ့တန်ဖိုးကိုမရောင်းနိုင်ရင် အမြတ်မရနိုင်ပါဘူး။
ကိုယ်ပြောထားသလို မလုပ်ပေးနိုင်ရင်ဝယ်ယူသူကိုလိမ်တာနဲ့အတူတူပါပဲ။အမြတ်မရှိတဲ့အလုပ်ဟာ မကြာခင်ပြုတ်သွားမှာပါ။
ဒါကြောင့်လူတွေလိုချင်တဲ့အရာတစ်ခုကို သူတို့ဝယ်နိုင်တဲ့စျေးနဲ့အမြတ်လည်းကျန်အောင် ဖန်တီးပြီးသူတို့မျှော် လင့်ထားသလိုဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ။
စီးပွားရေးတိုင်းမှာလုပ်ဆောင်ရမယ့်ခြေခံအဆင့်(၅)ဆင့်ကိုလည်းဆက်လက်ဖော်ပြသွားပါမယ်။
စီးပွားရေးလုပ်ငန်းရဲ့အခြေခံအဆင့်(၅)ဆင့်
စီးပွားရေးလုပ်ငန်းတိုင်းမှာလုပ်ဆောင်ရမယ့်အခြေခံအဆင့်(၅)ဆင့်ရှိပါတယ်။အဲဒါတွေက-
၁။တန်ဖိုးဖန်တီးခြင်း(value creation)
လူတွေလိုချင်တာ၊လိုအပ်တာကိုရှာဖွေဖန်တီးတာကိုပြောတာပါ။
၂။စျေးကွက်ဖော်ဆောင်ခြင်း(marketing)
သင်ဖန်းတီးထားတာတွေကိုလူတွေဝယ်ချင်လာအောင်၊ အာရုံစိုက်ဂရုပြုလာအောင်ပြုလုပ်တာကိုပြောတာပါ။
၃။ရောင်းချခြင်း(sales)
၀ယ်ယူနိုင်ခြေရှိသူကိုအမှန်တကယ်ဝယ်ယူသူတွေဖြစ်လာအောင်ပြုလုပ်တာကိုပြောတာပါ။
၄။တန်ဖိုးရရှိစေခြင်း(value delivery)
သင်ပြောထားတဲ့အတိုင်း၊ သင်ကတိပေးထားတဲ့အတိုင်းဝယ်ယူသူကိုစိတ် ကျေနပ်အောင် ပြုလုပ်တာကိုပြောတာပါ။
၅။ငွေရေးကြေးရေး(finance)
လုပ်ငန်းဆက်လက်လည်ပတ်နိုင်အောင်၊သင်စိုက်ထုတ်လိုက်တဲ့လုပ်အားနဲ့ထိုက် တန်တဲ့ဝင်ငွေရအောင် ပြုလုပ်ခြင်းကိုပြောတာပါ။
ဖော်ပြခဲ့တဲ့စီးပွားရေးအစိတ်အပိုင်း(၅)ချက်ဟာစီးပွားရေးစိတ်ကူး၊စီးပွားရေးစီမံချက်တိုင်းရဲ့အခြေခံကောင်းတွေ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုကိုထိုအချက်(၅)ချက်နဲ့သင်ခွဲခြမ်းစိတ်ဖြာနိုင်ပြီဆိုရင်အဲဒီလုပ်ငန်းကို သင်ကောင်းကောင်းနားလည်ပါပြီ။
လုပ်ငန်းသစ်တစ်ခုကိုထူထောင်ချင်သူတွေအတွက်ဒီအချက်(၅)ချက်ကအသက်သွေးကြောပါပဲ။
သင့်ရဲ့လုပ်ငန်းကိုစီးပွားရေးအစိတ်အပိုင်း(၅)ခုနဲ့ပုံဖော်နိုင်ခြင်းမရှိရင်သင့်လုပ်ငန်းကိုသင်ကောင်းစွာ နားမလည်သေးလို့ပါ။
စီးပွားရေးလုပ်မယ့်သူတိုင်း စီးပွားရေးအစိတ်အပိုင်း(၅)ချက်ကိုနားလည်အောင်လုပ်မယ်ဆိုရင် အချိန်တိုအတွင်း အောင်မြင်ကြွယ်ဝလာမှာပါ။

Credit ; ကျော်စောလွင်

Read times
Rate this item
(1 Vote)