-->
×

Warning

JUser: :_load: Unable to load user with ID: 29


Business English ကို ကိုယ္တိုင္ေလ့လာခ်င္သူတို႔အတြက္ စာအုပ္ေကာင္းမ်ား

Business English ကို ကိုယ္တိုင္ေလ့လာခ်င္သူတို႔အတြက္ စာအုပ္ေကာင္းမ်ား google.com

အဂၤလိပ္စာ ကေတာ့အင္တာေနရွင္နယ္ဘာသာစကားတစ္ခုျဖစ္တဲ့အတြက္ အားလံုးသင္ယူသင့္တဲ့ ဘာသာစကားတစ္ခုပါ။ ခုေနာက္ပုိင္းမွာေတာ့ဒီ general english အျပင္business englishကိုပါ ေလ့လာေနၾကပါၿပီ။ႏိုင္ငံတကာမွ ရင္းႏွီးျမွဳပ္ႏွံမွဳမ်ား တြင္က်ယ္လာတာနဲ႔တစ္ၿပိဳင္နက္ ဆက္သြယ္ ေျပာဆုိရာတြင္ business English ကပိုမိုလိုအပ္လာပါတယ္။ ဒီလုိအလုပ္အတြက္လည္း လုိအပ္တယ္၊ သင္တန္းလည္းအခ်ိန္ေပးမတက္ႏုိင္သူမ်ားအတြက္ ကိုယ္တုိင္ေလ့လာလို႔ရမယ့္ စာအုပ္ေကာင္းမ်ားကို လမ္းညႊန္ေပးလိုက္ပါတယ္။

 (1) Market Leader (Pearson/Longman)

ဒီအဂၤလိပ္စာ စာအုပ္ကို Business English စာအုပ္အကုန္လံုးရဲ႕ ဘိုးေအႀကီးလို႔ေတာင္ ေျပာလို႔ရပါတယ္။ “Market Leader” စာအုပ္မွာဆိုရင္ စာမ်က္တိုင္းမွာ Business English ကို Four-skill နဲ႔ ေလ့လာႏိုင္ ေအာင္ ေဖာ္ျပေပးထာပါတယ္။ ေခါင္းစဥ္တစ္ခုခ်င္းစီကလည္း စီးပြားေရးလုပ္ငန္းေတြမွာ အသံုးမ်ားတဲ့အရာေတြပါ။ Brand, Money စတဲ့အေၾကာင္းအရာေတြပါသလို၊ ဖြင့္ပြဲေတြ၊ အစည္းအေဝးပြဲေတြမွာ အဂၤလိပ္စာကို ဘယ္လို မ်ိဳးသံုးႏႈန္းရမလဲဆိုတာေတြကိုပါ ေဖာ္ျပေပးထားပါတယ္။

market leader 1

(2) “Business one:one” (Oxford)

ဒီစာအုပ္က Business English ကို စေလ့လာမယ့္ ေက်ာင္းသားအရြယ္ေတြအတြက္ေတာ့ ေတာ္ေတာ္ အေထာက္အကူျဖစ္မွာပါ။ အရမ္းႀကီးကိန္းႀကီးခမ္းႀကီးနို္င္တဲ့စကားလံုးေတြ မပါဘဲ အကုန္လံုး၊ ရိုးရိုးနဲ႔ရွင္း ရွင္းပါပဲ။ Speaking နဲ႔ Writing ေတြမွာအထိက လိုအပ္မယ့္ ေဝါဟာရေတြ၊ စကားစုေတြနဲ႔ သဒၵါုပိုင္းဆိုင္ရာ ေတြကို အထူးအေလးေပး ေဖာ္ျပထားပါတယ္။ Unit တစ္ခုျခင္းစီမွာ စာမ်က္ႏွာ ႏွစ္ခုေလာက္ပဲပါဝင္ၿပီးေတာ့ သင္ခန္းစာပံုစံနဲ႔ ေရးသားထားပါတယ္။ အဲ့ဒါေၾကာင့္ စာအုပ္ကို လွန္ၾကည့္လိုက္တာနဲ႔ ဘယ္သင္ခန္းစာက ဘယ္လိုဆိုတာ သိႏိုင္မွာပါ။

business one 1

Read-Content Marketing Stats 2017

(3) Total Business (Cengage)

ကို္ယ့္က Business English ကို အခုမွစေလ့လာမယ္၊ စီးပြားေရးအေတြ႕အႀကံဳလည္း လံုးလံုးမရွိဘူးဆိုရင္ “Total Business” ကအေကာင္းဆံုးစာအုပ္တစ္ခုပါပဲ။ မရွိမျဖစ္လိုအပ္တဲ့ ေဝါဟာရေတြ၊ သဒၵါေတြနဲ႔ အေၾကာင္းအရာေတြကိုသာ ေဖာ္ျပထားတာမို႔ Business English သမားေတြ စေလွ်ာက္ရမယ့္ တံခါးဝ တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ စာအုပ္ေတြကို Module ေတြြနဲ႔ခြဲျခားထားၿပီး Module တစ္ခုျခင္းစီက သင္ခန္းစာေတြက ေတာ္ေတာ္ထိေရာက္ပါတယ္။ စီးပြားေရးနယ္ပယ္ေတြကို သက္ဆိုင္ရာနယ္ပယ္ေတြ အလုိက္ခြဲျခားထားတာမို႔ ကိုယ္သိခ်င္တဲ့အပိုင္းကို ေရြးၿပီးေလ့လာမယ္ဆိုရင္လည္း အဆင္ေျပပါတယ္။

total business

(4) Intelligent Business (Pearson/Longman)

“Total Business” စာအုပ္လိုပါပဲ၊ Intelligent Business စာအုပ္ကလည္း စီးပြားေရးလုပ္ငန္းေတြနဲ႔ပက္သက္ ၿပီး အေတြ႔အၾကံဳနည္းနည္းသာရွိတဲ့သူေတြအတြက္ ေတာ္ေတာ္အသံုးဝင္တဲ့စာအုပ္တစ္အုပ္ပါ။ ယူနစ္တစ္ခုျခင္းစီမွာ စီးပြားေရးအေျခခံအယူအဆေတြျဖစ္တဲ့ ထုတ္လုပ္မႈ၊ က်င့္ဝတ္ေတြအပါအဝင္ “The Economist” မဂၢဇင္းက ေဆာင္းပါးေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ “Market Leader” စာအုပ္မွာပါဝင္တဲ့ Case Study သင္ခန္းစာေတြနဲ႔ဆင္တူတာေတြပါသလို၊ “Intelligen Business” စာအုပ္မွာ ပါဝင္တဲ့ ဆံုးျဖတ္ခ်က္မွတ္ျခင္းဆိုင္ရာ သင္ခန္းဆာေတြလည္းပါဝင္ပါတယ္။ “Intelligent Business” စာအုပ္က Leve ငါးခုနဲ႔ရႏိုင္ပါတယ္။ Elementary ကေန Advanced အထိပါ။

Intelligent english

Source; Akhayar

ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။

Link  -Jobs Board

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Unicode Version

အင်္ဂလိပ်စာ ကတော့အင်တာနေရှင်နယ်ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် အားလုံးသင်ယူသင့်တဲ့ ဘာသာစကားတစ်ခုပါ။ ခုနောက်ပိုင်းမှာတော့ဒီ general english အပြင်business englishကိုပါ လေ့လာနေကြပါပြီ။နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ တွင်ကျယ်လာတာနဲ့တစ်ပြိုင်နက် ဆက်သွယ် ပြောဆိုရာတွင် business English ကပိုမိုလိုအပ်လာပါတယ်။ ဒီလိုအလုပ်အတွက်လည်း လိုအပ်တယ်၊ သင်တန်းလည်းအချိန်ပေးမတက်နိုင်သူများအတွက် ကိုယ်တိုင်လေ့လာလို့ရမယ့် စာအုပ်ကောင်းများကို လမ်းညွှန်ပေးလိုက်ပါတယ်။
(1) Market Leader (Pearson/Longman)
ဒီအင်္ဂလိပ်စာ စာအုပ်ကို Business English စာအုပ်အကုန်လုံးရဲ့ ဘိုးအေကြီးလို့တောင် ပြောလို့ရပါတယ်။ “Market Leader” စာအုပ်မှာဆိုရင် စာမျက်တိုင်းမှာ Business English ကို Four-skill နဲ့ လေ့လာနိုင် အောင် ဖော်ပြပေးထာပါတယ်။ ခေါင်းစဉ်တစ်ခုချင်းစီကလည်း စီးပွားရေးလုပ်ငန်းတွေမှာ အသုံးများတဲ့အရာတွေပါ။ Brand, Money စတဲ့အကြောင်းအရာတွေပါသလို၊ ဖွင့်ပွဲတွေ၊ အစည်းအဝေးပွဲတွေမှာ အင်္ဂလိပ်စာကို ဘယ်လို မျိုးသုံးနှုန်းရမလဲဆိုတာတွေကိုပါ ဖော်ပြပေးထားပါတယ်။
(2) “Business one:one” (Oxford)
ဒီစာအုပ်က Business English ကို စလေ့လာမယ့် ကျောင်းသားအရွယ်တွေအတွက်တော့ တော်တော် အထောက်အကူဖြစ်မှာပါ။ အရမ်းကြီးကိန်းကြီးခမ်းကြီးနို်င်တဲ့စကားလုံးတွေ မပါဘဲ အကုန်လုံး၊ ရိုးရိုးနဲ့ရှင်း ရှင်းပါပဲ။ Speaking နဲ့ Writing တွေမှာအထိက လိုအပ်မယ့် ဝေါဟာရတွေ၊ စကားစုတွေနဲ့ သဒ္ဒါုပိုင်းဆိုင်ရာ တွေကို အထူးအလေးပေး ဖော်ပြထားပါတယ်။ Unit တစ်ခုခြင်းစီမှာ စာမျက်နှာ နှစ်ခုလောက်ပဲပါဝင်ပြီးတော့ သင်ခန်းစာပုံစံနဲ့ ရေးသားထားပါတယ်။ အဲ့ဒါကြောင့် စာအုပ်ကို လှန်ကြည့်လိုက်တာနဲ့ ဘယ်သင်ခန်းစာက ဘယ်လိုဆိုတာ သိနိုင်မှာပါ။
(3) Total Business (Cengage)
ကို်ယ့်က Business English ကို အခုမှစလေ့လာမယ်၊ စီးပွားရေးအတွေ့အကြုံလည်း လုံးလုံးမရှိဘူးဆိုရင် “Total Business” ကအကောင်းဆုံးစာအုပ်တစ်ခုပါပဲ။ မရှိမဖြစ်လိုအပ်တဲ့ ဝေါဟာရတွေ၊ သဒ္ဒါတွေနဲ့ အကြောင်းအရာတွေကိုသာ ဖော်ပြထားတာမို့ Business English သမားတွေ စလျှောက်ရမယ့် တံခါးဝ တစ်ခုလို့တောင် ပြောလို့ရပါတယ်။ စာအုပ်တွေကို Module တွွေနဲ့ခွဲခြားထားပြီး Module တစ်ခုခြင်းစီက သင်ခန်းစာတွေက တော်တော်ထိရောက်ပါတယ်။ စီးပွားရေးနယ်ပယ်တွေကို သက်ဆိုင်ရာနယ်ပယ်တွေ အလိုက်ခွဲခြားထားတာမို့ ကိုယ်သိချင်တဲ့အပိုင်းကို ရွေးပြီးလေ့လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
(4) Intelligent Business (Pearson/Longman)
“Total Business” စာအုပ်လိုပါပဲ၊ Intelligent Business စာအုပ်ကလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ပက်သက် ပြီး အတွေ့အကြံုနည်းနည်းသာရှိတဲ့သူတွေအတွက် တော်တော်အသုံးဝင်တဲ့စာအုပ်တစ်အုပ်ပါ။ ယူနစ်တစ်ခုခြင်းစီမှာ စီးပွားရေးအခြေခံအယူအဆတွေဖြစ်တဲ့ ထုတ်လုပ်မှု၊ ကျင့်ဝတ်တွေအပါအဝင် “The Economist” မဂ္ဂဇင်းက ဆောင်းပါးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ “Market Leader” စာအုပ်မှာပါဝင်တဲ့ Case Study သင်ခန်းစာတွေနဲ့ဆင်တူတာတွေပါသလို၊ “Intelligen Business” စာအုပ်မှာ ပါဝင်တဲ့ ဆုံးဖြတ်ချက်မှတ်ခြင်းဆိုင်ရာ သင်ခန်းဆာတွေလည်းပါဝင်ပါတယ်။ “Intelligent Business” စာအုပ်က Leve ငါးခုနဲ့ရနိုင်ပါတယ်။ Elementary ကနေ Advanced အထိပါ။
Source; Akhayar

 

Read times
Rate this item
(2 votes)