-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့်မှာတိုးတက်သွားတာဆိုလို့ အသက်ပဲရှိတာလား?

ကိုယ့်မှာတိုးတက်သွားတာဆိုလို့ အသက်ပဲရှိတာလား? google.com





Read-အောင်မြင်နိုင်ရန် ကျင့်သုံးသင့်တဲ့ အမူအကျင့်ကောင်းများ






ကုမ္ပဏီများ မှအလုပ်ခေါ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory Page တွင်ဝင်ရောက်ကြည့်ရှူ့ကာ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

Link  -Jobs Board

စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။

Link-Myanmar Advertising Directory

 

Myat

Unicode Version

ယနေ့ခေတ်မှာ ကိုယ်ကပုံမှန်ရွေ့နေတယ်ဆိုရင်တောင် မလုံလောက်သေးပါဘူး။ တိုးတက်မှုတွေ စဉ်ဆက်မပြတ်ရှိနေတာကို အမှီလိုက်နိုင်မှ ဖြစ်မှာပါ။ နေ့ရက်တွေတစ်ရက်ပြီး တစ်ရက်သာ ကုန်ဆုံးသွားသော်လည်း ကိုယ့်မှာတိုးတက်သွားတာဆိုလို့ အသက်တစ်ခုသာရှိနေတာလား။ ဒါဆိုသင်ဘဝကိုဘယ်လိုပုံစံမျိုးတွေနဲ့ ဖြတ်သန်းမိနေတာလဲ။ ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။
♦ကိုယ့်ကိုယ်အရမ်းညှာတာ သနားတတ်ခြင်း။ တစ်ရက်ကို တစ်နာရီ(သို့)နှစ်နာရီလောက် အိပ်ရေးများပျက်ပြီး စာလေ့လာတာပဲဖြစ်ဖြစ်၊ အလုပ်တစ်ခုကို လုပ်လိုက်တဲ့အခါ မဟာတာဝန်ကြီးတစ်ခုကို ထမ်းဆောင်လိုက်သလို ကိုယ့်ကိုယ်ပြုစုခြင်းက အဆုံးမသတ်တော့ပါ။
♦ခိုင်မာပြတ်သားတဲ့ရည်မှန်းချက်မထားရှိနိုင်ခြင်း။ လေယူရာယိမ်းသည့် ရည်မှန်းချက်မျိုးတွေ သင့်မှာ ရှိနေတတ်တာဟာ အောင်မြင်မှုနဲ့ အလှမ်းဝေးစေပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်နောက်ကိုမလိုက်ဘဲ ပေါပြူလာဖြစ်သော အလုပ်အကိုင်များနောက်သို့ လိုက်နေခြင်း။
♦ လုပ်နေကျအရာတွေကိုပဲ ထပ်တလဲလဲပြုလုပ်နေတာလား။ သင့်မှာအလုပ်တစ်ခုရှိသော်လည်း အလုပ်စလုပ် ရတဲ့နေ့ကနေ အချိန်အတော်ကြတဲ့အထိ ဘာမှတိုးတက်မှုမရှိသေးဘဲ ပုံမှန်အတိုင်းဖြစ်နေခြင်း။
♦အလုပ်စဝင်တုန်းက ထားရှိထားတဲ့ ရည်မှန်းချက်၊ ပန်းတိုင်တွေကို စိတ်ထဲတွင်သာ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ကိုင်နိုင်မှုမရှိခြင်း။
♦သူတစ်ပါးထံမှရရှိလာမယ့် အကူအညီတစ်ခုခုကို မျှော်လင့်နေမိခြင်း။
♦မည်သည့်အလုပ်ကိုမဆို ကောက်ရိုးမီးလိုလုပ်တတ်တဲ့အကျင့်ဟောင်းကို မပြုပြင်နိုင်သေးခြင်း။ စလုပ်တဲ့အချိန်မှာ ကိုယ်ဟာဘီလီယမ်နာကြီးဖြစ်မယ်၊ အောင်မြင်ကျော်ကြားမယ့်သူတစ်ယောက်ဖြစ်မယ် စသဖြင့်ပေါ့။ တကယ်တော့နောက်ဆုံးတွင် တီကောင်တောင်ဖြစ်မလာပါ။
♦တစ်ခုခုဆို အလွန်အမင်းစဉ်းစားခန်းဝင်ကာ ငါဖြစ်ပါ့မလားဆိုတဲ့စိတ်ကို အရင်ထည့်သွင်းလိုက်ခြင်း။ ဖြစ်ပါ့မလားဆိုတဲ့ အပျက်သဘောင်ဆောင်သောစိတ်ဖြစ်ပေါ်လာတဲ့နဲ့ တစ်ပြိုက်နက် သင်ကျရှုံးဖို့ ၅၀%သေချာသွားပါပြီ။ ငါလုပ်နိုင်တယ်၊ ငါမလုပ်နိုင်တဲ့အရာဆိုတာမရှိဘူး။ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ပဲထားပါ။
ဘဝကြီးကိုပြီးပြီးရောမဖြတ်သန်းလိုက်ပါနဲ့။ ဖြစ်လာသမျှအရာတွေကို ရင်ဆိုင်ကျော်လွှားမယ်ဆိုသော ရဲရင့်ပြတ်သားတဲ့စိတ်ဓါတ်နဲ့ အကြောတင်းတင်းဖြတ်သန်းလိုက်ပါ။ ဘဝဆိုတာမျိုးကို ကိုယ်ကိုယ်တိုင်ကပဲ ကြိုးကိုင်လိုက်ပါ။
Myat

 

Read times
Rate this item
(0 votes)