-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ္ရဲ႕အရည္အခ်င္းေတြကုိ စိန္ေခၚၿပိဳင္ဆိုင္ျခင္း

ကိုယ္ရဲ႕အရည္အခ်င္းေတြကုိ စိန္ေခၚၿပိဳင္ဆိုင္ျခင္း google.com

ကမၻာေပၚမွာ အေကာင္းဆံုးေသာ ယွဥ္ၿပိဳင္ျခင္းကိုျပပါဆိုရင္ေတာ့ ကိုယ့္ကိုယ္ယွဥ္ၿပိဳင္ျခင္းကို ျပရပါလိမ့္မယ္။ သို႔ေသာ္ က်ြန္ေတာ္တို႔ေတြ အမ်ားဆံုးျပဳလုပ္ေနၾကတဲ့ အမွားကေတာ့ ေအာင္ျမင္မွဳရရွိတဲ့အခါမွာလည္း သူတစ္ပါးနဲ႔ ႏွိုင္းယွဥ္တယ္၊ က်ရွံဳးျပန္ရင္လည္း

လုိက္အားၿပိဳင္တုပျပန္တယ္။ အေသးအဖြဲအရာေလးေတြက အစ သူတစ္ပါးနဲ႔ ၿပိဳင္ဆုိင္တာမ်ိဳးေတြလုပ္ေနၾကျပန္တယ္။ ဒါႀကီးကအလြန္ဆိုးရြားတဲ႔ အမူအက်င့္ႀကီးပါ။

ဒီအက်င့္ဆိုးႀကီးကို ေက်ာင္းေနစဥ္အရြယ္ကတည္းက အခ်ိဳ႕ေသာမိဘေတြက သူတို႔ရဲ႕ခေလးေတြကို ေမြးျမဴေပးေလ့ရွိတယ္။ေဘးနားက သူငယ္ခ်င္းထက္သာေအာင္စာလုပ္ေနာ္ သူအဆင့္တစ္ရၿပီး နင္မရင္ရိုက္မယ္ စသျဖင့္ခေလးေတြကုိရိုက္သြင္းေပးေလ့ရွိတယ္။ ဒီလိုေတြျပဳလုပ္မယ့္အစား “သားဒီေန႔စာတစ္ပုဒ္ ၿပီးေအာင္က်က္ႏိုင္တယ္၊ ေနာက္ေန႔ႏွစ္ပုဒ္က်က္ႏုိင္ေအာင္ႀကိဳးစားေနာ္”  ဆိုတဲ့အသံုးအႏွဳန္းေတြနဲ႔ ကိုယ့္ကိုယ္တုိးတက္ေအာင္ျပဳလုပ္ေပးသင္႔ပါတယ္။  ဒါကေတာ့ ငယ္ရြယ္စဥ္အခ်ိန္မွာေပါ့။

Read-အဟန္႔အတား၊ ျပႆနာေတြက ေအာင္ျမင္ဖုိ႔အတြက္ လုိအပ္ခ်က္ပါ

ကိုယ့္ရဲ႕ကုိယ္ပုိင္အရည္အခ်င္းေတြ တုိးတက္လာဖုိ႔ဆိုလွ်င္ ဘယ္သူတစ္ဦးတစ္ေယာက္နဲ႔မွ ယွဥ္ၿပိဳင္တာမ်ိဳး မလုပ္ပါနဲ႔။သို႔ေသာ္ ကိုယ့္ရဲ႕ေဘးပတ္၀န္းက်င္ကအေပါင္းအသင္းမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႔ တုိးတက္မွဳ၊ ကမၻာႀကီးရဲ႕ေျပာင္းလဲမွဳေတြကိုေတာ့ မျပတ္ေလ့လာေနသင့္ပါတယ္။ ဥပမာ-ကုိယ္႔အတြက္ အသံုး၀င္တဲ့ applicationတစ္ခု ကိုယ္မသံုးႏုိင္ဘူးဆုိလွ်င္ က်ြန္ေတာ့္ကို ကူညီေပးပါလား စသျဖင့္ေပါ့။

ကိုယ္လုပ္ကုိင္ေနတဲ့လုပ္ငန္းခြင္မွာ ကိုယ္ဘယ္ေလာက္ထက္ထက္ျမက္ျမက္နဲ႔ အလုပ္လုပ္ႏိုင္လဲ။ ကိုယ္လုပ္ႏိုင္တဲ့ အတုိင္းအတာကဘယ္ေလာက္လဲ ျပန္ဆန္းစစ္ယွဥ္ၿပိဳင္ၾကည့္ပါ။ ေရတုိ ၊ေရရွည္ အစီအစဥ္ေလးေတြခ်မွတ္ လုပ္ေဆာင္ၾကည့္ပါ။  ဥပမာ- တစ္လခ်င္းအလိုက္(သို႔မဟုတ္) တစ္ႏွစ္အလုိက္ေပါ႔။

သို႔ေသာ္တစ္ရက္ခ်င္းစီအလုိက္ ကိုယ့္ရဲ႕တုိးတက္မွဳေတြကို ေတြ႔ျမင္ခ်င္တယ္ဆုိ ဘယ္လိုတိုင္းတာမလဲ။ တစ္ေန႔တာကိုယ္ျပဳလုပ္ခဲ့တဲ႔  လုပ္ငန္းေဆာင္တာမ်ားကို ျပန္ၾကည့္ႏိုင္ပါတယ္။ ဒီေန႔မွာ အလုပ္ဘယ္ႏွစ္ခု ေလာက္ကို အဆင္ေျပၿပီးေျမာက္ေအာင္ျမင္ေအာင္ ျပဳလုပ္ခဲ့သလဲ၊ ဘယ္အရာေတြက ကိုယ္႔အတြက္ ခက္ခဲေနေသးလည္း စသျဖင့္ သံုးသပ္ၾကည့္ပါ။ မေန႔ကခက္ခဲတဲ့အရာေတြကို ဒီကေန႔မွာ ဘယ္ေလာက္ထိ လြယ္ကူေအာင္ျပဳလုပ္ႏိုင္တယ္ဆုိတဲ႔ အေပၚမူတည္ၿပီး တိုးတက္မွဳေတြကို ေန႔စဥ္နဲ႔အမွ် ျမင္ေတြ႔ႏုိင္ပါတယ္။

“The biggest competition is myself. I am not looking to follow others or pull them down. I'm planning to test my own boundaries.”

Rain

ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။

Link  -Jobs Board

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Unicode Version

ကမ္ဘာပေါ်မှာ အကောင်းဆုံးသော ယှဉ်ပြိုင်ခြင်းကိုပြပါဆိုရင်တော့ ကိုယ့်ကိုယ်ယှဉ်ပြိုင်ခြင်းကို ပြရပါလိမ့်မယ်။ သို့သော် ကျွန်တော်တို့တွေ အများဆုံးပြုလုပ်နေကြတဲ့ အမှားကတော့ အောင်မြင်မှုရရှိတဲ့အခါမှာလည်း သူတစ်ပါးနဲ့ နှိုင်းယှဉ်တယ်၊ ကျရှုံးပြန်ရင်လည်း လိုက်အားပြိုင်တုပပြန်တယ်။ အသေးအဖွဲအရာလေးတွေက အစ သူတစ်ပါးနဲ့ ပြိုင်ဆိုင်တာမျိုးတွေလုပ်နေကြပြန်တယ်။ ဒါကြီးကအလွန်ဆိုးရွားတဲ့ အမူအကျင့်ကြီးပါ။
ဒီအကျင့်ဆိုးကြီးကို ကျောင်းနေစဉ်အရွယ်ကတည်းက အချို့သောမိဘတွေက သူတို့ရဲ့ခလေးတွေကို မွေးမြူပေးလေ့ရှိတယ်။ဘေးနားက သူငယ်ချင်းထက်သာအောင်စာလုပ်နော် သူအဆင့်တစ်ရပြီး နင်မရင်ရိုက်မယ် စသဖြင့်ခလေးတွေကိုရိုက်သွင်းပေးလေ့ရှိတယ်။ ဒီလိုတွေပြုလုပ်မယ့်အစား “သားဒီနေ့စာတစ်ပုဒ် ပြီးအောင်ကျက်နိုင်တယ်၊ နောက်နေ့နှစ်ပုဒ်ကျက်နိုင်အောင်ကြိုးစားနော်” ဆိုတဲ့အသုံးအနှုန်းတွေနဲ့ ကိုယ့်ကိုယ်တိုးတက်အောင်ပြုလုပ်ပေးသင့်ပါတယ်။ ဒါကတော့ ငယ်ရွယ်စဉ်အချိန်မှာပေါ့။
ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာဖို့ဆိုလျှင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ယှဉ်ပြိုင်တာမျိုး မလုပ်ပါနဲ့။သို့သော် ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကအပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ တိုးတက်မှု၊ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေကိုတော့ မပြတ်လေ့လာနေသင့်ပါတယ်။ ဥပမာ-ကိုယ့်အတွက် အသုံးဝင်တဲ့ applicationတစ်ခု ကိုယ်မသုံးနိုင်ဘူးဆိုလျှင် ကျွန်တော့်ကို ကူညီပေးပါလား စသဖြင့်ပေါ့။
ကိုယ်လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်မှာ ကိုယ်ဘယ်လောက်ထက်ထက်မြက်မြက်နဲ့ အလုပ်လုပ်နိုင်လဲ။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကဘယ်လောက်လဲ ပြန်ဆန်းစစ်ယှဉ်ပြိုင်ကြည့်ပါ။ ရေတို ၊ရေရှည် အစီအစဉ်လေးတွေချမှတ် လုပ်ဆောင်ကြည့်ပါ။ ဥပမာ- တစ်လချင်းအလိုက်(သို့မဟုတ်) တစ်နှစ်အလိုက်ပေါ့။
သို့သော်တစ်ရက်ချင်းစီအလိုက် ကိုယ့်ရဲ့တိုးတက်မှုတွေကို တွေ့မြင်ချင်တယ်ဆို ဘယ်လိုတိုင်းတာမလဲ။ တစ်နေ့တာကိုယ်ပြုလုပ်ခဲ့တဲ့ လုပ်ငန်းဆောင်တာများကို ပြန်ကြည့်နိုင်ပါတယ်။ ဒီနေ့မှာ အလုပ်ဘယ်နှစ်ခု လောက်ကို အဆင်ပြေပြီးမြောက်အောင်မြင်အောင် ပြုလုပ်ခဲ့သလဲ၊ ဘယ်အရာတွေက ကိုယ့်အတွက် ခက်ခဲနေသေးလည်း စသဖြင့် သုံးသပ်ကြည့်ပါ။ မနေ့ကခက်ခဲတဲ့အရာတွေကို ဒီကနေ့မှာ ဘယ်လောက်ထိ လွယ်ကူအောင်ပြုလုပ်နိုင်တယ်ဆိုတဲ့ အပေါ်မူတည်ပြီး တိုးတက်မှုတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နိုင်ပါတယ်။
“The biggest competition is myself. I am not looking to follow others or pull them down. I'm planning to test my own boundaries.”
Rain

Read times
Rate this item
(0 votes)