-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ္မ်ားၿပီး ပင္ပန္းေနတဲ့သင့္အတြက္

အလုပ္မ်ားၿပီး ပင္ပန္းေနတဲ့သင့္အတြက္ google.com

ဘ၀ဟာ အလြန္ပဲ အလုပ္မ်ားလွပါတယ္။ ဘာပဲျဖစ္ျဖစ္၊ အဲဒါကို ရင္ဆုိင္ၾကရမွာပါပဲ။ က်ေနာ္တုိ႕ဟာ အလုပ္တခ်ိဳ႕ကို စိတ္မပါလက္မပါ လုပ္ေနၾကရတယ္၊ ဒါေပမဲ့ ေနာက္ထပ္ လုပ္စရာေတြကလည္း တစီတတန္းႀကီး ရွိေနတယ္။ အ၀တ္ေတြ ေလွ်ာ္ရဦးမယ္၊ ညေနစာအတြက္လည္း ျပင္ဆင္ရမယ္၊ စားပြဲခုံေပၚမွာလည္း အလုပ္ေတြက တစ္ထပ္ႀကီး ေရာက္ေနတယ္။ ဒီလိုကမၻာႀကီးမွာ သင့္အတြက္ ကိုယ္ပိုင္အခ်ိန္ရဖို႕ ဘယ္လုိလုပ္မွာလဲ။

သင္ ေအးေအးေဆးေဆး အနားယူဖုိ႕၊ အားသစ္ေလာင္းဖုိ႕ အခ်ိန္ေတြသာရမယ္ဆုိရင္ သင္ဟာ ပိုေကာင္းတဲ့ အလုပ္သမားတစ္ေယာက္၊ ပိုေကာင္းတဲ့ မိတ္ေဆြတစ္ေယာက္၊ ပိုေကာင္းတဲ့ မိခင္တစ္ေယာက္၊ ပိုေကာင္းတဲ့ အိမ္ေထာင္ဖက္တစ္ေယာက္ ျဖစ္ႏိုင္တယ္ဆုိတာ သင္ ေသခ်ာပါတယ္။

က်ေနာ္တုိ႕အားလုံးဟာ တစ္ေန႕မွာ ၂၄နာရီပဲ အကန္႕အသတ္နဲ႕ရၾကတယ္။ သင္ဟာ အခ်ိန္ပိုလည္း မရႏုိင္တာေၾကာင့္ နာရီတစ္ခ်ိဳ႕ ပိုထြက္လာဖို႕ဆုိရင္ သင့္ရဲ႕ အလုပ္တစ္ခ်ိဳ႕ကို တျခားသူေတြကို တာ၀န္ခြဲေပးဖို႕လိုပါတယ္။ အိမ္မွဳကိစၥေတြကို ကူညီဖို႕ ကေလးေတြကို တာ၀န္ခြဲေပးပါ။  ရိုးရွင္းတဲ႔ အလုပ္ေလးေတြကို သင့္လက္ေထာက္ကို တာ၀န္ခြဲေပးလိုက္ပါ။ ဒါမွမဟုတ္ သင္ဟာ သင့္ကိုယ္ပုိင္ စီးပြားေရးကို လုပ္ေနတယ္ဆုိရင္ေတာ့ outsourcing ကို စဥ္းစားပါ။

Read-ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ


အလုပ္ေတြအမ်ားႀကီးလုပ္တာဟာ ေကာင္းပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာေတာ့၊ သင္ဟာ တစ္ခ်ိန္တည္းမွာ အလုပ္ငါးခုေလာက္ ၿပီးဖို႕ ႀကိဳးစားရင္းနဲ႕ အခ်ိန္ေတြ အမ်ားႀကီးကို ျဖဳန္းတီးပစ္တတ္ပါတယ္။ တစ္ခ်ိန္မွာ အလုပ္တစ္ခုကိုပဲ အာရုံစိုက္ပါ။ သင့္ေခါင္းကို အဲဒီအလုပ္ထဲမွာပဲ မၿပီးမခ်င္း ႏွစ္ထားပါ။ ၿပီးၿပီဆုိမွ ေနာက္တစ္ခုကို လုပ္ပါ။ ဒါဆိုရင္ အေႏွာင့္အယွက္ေတြမရွိဘဲ အလုပ္ေတြအမ်ားႀကီး ပိုၿပီးႏုိင္တာကို ေတြ႕ရပါလိမ့္မယ္။

သင့္အတြက္ ကိုယ္ပုိင္အခ်ိန္ကို အခ်ိန္စာရင္းဆြဲထားပါ။ သင့္ရဲ႕ စာရင္းမွာ သင္ဟာ ပထမဦးစားေပး ျဖစ္ေနပါေစ။ သင့္မွာ လုပ္စရာကိစၥေတြ ၃၀ခုေလာက္ ရွိခ်င္ရွိေနလိမ့္မယ္။ အဲဒါေတြကို ခဏေလာက္ လ်စ္လ်ဴရွဳထားၿပီး သင့္္အတြက္ ကိုယ္ပုိင္အခ်ိန္ရဖို႕ ပထမဆုံး အခ်ိန္စာရင္းဆြဲလုိက္ပါ။ သင့္ရဲ႕Planner စာအုပ္ကုိထုတ္ၿပီး ရက္သတၱပတ္ တစ္ပတ္ခ်င္းစီအတြက္ သင့္ကိုယ္ပိုင္အခ်ိန္ေတြကို ခြဲထုတ္ထားပါ။ ေသေရးရွင္ေရးလိုမ်ိုဳး အေရးႀကီးကိစၥတစ္ခု ေပၚမလာဘဲနဲ႕ေတာ့ အဲဒီအခ်ိန္စာရင္းကို ျပန္မျပင္ပါနဲ႕။ သင့္အတြက္ ကုိယ္ပိုင္အခ်ိန္တစ္ခ်ိဳ႕ ရၿပီဆုိရင္ေတာ့ အဲဒါကို ေကာင္းေကာင္းအသုံးျပဳပါ။ ေရေႏြးနဲ႕ ေရခ်ိဳးခ်င္ခ်ိဳးပါ။ စာအုပ္ေကာင္းတစ္အုပ္ ဖတ္ခ်င္ဖတ္ပါ။ ဒါမွမဟုတ္ မ်က္ႏွာေပါင္းတင္ခ်င္လည္း တင္လုိက္ေပါ့။ သင့္ရဲ႕ အလုပ္မ်ားလွတဲ့ ေန႕စဥ္ဘ၀ထဲကို ေနာက္တစ္ႀကိမ္ ျပန္မ၀င္ခင္အထိ စိတ္ေရာကိုယ္ပါ အပန္းေျဖ အနားယူလုိက္ပါ။

Source; Maydim's Notebook

ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။

Link  -Jobs Board

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Unicode Version

ဘဝဟာ အလွန်ပဲ အလုပ်များလှပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အဲဒါကို ရင်ဆိုင်ကြရမှာပါပဲ။ ကျနော်တို့ဟာ အလုပ်တချို့ကို စိတ်မပါလက်မပါ လုပ်နေကြရတယ်၊ ဒါပေမဲ့ နောက်ထပ် လုပ်စရာတွေကလည်း တစီတတန်းကြီး ရှိနေတယ်။ အဝတ်တွေ လျှော်ရဦးမယ်၊ ညနေစာအတွက်လည်း ပြင်ဆင်ရမယ်၊ စားပွဲခုံပေါ်မှာလည်း အလုပ်တွေက တစ်ထပ်ကြီး ရောက်နေတယ်။ ဒီလိုကမ္ဘာကြီးမှာ သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့ ဘယ်လိုလုပ်မှာလဲ။ သင် အေးအေးဆေးဆေး အနားယူဖို့၊ အားသစ်လောင်းဖို့ အချိန်တွေသာရမယ်ဆိုရင် သင်ဟာ ပိုကောင်းတဲ့ အလုပ်သမားတစ်ယောက်၊ ပိုကောင်းတဲ့ မိတ်ဆွေတစ်ယောက်၊ ပိုကောင်းတဲ့ မိခင်တစ်ယောက်၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ သင် သေချာပါတယ်။

ကျနော်တို့အားလုံးဟာ တစ်နေ့မှာ ၂၄နာရီပဲ အကန့်အသတ်နဲ့ရကြတယ်။ သင်ဟာ အချိန်ပိုလည်း မရနိုင်တာကြောင့် နာရီတစ်ချို့ ပိုထွက်လာဖို့ဆိုရင် သင့်ရဲ့ အလုပ်တစ်ချို့ကို တခြားသူတွေကို တာဝန်ခွဲပေးဖို့လိုပါတယ်။ အိမ်မှုကိစ္စတွေကို ကူညီဖို့ ကလေးတွေကို တာဝန်ခွဲပေးပါ။ ရိုးရှင်းတဲ့ အလုပ်လေးတွေကို သင့်လက်ထောက်ကို တာဝန်ခွဲပေးလိုက်ပါ။ ဒါမှမဟုတ် သင်ဟာ သင့်ကိုယ်ပိုင် စီးပွားရေးကို လုပ်နေတယ်ဆိုရင်တော့ outsourcing ကို စဉ်းစားပါ။

အလုပ်တွေအများကြီးလုပ်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့၊ သင်ဟာ တစ်ချိန်တည်းမှာ အလုပ်ငါးခုလောက် ပြီးဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီးကို ဖြုန်းတီးပစ်တတ်ပါတယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပါ။ သင့်ခေါင်းကို အဲဒီအလုပ်ထဲမှာပဲ မပြီးမချင်း နှစ်ထားပါ။ ပြီးပြီဆိုမှ နောက်တစ်ခုကို လုပ်ပါ။ ဒါဆိုရင် အနှောင့်အယှက်တွေမရှိဘဲ အလုပ်တွေအများကြီး ပိုပြီးနိုင်တာကို တွေ့ရပါလိမ့်မယ်။

သင့်အတွက် ကိုယ်ပိုင်အချိန်ကို အချိန်စာရင်းဆွဲထားပါ။ သင့်ရဲ့ စာရင်းမှာ သင်ဟာ ပထမဦးစားပေး ဖြစ်နေပါစေ။ သင့်မှာ လုပ်စရာကိစ္စတွေ ၃၀ခုလောက် ရှိချင်ရှိနေလိမ့်မယ်။ အဲဒါတွေကို ခဏလောက် လျစ်လျူရှုထားပြီး သင့််အတွက် ကိုယ်ပိုင်အချိန်ရဖို့ ပထမဆုံး အချိန်စာရင်းဆွဲလိုက်ပါ။ သင့်ရဲ့Planner စာအုပ်ကိုထုတ်ပြီး ရက်သတ္တပတ် တစ်ပတ်ချင်းစီအတွက် သင့်ကိုယ်ပိုင်အချိန်တွေကို ခွဲထုတ်ထားပါ။ သေရေးရှင်ရေးလိုမျိုုး အရေးကြီးကိစ္စတစ်ခု ပေါ်မလာဘဲနဲ့တော့ အဲဒီအချိန်စာရင်းကို ပြန်မပြင်ပါနဲ့။ သင့်အတွက် ကိုယ်ပိုင်အချိန်တစ်ချို့ ရပြီဆိုရင်တော့ အဲဒါကို ကောင်းကောင်းအသုံးပြုပါ။ ရေနွေးနဲ့ ရေချိုးချင်ချိုးပါ။ စာအုပ်ကောင်းတစ်အုပ် ဖတ်ချင်ဖတ်ပါ။ ဒါမှမဟုတ် မျက်နှာပေါင်းတင်ချင်လည်း တင်လိုက်ပေါ့။ သင့်ရဲ့ အလုပ်များလှတဲ့ နေ့စဉ်ဘဝထဲကို နောက်တစ်ကြိမ် ပြန်မဝင်ခင်အထိ စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူလိုက်ပါ။
Source; MayDim’s Notebook

 

Read times
Rate this item
(1 Vote)