-->
×
Warning
JUser: :_load: Unable to load user with ID: 29
အသက်၂၃နှစ်မှာ သင်ပိုင်ဆိုင်သင့်တဲ့အရည်အချင်းတွေ
အသက်၂၃နှစ်မှာ သင်ပိုင်ဆိုင်သင့်တဲ့အရည်အချင်းတွေ google.com
Read-သိုးကျောင်းသမအဖြစ်ကနေ နှစ်ပေါင်း ၂၀ကြာပြီးနောက် နိုင်ငံရဲ့ပညာရေးဝန်ကြီးဖြစ်လာသူ
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။
Link-Myanmar Advertising Directory
Myat
(Unicode Version)
အသက်၂၃နှစ်အရွယ်ဟာ တကယ်တော့ မငယ်တော့တဲ့အရွယ်တစ်ခုပါ။ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ် ရပ်တည်နေနိုင်ရတော့မယ်အရွယ်တစ်ခုကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဓလေ့အရတော့ ကိုယ့်ရဲ့သားသမီးဘယ်လောက်အရွယ်ရောက်ရောက် ခလေးလို့သာ မြင်နေခြင်းက ပြဿနာပါ။ ဒီလိုမြင်နေခြင်းကလည်း ကျွန်တော်တို့ အပေါ်မှာ အများကြီးသက်ဆိုင်ပါတယ်။
အသက်၂၂ ဒါမှမဟုတ် ၂၃ နှစ်အရွယ်ဟာဆိုလျှင် ပညာစုံသင့်သလောက်စုံနေတဲ့အရွယ်၊ တစ်ချို့ဆို ကိုယ့်ရဲ့ ကိုယ်ပိုင်မိသားစုတစ်စုကို တည်ဆောက်ထားနိုင်တဲ့အရွယ်၊လောကကြီးအကြာင်းကို အကုန်မသိရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်တဲ့ အသိပညာတစ်ခု ရှိသင့်တဲ့ အရွယ်ဖြစ်နေပါပြီ။
၂၃နှစ်ဆိုတာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ၊ ကိုယ်ရဲ့ဝါသနာတွေ ကိုယ်ဘာဖြစ်ချင်လဲ ဘာလုပ်နိုင်တာလဲဆိုတာကို သေချာသိသင့်နေပါပြီ။
ဒီအရွယ်မှာ သင်လူငယ်ဆန်စွာနေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ ပေါ့ပျက်စွာ မနေထိုင်ပါနဲ့။ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေလျှင်လည်း အမှားပြုလုပ်မိမှာကို မကြောက်ပါနဲ့။ အမှားတွေကို အတွေ့အကြုံယူပြီးကြိုးစားမှသာ အောင်မြင်မှာပါ။
အကယ်၍ ကိုယ်လုပ်နေရတဲ့ အလုပ်တစ်ခုက စိန်ခေါ်မှုတွေမရှိနိုင်တဲ့ အလုပ်တစ်ခုဖြစ်နေခဲ့ရင် တစ်ပတ်ကို နာရီ၄၀ကြာအောင် မမြှုပ်နှံမိပါစေနဲ့။
ဘာသာစကားတစ်ခု(သို့မဟုတ်) နှစ်ခုလောက်တော့ တတ်မြောက်အောင်သင်ယူထားပါ။ တန်းတူတွေကြားထဲမှာ သင်နှာတစ်ဖျားေတော့သာနေမှာပါ။
ကိုယ့်ရဲ့ခေါင်းထဲမှာ အမှိုက်တွေမဝင်ရောက်အောင်တားဆီးနေထိုင်ပါ။ နှလုံးသားက ဦးနှောက်လောက် သင့်ရဲ့ဘဝကိုအစီအစဉ်တကျဖြစ်အောင် စီမံခန့်ခွဲနိုင်ပါ့မလား။ အချစ်နဲ့ အောင်မြင်မှုကို ခွဲခြားနိုင်ပါစေ။
ဗဟုသုတအသိပညာများးကို အမြဲလေ့လာနေပါ။ ကိုယ့်အိတ်ထဲမှာ အမြဲစာအုပ်တစ်အုပ်ဆောင်ထားပါ။ အဓိက သင်စာဖတ်တတ်တဲ့ အလေ့အကျင့်လေး ရှိသွားမှာပါ။ တစ်ပတ်ကို စာအုပ်တစ်အုပ်ပြီးအောင်ဖတ်နိုင်လျှင် တစ်နှစ်မှာ စာအုပ်၅၀လောက်ဖတ်နိုင်မှာပါ။
လက်တွေ့ကျင့်ကြံလုပ်ဆောင်ပါ။ ပန်းချီပညာသင်ကြားမယ်ဆိုတဲ့စိတ်ကူးထက် လက်ထဲမှာ စုပ်တံတစ်ချောင်း ကိုင်ထားခြင်းက ပိုပြီးလက်တွေ့ကျစေပါတယ်။
အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားဆင်ခြင်နိုင်တဲ့အရွယ်တစ်ခုဖြစ်နေပါစေ။
Myat
Read times
Rate this item
(2 votes)