-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင႔္ကိုယ္ပုိင္ေစ်းအနည္းဆံုးနဲ႔ အစြမ္းထက္ဆံုး Journal

သင႔္ကိုယ္ပုိင္ေစ်းအနည္းဆံုးနဲ႔ အစြမ္းထက္ဆံုး Journal google.com

လူတစ္ေယာက္ဟာ အလုပ္ထဲက ျပႆနာတစ္ခုကို ေျဖရွင္းဖို႔ တေန႔လံုး ေခါင္းပူေအာင္ စဥ္းစားတယ္။ ေနကုန္သြားေပမယ့္ အေျဖမရပါဘူး။ ေနာက္ေန႔မွ ဆက္အေျဖရွာမယ္ဆိုၿပီး ရံုးဆင္း အိမ္ျပန္လာတယ္။ အိမ္ေရာက္လို႔ ေစာေစာက ျပႆနာကို

ေမ့ပစ္လိုက္ၿပီး ေရခ်ိဳးခန္းထဲမွာ စိမ္ေျပနေျပ ေရခ်ိဳးေနတယ္။ ဒီအခ်ိန္မွာ တေန႔လံုး ရံုးမွာ ရွာေနတဲ့အေျဖဟာ ႐ုတ္တရက္ သူ႔ေခါင္းထဲ ေပၚလာလို႔ သူ အရမ္းေပ်ာ္သြားတယ္။

သင္လည္း ဒီလို အျဖစ္မ်ိဳး ၾကံဳဖူးမွာပါ။ ေရခ်ိဳးေနတုန္းမဟုတ္ရင္လည္း ေအးေအးေဆးေဆး ကားစီးေနတုန္း၊ ညေနခင္း အေညာင္းေျပ လမ္းေလွ်ာက္ေနတုန္းေတြမွာ ေပၚလာတတ္ပါတယ္။ ဒါဟာ စိတ္ကို အတင္း အလုပ္လုပ္ခိုင္းရင္ မလုပ္ဘူး။ အလုပ္မခိုင္းေတာ့ရင္ သူအလုပ္လုပ္တယ္ဆိုတဲ့ စိတ္ရဲ႕ ထူးျခားဆန္းၾကယ္မႈ တစ္မ်ိဳးပါ။ ေစာေစာက လူဟာ တေန႔လံုး စိတ္ကို အနားမေပးဘဲ အေျဖရွာတယ္။ အေျဖမရဘူး။ အိမ္ျပန္ေရခ်ိဳးစဥ္မွာ စိတ္ကို အလုပ္မခိုင္းဘဲ အနားေပးလိုက္လို႔ စိတ္က အေျဖကို ထုတ္ေပးလိုက္တယ္။

အခုေျပာျပခ်င္တာက ေစာေစာက ေျပာသလို စိတ္ဆိုတာ သင္စိတ္ေအးေအးျဖစ္ေနခ်ိန္ မထင္မွတ္ဘဲ ျပႆနာရဲ႕ အေျဖေတြ၊ အၾကံဉာဏ္ေကာင္းေတြ၊ စိတ္ကူးစိတ္ကူးစိတ္သန္းေကာင္းေတြကို ထုတ္ေပး တတ္တယ္။ အဲဒါေတြဟာ ႐ုတ္တရက္ ေပၚလာတတ္သလို ခဏေနေမ့သြားၿပီး ေနာင္ျပန္ေပၚလာခ်င္ ေပၚလာမယ္။ လံုးဝေပၚမလာေတာ့တာလဲရွိတယ္။ အဲဒီအခါမွာ သင္ဟာ ေစာေစာက ေပၚလာတဲ့ အၾကံကို ငါ မွတ္မထားလိုက္ရဘူးဆိုၿပီး ေနာင္တရေနလိမ့္မယ္။

အဲဒီအျဖစ္မ်ိဳးကို ကာကြယ္ဖို႔ Journal ထားသင့္ပါတယ္။ Journal ဆိုလို႔ ႀကီးႀကီးက်ယ္က်ယ္ မထင္လိုက္ပါနဲ႔။ Journal ထားဖို႔ ဗလာစာအုပ္တစ္အုပ္နဲ႔ ေဘာပင္တစ္ေခ်ာင္းပဲ လိုပါတယ္။ Journal ဆိုတာ သင္လုပ္စရာေတြ၊ သင္ဖတ္တဲ့ စာအုပ္ထဲက ႀကိဳက္တဲ့စာသားေလးေတြ၊ သင့္ေခါင္းထဲမွာ ေပၚလာတဲ့ အၾကံ အေတြးေတြကို စာအုပ္မွာ ေရးမွတ္လိုက္ျခင္းပါ။ ခုလို ေျပာလိုက္လို႔ သင့္စိတ္ထဲမွာ Journal ဆိုတာ အေပါစားလို႔ ထင္သြားပါလိမ့္မယ္။

မွန္ပါတယ္။ ဗလာစာအုပ္တစ္အုပ္နဲ႔ ေဘာပင္တစ္ေခ်ာင္းရဲ႕ တန္ဖိုးဟာ မျဖစ္စေလာက္ေလးပါ။ ဒါေပမဲ့ သူ႔ရဲ႕ စြမ္းအားဟာ ႀကီးမားလြန္းလွပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ ေပၚခဲ့တဲ့ ပန္းခ်ီပန္းပုပညာရွင္ႀကီး လီယိုနာဒိုဒါဗင္ခ်ီကေန တီထြင္ပညာရွင္ႀကီး ေသာမတ္စ္အယ္ဒီဆင္၊ အခုေခတ္မွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ရစ္ခ်တ္ဘရင္ဆန္၊ ေအာ္ပရာဝင္းဖေရး၊ နဲလ္ဆင္မန္ဒဲလား (ကြယ္လြန္)စသူတို႔ဟာ Journal စာအုပ္ကို သူတို႔ကိုယ္နဲ႔မကြာထားၿပီး သူတို႔ အၾကံ စိတ္ကူးစိတ္သန္းေတြကို မွတ္သားထားၾကတယ္လို႔ သူတို႔အေၾကာင္း ေရးထားတဲ့ စာအုပ္ေတြမွာ ေရးျပထားပါတယ္။

ဘီလ်ံနာသူေဌးႀကီး ဆာရစ္ခ်တ္ဘရင္ဆန္က "ကၽြန္ေတာ့္ရဲ႕ Virgin Group ထဲက ေအာင္ျမင္ေနၾကတဲ့ ကုမၸဏီေတြဟာ ကၽြန္ေတာ္ Journal မွတ္ထားတဲ့ အၾကံအတိုင္း လုပ္ရင္း ေပၚလာတာပါ" လို႔ ေျပာပါတယ္။

Oprah Winfrey Show ဆိုတဲ့ ႐ုပ္ျမင္သံၾကားအစီအစဥ္ေတြနဲ႔ မီလ်ံနာျဖစ္လာတဲ့ လူမည္းအမ်ိဳးသမီး ေအာ္ပရာဝင္းဖေရးက "Journal စာအုပ္ေရးမွတ္တဲ့ အက်င့္ေၾကာင့္ ကၽြန္မ ဘဝဟာ အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့ပါတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံက ပထမဆံုး မီလ်ံနာသူေဌးႀကီး ဂၽြန္ဒီေရာ့ဖဲလားဟာ သူ႔စက္ရံု အလုပ္ရံုေတြကို လိုက္လံၾကည့္ရႈတဲ့အခါ သူေတြ႕သမွ် ျမင္သမွ်ကို သူ႔ Journal စာအုပ္အနီေလးထဲမွာ ေရးမွတ္ေလ့ရွိတယ္လို႔ သူ႔လုပ္ေဖၚကိုင္ဖက္ေတြက ေျပာျပၾကတယ္။

သင့္စိတ္ထဲမွာ ေမးခ်င္တာေလးတစ္ခုရွိေနပါလိမ့္မယ္။ အခုလို နည္းပညာတိုးတက္ေနတဲ့ ေခတ္ႀကီးမွာ Journal အျဖစ္ စာအုပ္မွာ ေရးမွတ္ေနမယ့္အစား ကြန္ပ်ဴတာ၊ tablet, မိုဘိုင္းဖုန္းေတြ သံုးလို႔ မရဘူးလားလို႔ ေမးခ်င္ပါလိမ့္မယ္။ သံုးလို႔ရေပမယ့္ စာအုပ္မွာ မွတ္တာေလာက္ အက်ိဳးမရွိဘူးဆိုတာကို ကၽြန္ေတာ့္ရဲ႕ အေတြ႕အၾကံဳနဲ႔ ေျပာျပပါမယ္။

စာေရးခ်င္တဲ့ ကၽြန္ေတာ္ဟာ ေပၚလာတဲ့ အေတြးေတြကို အရင္တုန္းက ကြန္ပ်ဴတာေပၚ Microsoft Note မွာ ေရးမွတ္တဲ့ အက်င့္လုပ္တယ္။ တစ္ခါတေလ လမ္းေပၚမွာ ကားစီးရင္း ေပၚလာတဲ့ အေတြးကို မွတ္ခ်င္ေပမယ့္ အနားမွာ ကြန္ပ်ဴတာ မရွိလို႔ မမွတ္ျဖစ္ေတာ့ဘူး။ အိမ္မွာ အေတြးေပၚလာရင္ ကြန္ပ်ဴတာကို ဖြင့္ေနရတာၾကာလို႔ မမွတ္ျဖစ္ေတာ့ဘူး။ ကြန္ပ်ဴတာနဲ႔ အလုပ္မျဖစ္လို႔ ေနာက္ေတာ့ ipad မွာ မွတ္တဲ့ အက်င့္လုပ္တယ္။ iPad ကို သြားေလရာ မသယ္ႏိုင္လို႔ ဒါလည္း အလုပ္မျဖစ္ဘူး။ ေနာက္ေတာ့ iPhone နဲ႔ မွတ္တဲ့ အက်င့္လုပ္ျပန္တယ္။ ဒါလည္း အလုပ္မျဖစ္ဘူး။ အလုပ္မျဖစ္ဘူးဆိုတာက iPhone ကို သြားေလရာ သယ္ႏိုင္ၿပီး ေရးမွတ္လို႔ ရေပမယ့္ ေရးထားတာေတြကို ျပန္မဖတ္ျဖစ္ဘူး။

Journal ဆိုတာ ေပၚလာတဲ့ အၾကံေတြ အေတြးေတြကို ေရးမွတ္ရံုအတြက္ မဟုတ္ပဲ မၾကာခဏ ျပန္ဖတ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္လည္း ကမာၻေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားေနသူေတြဟာ Journal ကို စာအုပ္အျဖစ္ ေရးမွတ္ေနၾကဆဲပါ။ အခုေရးတဲ့ ပို႔စ္ဟာလည္း တခ်ိန္က ကၽြန္ေတာ့္ Journal မွာ ေရးမွတ္ခဲ့တဲ့ အေတြးတစ္ခုပါ။

ဒီစာကို ေအာ္ပရာဝင္းဖေရးေျပာခဲ့တဲ့ စကားေလးနဲ႔ပဲ နိဂံုးခ်ဳပ္ပါမယ္။
- "Journal စာအုပ္ေရးမွတ္တဲ့ အက်င့္ေၾကာင့္ ကၽြန္မ ဘဝဟာ အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့ပါတယ္"

သင့္ဘဝကို တိုးတက္ေျပာင္းလဲခ်င္ရင္ Journal စာအုပ္မွာ ေရးမွတ္တဲ့ အက်င့္လုပ္ပါ။ ဘယ္ေတာ့လုပ္ရမွာလဲ။ ခက္ခဲတဲ့ အလုပ္မဟုတ္လို႔ အခုပဲ စလုပ္ပါ။ သင့္ဘဝ တိုးတက္ေျပာင္းလဲဖို႔ တစ္ရက္ေလးေတာင္ ေနာက္က်မခံပါနဲ႔။

Source; Jobs4U

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

လူတစ်ယောက်ဟာ အလုပ်ထဲက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တနေ့လုံး ခေါင်းပူအောင် စဉ်းစားတယ်။ နေကုန်သွားပေမယ့် အဖြေမရပါဘူး။ နောက်နေ့မှ ဆက်အဖြေရှာမယ်ဆိုပြီး ရုံးဆင်း အိမ်ပြန်လာတယ်။ အိမ်ရောက်လို့ စောစောက ပြဿနာကို မေ့ပစ်လိုက်ပြီး ရေချိုးခန်းထဲမှာ စိမ်ပြေနပြေ ရေချိုးနေတယ်။ ဒီအချိန်မှာ တနေ့လုံး ရုံးမှာ ရှာနေတဲ့အဖြေဟာ ရုတ်တရက် သူ့ခေါင်းထဲ ပေါ်လာလို့ သူ အရမ်းပျော်သွားတယ်။
သင်လည်း ဒီလို အဖြစ်မျိုး ကြုံဖူးမှာပါ။ ရေချိုးနေတုန်းမဟုတ်ရင်လည်း အေးအေးဆေးဆေး ကားစီးနေတုန်း၊ ညနေခင်း အညောင်းပြေ လမ်းလျှောက်နေတုန်းတွေမှာ ပေါ်လာတတ်ပါတယ်။ ဒါဟာ စိတ်ကို အတင်း အလုပ်လုပ်ခိုင်းရင် မလုပ်ဘူး။ အလုပ်မခိုင်းတော့ရင် သူအလုပ်လုပ်တယ်ဆိုတဲ့ စိတ်ရဲ့ ထူးခြားဆန်းကြယ်မှု တစ်မျိုးပါ။ စောစောက လူဟာ တနေ့လုံး စိတ်ကို အနားမပေးဘဲ အဖြေရှာတယ်။ အဖြေမရဘူး။ အိမ်ပြန်ရေချိုးစဉ်မှာ စိတ်ကို အလုပ်မခိုင်းဘဲ အနားပေးလိုက်လို့ စိတ်က အဖြေကို ထုတ်ပေးလိုက်တယ်။
အခုပြောပြချင်တာက စောစောက ပြောသလို စိတ်ဆိုတာ သင်စိတ်အေးအေးဖြစ်နေချိန် မထင်မှတ်ဘဲ ပြဿနာရဲ့ အဖြေတွေ၊ အကြံဉာဏ်ကောင်းတွေ၊ စိတ်ကူးစိတ်ကူးစိတ်သန်းကောင်းတွေကို ထုတ်ပေး တတ်တယ်။ အဲဒါတွေဟာ ရုတ်တရက် ပေါ်လာတတ်သလို ခဏနေမေ့သွားပြီး နောင်ပြန်ပေါ်လာချင် ပေါ်လာမယ်။ လုံးဝပေါ်မလာတော့တာလဲရှိတယ်။ အဲဒီအခါမှာ သင်ဟာ စောစောက ပေါ်လာတဲ့ အကြံကို ငါ မှတ်မထားလိုက်ရဘူးဆိုပြီး နောင်တရနေလိမ့်မယ်။
အဲဒီအဖြစ်မျိုးကို ကာကွယ်ဖို့ Journal ထားသင့်ပါတယ်။ Journal ဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်လိုက်ပါနဲ့။ Journal ထားဖို့ ဗလာစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းပဲ လိုပါတယ်။ Journal ဆိုတာ သင်လုပ်စရာတွေ၊ သင်ဖတ်တဲ့ စာအုပ်ထဲက ကြိုက်တဲ့စာသားလေးတွေ၊ သင့်ခေါင်းထဲမှာ ပေါ်လာတဲ့ အကြံ အတွေးတွေကို စာအုပ်မှာ ရေးမှတ်လိုက်ခြင်းပါ။ ခုလို ပြောလိုက်လို့ သင့်စိတ်ထဲမှာ Journal ဆိုတာ အပေါစားလို့ ထင်သွားပါလိမ့်မယ်။
မှန်ပါတယ်။ ဗလာစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းရဲ့ တန်ဖိုးဟာ မဖြစ်စလောက်လေးပါ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားဟာ ကြီးမားလွန်းလှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပေါ်ခဲ့တဲ့ ပန်းချီပန်းပုပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီကနေ တီထွင်ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်၊ အခုခေတ်မှာ အောင်မြင်ကျော်ကြားနေတဲ့ ရစ်ချတ်ဘရင်ဆန်၊ အော်ပရာဝင်းဖရေး၊ နဲလ်ဆင်မန်ဒဲလား (ကွယ်လွန်)စသူတို့ဟာ Journal စာအုပ်ကို သူတို့ကိုယ်နဲ့မကွာထားပြီး သူတို့ အကြံ စိတ်ကူးစိတ်သန်းတွေကို မှတ်သားထားကြတယ်လို့ သူတို့အကြောင်း ရေးထားတဲ့ စာအုပ်တွေမှာ ရေးပြထားပါတယ်။
ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်က "ကျွန်တော့်ရဲ့ Virgin Group ထဲက အောင်မြင်နေကြတဲ့ ကုမ္ပဏီတွေဟာ ကျွန်တော် Journal မှတ်ထားတဲ့ အကြံအတိုင်း လုပ်ရင်း ပေါ်လာတာပါ" လို့ ပြောပါတယ်။
Oprah Winfrey Show ဆိုတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ မီလျံနာဖြစ်လာတဲ့ လူမည်းအမျိုးသမီး အော်ပရာဝင်းဖရေးက "Journal စာအုပ်ရေးမှတ်တဲ့ အကျင့်ကြောင့် ကျွန်မ ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက ပထမဆုံး မီလျံနာသူဌေးကြီး ဂျွန်ဒီရော့ဖဲလားဟာ သူ့စက်ရုံ အလုပ်ရုံတွေကို လိုက်လံကြည့်ရှုတဲ့အခါ သူတွေ့သမျှ မြင်သမျှကို သူ့ Journal စာအုပ်အနီလေးထဲမှာ ရေးမှတ်လေ့ရှိတယ်လို့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြတယ်။
သင့်စိတ်ထဲမှာ မေးချင်တာလေးတစ်ခုရှိနေပါလိမ့်မယ်။ အခုလို နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ Journal အဖြစ် စာအုပ်မှာ ရေးမှတ်နေမယ့်အစား ကွန်ပျူတာ၊ tablet, မိုဘိုင်းဖုန်းတွေ သုံးလို့ မရဘူးလားလို့ မေးချင်ပါလိမ့်မယ်။ သုံးလို့ရပေမယ့် စာအုပ်မှာ မှတ်တာလောက် အကျိုးမရှိဘူးဆိုတာကို ကျွန်တော့်ရဲ့ အတွေ့အကြံုနဲ့ ပြောပြပါမယ်။
စာရေးချင်တဲ့ ကျွန်တော်ဟာ ပေါ်လာတဲ့ အတွေးတွေကို အရင်တုန်းက ကွန်ပျူတာပေါ် Microsoft Note မှာ ရေးမှတ်တဲ့ အကျင့်လုပ်တယ်။ တစ်ခါတလေ လမ်းပေါ်မှာ ကားစီးရင်း ပေါ်လာတဲ့ အတွေးကို မှတ်ချင်ပေမယ့် အနားမှာ ကွန်ပျူတာ မရှိလို့ မမှတ်ဖြစ်တော့ဘူး။ အိမ်မှာ အတွေးပေါ်လာရင် ကွန်ပျူတာကို ဖွင့်နေရတာကြာလို့ မမှတ်ဖြစ်တော့ဘူး။ ကွန်ပျူတာနဲ့ အလုပ်မဖြစ်လို့ နောက်တော့ ipad မှာ မှတ်တဲ့ အကျင့်လုပ်တယ်။ iPad ကို သွားလေရာ မသယ်နိုင်လို့ ဒါလည်း အလုပ်မဖြစ်ဘူး။ နောက်တော့ iPhone နဲ့ မှတ်တဲ့ အကျင့်လုပ်ပြန်တယ်။ ဒါလည်း အလုပ်မဖြစ်ဘူး။ အလုပ်မဖြစ်ဘူးဆိုတာက iPhone ကို သွားလေရာ သယ်နိုင်ပြီး ရေးမှတ်လို့ ရပေမယ့် ရေးထားတာတွေကို ပြန်မဖတ်ဖြစ်ဘူး။
Journal ဆိုတာ ပေါ်လာတဲ့ အကြံတွေ အတွေးတွေကို ရေးမှတ်ရုံအတွက် မဟုတ်ပဲ မကြာခဏ ပြန်ဖတ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားနေသူတွေဟာ Journal ကို စာအုပ်အဖြစ် ရေးမှတ်နေကြဆဲပါ။ အခုရေးတဲ့ ပို့စ်ဟာလည်း တချိန်က ကျွန်တော့် Journal မှာ ရေးမှတ်ခဲ့တဲ့ အတွေးတစ်ခုပါ။
ဒီစာကို အော်ပရာဝင်းဖရေးပြောခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်ပါမယ်။
- "Journal စာအုပ်ရေးမှတ်တဲ့ အကျင့်ကြောင့် ကျွန်မ ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်"
သင့်ဘဝကို တိုးတက်ပြောင်းလဲချင်ရင် Journal စာအုပ်မှာ ရေးမှတ်တဲ့ အကျင့်လုပ်ပါ။ ဘယ်တော့လုပ်ရမှာလဲ။ ခက်ခဲတဲ့ အလုပ်မဟုတ်လို့ အခုပဲ စလုပ်ပါ။ သင့်ဘဝ တိုးတက်ပြောင်းလဲဖို့ တစ်ရက်လေးတောင် နောက်ကျမခံပါနဲ့။
Source; Jobs4U

Read times
Rate this item
(1 Vote)