-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂ်စ္တယ္နည္းပညာမ်ားကုိ ေျပာင္းလဲအသံုးမျပဳပါက အေသးစားအလတ္စားလုပ္ငန္းမ်ား ေစ်းကြက္အတြင္းမွ ေပ်ာက္ကြယ္ႏိုင္

ဒီဂ်စ္တယ္နည္းပညာမ်ားကုိ ေျပာင္းလဲအသံုးမျပဳပါက အေသးစားအလတ္စားလုပ္ငန္းမ်ား ေစ်းကြက္အတြင္းမွ ေပ်ာက္ကြယ္ႏိုင္ google.com

ဒီဂ်စ္တယ္နည္းပညာမ်ားကုိ ေခတ္ႏွင့္အညီေျပာင္းလဲအသုံးျပဳျခင္းမရွိပါက အေသးစားႏွင့္ အလတ္စား လုပ္ငန္းမ်ားအေနျဖင့္ အျခားလုပ္ငန္းမ်ားႏွင့္ ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိဘဲ ေစ်းကြက္အတြင္းမွ ေပ်ာက္ကြယ္သြား မည့္ အေျခအေနႏွင့္ ရင္ဆိုင္ႏုိင္ရႏုိင္တယ္လို႔ ႏုိ၀င္ဘာလ ၈ ရက္က ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ျပဳလုပ္ သည့္ ဒီဂ်စ္တယ္နည္းပညာေျပာင္းလဲေရး ထိပ္သီးစည္းေ၀းပြဲမွ သိရပါတယ္။

ယင္းအစည္းအေ၀းပြဲတြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးေသာင္းတင္က ဒစ္ဂ်စ္တယ္နည္း ပညာကုိ အသုံးျပဳတဲ့ လုပ္ငန္းေတြ အေနနဲ႔ လုပ္ငန္းျမန္ဆန္ေစျခင္းၿပီး ကုန္က်စရိတ္သက္သာတာေၾကာင့္ လုပ္ငန္းပိုမိုတုိးတက္လာမယ္လို႔ မီဒီယာမ်ားေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ ဒစ္ဂ်စ္တယ္နည္းပညာကုိ မေျပာင္းလဲႏုိင္တဲ့ လုပ္ငန္းေတြ အေနနဲ႕ '' အဲဒါမလုပ္ရင္ေတာ့ လုပ္တဲ့ လူေတြေနာက္မွာ တေျဖးေျဖးက်န္ခဲ့မွာေပါ့။ Digital Transformation ကုိ မသြားရင္ ကိုယ္က စရိတ္ႀကီးၿပီး က်န္ခဲ့မယ္။ ၀င္ေငြနည္းၿပီး က်န္ခဲ့မယ္ဆိုရင္ တေျဖးေျဖးမယွဥ္ႏုိင္ပဲနဲ႕ ေနာက္ဆုံးေပ်ာက္ကြယ္သြားမွာေပါ့"" ဟု ဦးေသာင္းတင္က ဆိုပါတယ္။

ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆိုင္ရာ US ICT ေကာင္စီတို႔ ပူးေပါင္းက်င္းပတဲ့ ဒီအစည္း အေ၀းပြဲမွာ US ICT ေကာင္စီအဖြဲ႔၀င္ အေမရိကန္နည္းပညာကုမၸဏီမ်ားျဖစ္သည့္ Google၊ Microft၊ Oracle ၊ VM Ware ၊ Cisco ႏွင့္ VISA မ်ား၊ ICT က႑မ်ားရွိ SME မ်ားကုိး အထူးျပဳလုပ္ေဆာင္ ေနေသာ UMFCCI အဖြဲ႕၀င္မ်ားက စီးပြားေရးလုပ္ငန္းမ်ားအား ဒီဂ်စ္တယ္စနစ္ေျပာင္းျခင္းႏွင့္ ဆိုင္ဘာလုံၿခဳံေရးအား အဆင့္ျမွင့္ တင္ျခင္း၊ ေစ်းကြက္ေဖာ္ေဆာင္ေရးႏွင့္ စီးပြားေရးလုပ္ငန္းတို႕ တုိးခ်ဲ႔ေရးအတြက္ အင္တာနက္အား အသုံးျပဳျခင္းမ်ားကုိ ပညာရွင္ေတြက ေဆြးေႏြးခဲ့ၾကပါတယ္။

အေမရိကန္ေျခစုိက္ နည္းပညာကုမၸဏီ MVMare ၏ ျမန္မာႏုိင္ငံတာ၀န္ခံ ဦးထြန္းထြန္းလင္းက '' Digital Transformation ကုိ ကုမၸဏီအေသးေလးေတြက ပိုေတာင္လုိအပ္ေသးတယ္။ လူေတြ လုပ္ေနတဲ့ Manual အမွားေတြလည္းမရွိေတာ့ဘူး။ အဲဒီေတာ့ အခါခါျပန္လုပ္ရတာမ်ိဳးလည္းမရွိေတာ့ဘူး။ ၿပီးရင္ေနာက္တစ္ခုက သူတို႔ရဲ႕ Business က ၀င္ေငြကုိလည္း ျမွင့္သြားႏုိင္တယ္။

ဥပမာ-ကုိယ္ၾကားရတာက Customer က ေအာ္ဒါတင္ေနတယ္။ ကုိယ္ဘက္မွာ ပို႔စရာ ပစၥည္းက အဆင္သင့္ျဖစ္မေနေသးဘူး။ အဲဒီေတာ့ Customer က သူကုိမေရြးပဲနဲ႔ တျခားတစ္ေယာက္ဆီက ၀ယ္သြားတာမ်ိဳးေတြ ရွိတယ္။ အဲဒါမ်ိဳးေတြ ဆိုေတာ့ ကုမၸဏီေတြအတြက္ နစ္နာတာေပါ့။

အဲဒါမ်ိဳးေတြမဟုတ္ပဲနဲ႔ တကယ္သာ Digital Transformation သုံးထားၿပီးေတာ့ ဘယ္အခ်ိန္မွာ Customer ေအာ္ဒါလုပ္မယ္ဆိုတာ ႀကိဳၿပီးေတာ့ Real Time ေပါ့ ခ်က္ခ်င္းသိတယ္ဆိုရင္ ႀကိဳၿပီးျပင္ဆင္ထားရင္ မဆုံးရႈံးေတာ့ဘူးေပါ့"" လို႔ ဆိုပါတယ္။

ယင္းဒစ္ဂ်စ္တယ္နည္းပညာသုိ႔ ေျပာင္းလဲအသုံးျပဳရာတြင္ လုပ္ငန္းစဥ္ တစ္ခုလုံးအတြက္ အသုံးျပဳျခင္း ေျပာင္းလဲျခင္းမ်ိဳးထက္ မိမိလုပ္ငန္း၏ အသုံးစရိတ္ႏွင့္ ျပန္လည္ရရွိ ေစႏုိင္မည့္ ၀င္ေငြကုိ ေသခ်ာတြက္ခ်က္ ကာ အဆင့္လိုက္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ေဆာင္ရြက္သင့္တယ္လို႔ ယင္းက ဆက္လက္ေျပာပါတယ္။

Source; mizzimaburmese

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

( Unicode Version)

ဒီဂျစ်တယ်နည်းပညာများကို ခေတ်နှင့်အညီပြောင်းလဲအသုံးပြုခြင်းမရှိပါက အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် အခြားလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ စျေးကွက်အတွင်းမှ ပျောက်ကွယ်သွား မည့် အခြေအနေနှင့် ရင်ဆိုင်နိုင်ရနိုင်တယ်လို့ နို၀င်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် ဒီဂျစ်တယ်နည်းပညာပြောင်းလဲရေး ထိပ်သီးစည်းဝေးပွဲမှ သိရပါတယ်။

ယင်းအစည်းအဝေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က ဒစ်ဂျစ်တယ်နည်း ပညာကို အသုံးပြုတဲ့ လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းမြန်ဆန်စေခြင်းပြီး ကုန်ကျစရိတ်သက်သာတာကြောင့် လုပ်ငန်းပိုမိုတိုးတက်လာမယ်လို့ မီဒီယာများပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒစ်ဂျစ်တယ်နည်းပညာကို မပြောင်းလဲနိုင်တဲ့ လုပ်ငန်းတွေ အနေနဲ့ '' အဲဒါမလုပ်ရင်တော့ လုပ်တဲ့ လူတွေနောက်မှာ တဖြေးဖြေးကျန်ခဲ့မှာပေါ့။ Digital Transformation ကို မသွားရင် ကိုယ်က စရိတ်ကြီးပြီး ကျန်ခဲ့မယ်။ ၀င်ငွေနည်းပြီး ကျန်ခဲ့မယ်ဆိုရင် တဖြေးဖြေးမယှဉ်နိုင်ပဲနဲ့ နောက်ဆုံးပျောက်ကွယ်သွားမှာပေါ့"" ဟု ဦးသောင်းတင်က ဆိုပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ US ICT ကောင်စီတို့ ပူးပေါင်းကျင်းပတဲ့ ဒီအစည်း အဝေးပွဲမှာ US ICT ကောင်စီအဖွဲ့ဝင် အမေရိကန်နည်းပညာကုမ္ပဏီများဖြစ်သည့် Google၊ Microft၊ Oracle ၊ VM Ware ၊ Cisco နှင့် VISA များ၊ ICT ကဏ္ဍများရှိ SME များကိုး အထူးပြုလုပ်ဆောင် နေသော UMFCCI အဖွဲ့ဝင်များက စီးပွားရေးလုပ်ငန်းများအား ဒီဂျစ်တယ်စနစ်ပြောင်းခြင်းနှင့် ဆိုင်ဘာလုံခြုံရေးအား အဆင့်မြှင့် တင်ခြင်း၊ စျေးကွက်ဖော်ဆောင်ရေးနှင့် စီးပွားရေးလုပ်ငန်းတို့ တိုးချဲ့ရေးအတွက် အင်တာနက်အား အသုံးပြုခြင်းများကို ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ခြေစိုက် နည်းပညာကုမ္ပဏီ MVMare ၏ မြန်မာနိုင်ငံတာဝန်ခံ ဦးထွန်းထွန်းလင်းက '' Digital Transformation ကို ကုမ္ပဏီအသေးလေးတွေက ပိုတောင်လိုအပ်သေးတယ်။ လူတွေ လုပ်နေတဲ့ Manual အမှားတွေလည်းမရှိတော့ဘူး။ အဲဒီတော့ အခါခါပြန်လုပ်ရတာမျိုးလည်းမရှိတော့ဘူး။ ပြီးရင်နောက်တစ်ခုက သူတို့ရဲ့ Business က ၀င်ငွေကိုလည်း မြှင့်သွားနိုင်တယ်။
ဥပမာ-ကိုယ်ကြားရတာက Customer က အော်ဒါတင်နေတယ်။ ကိုယ်ဘက်မှာ ပို့စရာ ပစ္စည်းက အဆင်သင့်ဖြစ်မနေသေးဘူး။ အဲဒီတော့ Customer က သူကိုမရွေးပဲနဲ့ တခြားတစ်ယောက်ဆီက ၀ယ်သွားတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေ ဆိုတော့ ကုမ္ပဏီတွေအတွက် နစ်နာတာပေါ့။

အဲဒါမျိုးတွေမဟုတ်ပဲနဲ့ တကယ်သာ Digital Transformation သုံးထားပြီးတော့ ဘယ်အချိန်မှာ Customer အော်ဒါလုပ်မယ်ဆိုတာ ကြိုပြီးတော့ Real Time ပေါ့ ချက်ချင်းသိတယ်ဆိုရင် ကြိုပြီးပြင်ဆင်ထားရင် မဆုံးရှုံးတော့ဘူးပေါ့"" လို့ ဆိုပါတယ်။
ယင်းဒစ်ဂျစ်တယ်နည်းပညာသို့ ပြောင်းလဲအသုံးပြုရာတွင် လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အသုံးပြုခြင်း ပြောင်းလဲခြင်းမျိုးထက် မိမိလုပ်ငန်း၏ အသုံးစရိတ်နှင့် ပြန်လည်ရရှိ စေနိုင်မည့် ၀င်ငွေကို သေချာတွက်ချက် ကာ အဆင့်လိုက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သင့်တယ်လို့ ယင်းက ဆက်လက်ပြောပါတယ်။

Source; mizzimaburmese

Read times
Rate this item
(0 votes)