-->
×

Warning

JUser: :_load: Unable to load user with ID: 29


အေျပာင္းအလဲျဖစ္ေအာင္ က်ြန္ေတာ္တို႔ ဘယ္လုိေျပာင္းလဲၾကမလဲ

အေျပာင္းအလဲျဖစ္ေအာင္ က်ြန္ေတာ္တို႔ ဘယ္လုိေျပာင္းလဲၾကမလဲ google.com

စိန္ေခၚမွဳဆိုတာမရွိရင္ က်ြန္ေတာ္တို႔ ဘာမွေျပာင္းလဲလာမွာ မဟုတ္ပါဘူး။ ကိုယ္ကိုယ္တိုင္က လက္ေတြ႔ဘာမွ

မလုပ္ဘဲ ေျပာင္းလဲခ်င္တယ္ေအာ္ေနလုိ႔မရပါဘူး။

တစ္ႀကိမ္တစ္ခါတည္းနဲ႔ အမ်ားႀကီးေျပာင္းလဲစရာမလုိပါဘူး။ ေန႔စဥ္နဲ႔အမွ်ွေတာ့ အနည္းငယ္ေျပာင္းလဲဖုိ႔ေတာ့ လုိအပ္ပါတယ္။

ဒီလိုေအာင္ျမင္ေအာင္ ႀကိဳးစားေျပာင္းလဲေနခ်ိန္မွာ ဘ၀စာမ်က္ႏွာရဲ႔ အခန္း(၁)မွာစမ္းသပ္ခံလုိက္ရတဲ႔ ပုစာၦတစ္ပုဒ္ေၾကာင့္ ခက္တယ္ဆိုၿပီး ရပ္တန္မေနပါနဲ႔။ ခက္ခဲတဲ႔အရာအားလံုးဟာ လွပေသာ မနက္ျဖန္တစ္ခုကို ဖန္တီးေပးႏုိင္ပါတယ္။

ယုန္တစ္ေကာင္လိုဘ၀နဲ႔ ႏွစ္တစ္ရာ၊ တစ္ေသာင္းေနရတာထက္စာရင္ ျခေသၤ႔တစ္ေကာင္လုိ တစ္ရက္ ရွင္သန္ရတာဟာ ပုိၿပီးေတာ့ဘ၀အဓိပၸာယ္ျပည့္စံုေစမွာပါ။ ယုန္တစ္ေကာင္လို ေၾကာက္၇ြ႔ံထိတ္လန္႔စြာ ဘ၀ႀကီးကို ျဖတ္သန္းမလား(သို႔မဟုတ္) ျခေသၤ့တစ္ေကာင္လို ရဲရင့္စြာေနထိုင္မလားဆုိတာ က်ြန္ေတာ္တို႔ရဲ႔ ေျပာင္းလဲႏိုင္မွဳေပၚမွာပဲမူတည္ပါတယ္။ ျခေသၤ့လိုေနထိုင္ခ်င္တယ္ဆိုရင္ေတာ့ ျခေသၤ႔တစ္ေကာင္မွာ ရွိသင့္ရွိထိုက္တဲ႔ အရည္အခ်င္းေတြရေအာင္ ကိုယ္တုိင္ႀကိဳးစားသင္ယူေျပာင္းလဲရမွာပါ။

Read-သူမ်ားအိပ္မက္အတြက္ သင္အလုပ္လုပ္ေပးမွာလား

ဘ၀ထဲကို လြယ္လြယ္ကူကူေရာက္ရွိလာတာေတြဟာ လြယ္လြယ္ကူကူပဲ ျပန္ထြက္သြားတတ္ပါတယ္။ ခက္ခဲေသာအရာမ်ားကို ခ်စ္ျမတ္ႏိုးလုိက္ပါ။

ဘ၀မွာ ကိုယ္သာလွ်င္ ကိုယ္႔ရဲ႕အေဖာ္စစ္ပါ။ ကုိယ္ဘယ္အရာေတြကို အေကာင္းဆံုးလုပ္ႏုိ္င္လဲ၊ ဘယ္အရာေတြကို လုပ္ရင္ေအာင္ျမင္ႏုိင္လဲဆုိတာေတြကို ကိုယ္တိုင္သာလ်ွင္ အသိဆံုးပါ။

က်ြန္ေတာ္တို႔ မွာရွိေနတယ္႔ အခ်က္အလက္ေတြေပၚမူတည္ၿပီး ႀကိဳးစားမွသာ ေအာင္ျမင္မွဳ ရရွိေအာင္ျပဳလုပ္ႏိုင္တဲ႔ အေျပာင္းအလဲတစ္ခုျဖစ္မွာပါ။

က်ြန္ေတာ္တို႔ေျပာင္းလဲခ်င္တဲ႔ အရာေတြအားလံုးကုိ ခ်က္ခ်င္းႀကီးေျပာင္းလဲရေအာင္ က်ြန္ေတာ္တို႔ တန္ခိုးရွင္ေတြမဟုတ္ပါဘူး။

အေျပာင္းအလဲေကာင္းတစ္ခုျဖစ္ဖုိ႔အတြက္  ကိုယ့္ကိုယ္ျပန္လည္သံုးသပ္ပါ။ အစီအစဥ္ေတြခ်မွတ္ပါ။ ေလ့လာသင္ယူတာေတြကို မရပ္တန္လုိက္ပါနဲ႔။  ကိုယ္႔ကိုယ္ကိုယ္ ေက်နပ္ေရာင့္ရဲလြယ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ သူမ်ားေျပာင္းလဲေစခ်င္တဲ့အတိုင္း ေျပာင္းလဲတာမ်ိဳးမလုပ္ပါနဲ႔။

သင္ကမၻာႀကီးကို ေျပာင္းလဲစရာမလုိပါဘူး၊ ကိုယ္တိုင္ပဲေျပာင္းလဲလုိက္ပါ။ သင္ေျပာင္းလဲတာေၾကာင့္ ကမၻာႀကီးက ေျပာင္းလဲလာမွာပါ။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

စိန်ခေါ်မှုဆိုတာမရှိရင် ကျွန်တော်တို့ ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က လက်တွေ့ဘာမှ
မလုပ်ဘဲ ပြောင်းလဲချင်တယ်အော်နေလို့မရပါဘူး။
တစ်ကြိမ်တစ်ခါတည်းနဲ့ အများကြီးပြောင်းလဲစရာမလိုပါဘူး။ နေ့စဉ်နဲ့အမျှှတော့ အနည်းငယ်ပြောင်းလဲဖို့တော့ လိုအပ်ပါတယ်။
ဒီလိုအောင်မြင်အောင် ကြိုးစားပြောင်းလဲနေချိန်မှာ ဘဝစာမျက်နှာရဲ့ အခန်း(၁)မှာစမ်းသပ်ခံလိုက်ရတဲ့ ပုစ္ဆာတစ်ပုဒ်ကြောင့် ခက်တယ်ဆိုပြီး ရပ်တန်မနေပါနဲ့။ ခက်ခဲတဲ့အရာအားလုံးဟာ လှပသော မနက်ဖြန်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
ယုန်တစ်ကောင်လိုဘဝနဲ့ နှစ်တစ်ရာ၊ တစ်သောင်းနေရတာထက်စာရင် ခြင်္သေ့တစ်ကောင်လို တစ်ရက် ရှင်သန်ရတာဟာ ပိုပြီးတော့ဘဝအဓိပ္ပာယ်ပြည့်စုံစေမှာပါ။ ယုန်တစ်ကောင်လို ကြောက်ရွ့ံထိတ်လန့်စွာ ဘဝကြီးကို ဖြတ်သန်းမလား(သို့မဟုတ်) ခြင်္သေ့တစ်ကောင်လို ရဲရင့်စွာနေထိုင်မလားဆိုတာ ကျွန်တော်တို့ရဲ့ ပြောင်းလဲနိုင်မှုပေါ်မှာပဲမူတည်ပါတယ်။ ခြင်္သေ့လိုနေထိုင်ချင်တယ်ဆိုရင်တော့ ခြင်္သေ့တစ်ကောင်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရအောင် ကိုယ်တိုင်ကြိုးစားသင်ယူပြောင်းလဲရမှာပါ။
ဘဝထဲကို လွယ်လွယ်ကူကူရောက်ရှိလာတာတွေဟာ လွယ်လွယ်ကူကူပဲ ပြန်ထွက်သွားတတ်ပါတယ်။ ခက်ခဲသောအရာများကို ချစ်မြတ်နိုးလိုက်ပါ။
ဘဝမှာ ကိုယ်သာလျှင် ကိုယ့်ရဲ့အဖော်စစ်ပါ။ ကိုယ်ဘယ်အရာတွေကို အကောင်းဆုံးလုပ်နို်င်လဲ၊ ဘယ်အရာတွေကို လုပ်ရင်အောင်မြင်နိုင်လဲဆိုတာတွေကို ကိုယ်တိုင်သာလျှင် အသိဆုံးပါ။
ကျွန်တော်တို့ မှာရှိနေတယ့် အချက်အလက်တွေပေါ်မူတည်ပြီး ကြိုးစားမှသာ အောင်မြင်မှု ရရှိအောင်ပြုလုပ်နိုင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်မှာပါ။
ကျွန်တော်တို့ပြောင်းလဲချင်တဲ့ အရာတွေအားလုံးကို ချက်ချင်းကြီးပြောင်းလဲရအောင် ကျွန်တော်တို့ တန်ခိုးရှင်တွေမဟုတ်ပါဘူး။
အပြောင်းအလဲကောင်းတစ်ခုဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ပြန်လည်သုံးသပ်ပါ။ အစီအစဉ်တွေချမှတ်ပါ။ လေ့လာသင်ယူတာတွေကို မရပ်တန်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရောင့်ရဲလွယ်တာမျိုးတွေ မလုပ်ပါနဲ့။ သူများပြောင်းလဲစေချင်တဲ့အတိုင်း ပြောင်းလဲတာမျိုးမလုပ်ပါနဲ့။
သင်ကမ္ဘာကြီးကို ပြောင်းလဲစရာမလိုပါဘူး၊ ကိုယ်တိုင်ပဲပြောင်းလဲလိုက်ပါ။ သင်ပြောင်းလဲတာကြောင့် ကမ္ဘာကြီးက ပြောင်းလဲလာမှာပါ။

 

Read times
Rate this item
(1 Vote)