-->
×

Warning

JUser: :_load: Unable to load user with ID: 29


စြန္႔ဦးတီထြင္သူေတြ လုိက္နာရမယ့္နည္းလမ္းဥပေဒသ(၂)

စြန္႔ဦးတီထြင္သူေတြ လုိက္နာရမယ့္နည္းလမ္းဥပေဒသ(၂) google.com

ကိုယ့္ကို လမ္းညႊန္ေပးႏိုင္မယ့္သူကို ရွာေဖြပါ

ကိုယ့္ကိုလမ္းညႊန္ေပးႏိုင္တဲ႔သူေတြက ကုိယ္႔အတြက္ အဖိုးမျဖတ္ႏိုင္တဲ႔ဆရာေတြပါ။ တခါတေလမွာ အရင္းအႏွီးဆံုးသူငယ္ခ်င္းကလည္း ကိုယ့္ကိုလမ္းညႊန္ေပးႏိုင္တဲ႔သူေတြ ျဖစ္ေနတတ္ပါတယ္။ ကိုယ္အခက္အခဲ ေတြ႔ေနခ်ိန္မွာ ကိုယ့္ကို ကူညီေပးႏိုင္တဲ႔သူမ်ိဳးပါ။ ျပႆနာေတြကို ေျဖရွင္းဖို႔ နည္းေပးႏုိင္တဲ႔သူေတြပါ။ 

သူတို႔က အသိဥာဏ္ပညာနဲ႔ ျပည့္စံုတတ္ၾကသလုိ စိတ္လည္းရွည္ၿပီး သူတစ္ပါးကုိ သင္ၾကားျပသေပးဖို႔လည္း ဆႏၵရွိတတ္ၾကပါတယ္။ သူတစ္ပါးေျပာတာကုိ ေအးေအးေဆးေဆးနားေထာင္ေပးတတ္ၿပီး ဘာျပန္ေျပာရမလဲ ဆိုတာကို  ေကာင္းေကာင္းသိေနတတ္ပါတယ္။

လက္ရွိကမၻာမွာ ေအာင္ျမင္ေနၾကတဲ႔ စြန္႔ဦးတီထြင္သူေတြ၊ စီအီးအိုေတြ၊ စီးပြားေရးလုပ္ငန္းကုိ ဦးေဆာင္ လုပ္ကိုင္ သူေတြမွာ လမ္းညႊန္ျပသေပးႏိုင္သူေတြရွိေနပါတယ္။ တစ္ဦးစီကေနတစ္ဦး သင္ယူၾကတာပါ။

ေအာင္ျမင္မွဳကို ရွာေဖြပါ၊ ေအာင္ျမင္သူလုိ က်င့္ႀကံပါ၊ ေအာင္ျမင္မွဳ ရရွိလာမွာပါ

ကိုယ့္ကိုယ္ကို စီးပြားေရးေလာကမွာ ေအာင္ျမင္သူတစ္ေယာက္လုိ႔ ေတြးၾကည့္ပါ။ကိုယ္ကေအာင္ျမင္သူ တစ္ဦးျဖစ္လာမယ္လုိ႔ ယံုၾကည္မွဳေတြရွိလာပါလိမ္႔မယ္။ လုပ္ႏိုင္ရမယ္၊ ေအာင္ျမင္ရမယ္လို႔ ေတြးထားပါ။ အျပဳသေဘာေဆာင္တဲ႔ အေတြးေတြက ေအာင္ျမင္မွဳဆီပို႔ေဆာင္ေပးႏိုင္တဲ႔ အစြမ္းေတြရွိပါတယ္။ ကိုယ့္ကိုယ္ကို အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားေနထိုင္ပါ။

အရာရာတိုင္းအတြက္ အပတ္တကုန္ႀကိဳးစားပါ

ကိစၥေသးေသးေလးေတြကို ေရးႀကီးခြင္က်ယ္လုပ္ၿပီး အခ်ိန္ကုန္ခံတာေတြကို ေလွ်ာ့ခ်လိုက္ပါ။ ကေလးေတြ လုပ္လုိ႔ သြားတုိက္ေဆးဖိတ္က်တာနဲ႔ ႏို႔ေတြဖိတ္က်တာမ်ိဳးကို အခ်ိန္ကုန္ခံလုပ္မေနပါနဲ႔။

အေရးႀကီးကိစၥေတြအတြက္ပဲ ပင္ပန္းခံၿပီး အခ်ိန္ေပးလုိက္ပါ။ ဘယ္ကိစၥမဆုိ ေခ်ြးထြက္ခံၿပီး ပင္ပန္းခံရတာပါပဲ။ အက်ိဳးရွိဖို႔ေတာ့ လိုပါတယ္။ ကိုယ့္ကုမၸဏီကို ေအာင္ျမင္ေအာင္လုပ္ဖို႔အတြက္ အပင္ပန္းခံလုိက္ပါ။

လုပ္ငန္းတစ္ရပ္ကို ဆက္ခံတာက ေကာင္းမြန္တဲ႔ ဗ်ဴဟာမဟုတ္ပါ

လုပ္ငန္းတစ္ခုကို ဆက္ခံရမယ့္အခ်ိန္ေရာက္လာလို႔ ဆက္ခံရမယ့္အခ်ိန္မွာ မၾကားခ်င္ဆံုးစကားတစ္ခြန္းက လုပ္ႏုိင္မွာပါဆုိတဲ႔ စကားျဖစ္ပါလိမ့္မယ္။ စီးပြားေရးလုပ္ငန္းဆုိတာ ဘယ္ေတာ့မွ ပံုေသထားလို႔မရပါဘူး။ ကိုယ္ဆိုင္ အလုပ္လုပ္ရတဲ့အခ်ိန္မွာ ဘာျဖစ္မယ္ဆုိတာကို  ထုိင္ေစာင့္ေနလို႔မရပါဘူး။ မေမွ်ာ္လင့္တာေတြ လည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ္တိုင္က ဥာဏ္ေကာင္းဖို႔လုိသလုိ အရာရာအတြက္ျပင္ဆင္ထားဖို႔လည္း လုိပါမယ္။ အေျခအေနတိုင္းကို အမွန္ကန္ဆံုးေျဖရွင္းႏိုင္ရန္ အေကာင္းမြန္ဆံုးေရးဆြဲထားတဲ႔ အစီအစဥ္ေတြလိုအပ္ပါတယ္။

ကိုယ္ပုိင္စီးပြားေရးစလုပ္ခ်ိန္မွာ အရာရာတုိင္းကိုေျဖရွင္းဖုိ႔ဆိုတာကေတာ့ မျဖစ္ႏုိင္ေသးပါဘူး။ အိမ္စာလုပ္ပါ၊ ပံုမွန္ထက္ပိုႀကိဳးစားပါ၊ ဘယ္လိုလုပ္တာက သင့္ေတာ္မလဲဆုိတာကို ေတြးၾကည့္ပါ၊ သံုးစြဲသူေတြအေၾကာင္း၊ customerေတြအေၾကာင္း၊ ေစ်းကြက္အေနအထားအေၾကာင္း၊ ထုတ္ကုန္အေၾကာင္းနဲ႔ ၀န္ထမ္းေတြအေၾကာင္း သိထားမယ္ဆိုရင္ ပုိအက်ိဳးရွိလာမွာပါ။

အေရာင္းအ၀ယ္ဘယ္လိုလုပ္ရမယ္ဆိုတာနဲ႔ လုပ္ငန္းအေၾကာင္းေတြ ေျပာျပတာမဟုတ္ပါဘူး။ ကမၻာေပၚမွာရွိတဲ႔ အရာရာတုိင္းကို သင့္မွာလုပ္ႏိုင္စြမ္းရွိေၾကာင္းေျပာျပတာပါ။

Source; Kumudra

(Unicode Version)

ကိုယ့်ကို လမ်းညွှန်ပေးနိုင်မယ့်သူကို ရှာဖွေပါ
ကိုယ့်ကိုလမ်းညွှန်ပေးနိုင်တဲ့သူတွေက ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ဆရာတွေပါ။ တခါတလေမှာ အရင်းအနှီးဆုံးသူငယ်ချင်းကလည်း ကိုယ့်ကိုလမ်းညွှန်ပေးနိုင်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ ကိုယ်အခက်အခဲ တွေ့နေချိန်မှာ ကိုယ့်ကို ကူညီပေးနိုင်တဲ့သူမျိုးပါ။ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းပေးနိုင်တဲ့သူတွေပါ။
သူတို့က အသိဉာဏ်ပညာနဲ့ ပြည့်စုံတတ်ကြသလို စိတ်လည်းရှည်ပြီး သူတစ်ပါးကို သင်ကြားပြသပေးဖို့လည်း ဆန္ဒရှိတတ်ကြပါတယ်။ သူတစ်ပါးပြောတာကို အေးအေးဆေးဆေးနားထောင်ပေးတတ်ပြီး ဘာပြန်ပြောရမလဲ ဆိုတာကို ကောင်းကောင်းသိနေတတ်ပါတယ်။
လက်ရှိကမ္ဘာမှာ အောင်မြင်နေကြတဲ့ စွန့်ဦးတီထွင်သူတွေ၊ စီအီးအိုတွေ၊ စီးပွားရေးလုပ်ငန်းကို ဦးဆောင် လုပ်ကိုင် သူတွေမှာ လမ်းညွှန်ပြသပေးနိုင်သူတွေရှိနေပါတယ်။ တစ်ဦးစီကနေတစ်ဦး သင်ယူကြတာပါ။
အောင်မြင်မှုကို ရှာဖွေပါ၊ အောင်မြင်သူလို ကျင့်ကြံပါ၊ အောင်မြင်မှု ရရှိလာမှာပါ
ကိုယ့်ကိုယ်ကို စီးပွားရေးလောကမှာ အောင်မြင်သူတစ်ယောက်လို့ တွေးကြည့်ပါ။ကိုယ်ကအောင်မြင်သူ တစ်ဦးဖြစ်လာမယ်လို့ ယုံကြည်မှုတွေရှိလာပါလိမ့်မယ်။ လုပ်နိုင်ရမယ်၊ အောင်မြင်ရမယ်လို့ တွေးထားပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေက အောင်မြင်မှုဆီပို့ဆောင်ပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပါ။
အရာရာတိုင်းအတွက် အပတ်တကုန်ကြိုးစားပါ
ကိစ္စသေးသေးလေးတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး အချိန်ကုန်ခံတာတွေကို လျှော့ချလိုက်ပါ။ ကလေးတွေ လုပ်လို့ သွားတိုက်ဆေးဖိတ်ကျတာနဲ့ နို့တွေဖိတ်ကျတာမျိုးကို အချိန်ကုန်ခံလုပ်မနေပါနဲ့။
အရေးကြီးကိစ္စတွေအတွက်ပဲ ပင်ပန်းခံပြီး အချိန်ပေးလိုက်ပါ။ ဘယ်ကိစ္စမဆို ချွေးထွက်ခံပြီး ပင်ပန်းခံရတာပါပဲ။ အကျိုးရှိဖို့တော့ လိုပါတယ်။ ကိုယ့်ကုမ္ပဏီကို အောင်မြင်အောင်လုပ်ဖို့အတွက် အပင်ပန်းခံလိုက်ပါ။
လုပ်ငန်းတစ်ရပ်ကို ဆက်ခံတာက ကောင်းမွန်တဲ့ ဗျူဟာမဟုတ်ပါ
လုပ်ငန်းတစ်ခုကို ဆက်ခံရမယ့်အချိန်ရောက်လာလို့ ဆက်ခံရမယ့်အချိန်မှာ မကြားချင်ဆုံးစကားတစ်ခွန်းက လုပ်နိုင်မှာပါဆိုတဲ့ စကားဖြစ်ပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းဆိုတာ ဘယ်တော့မှ ပုံသေထားလို့မရပါဘူး။ ကိုယ်ဆိုင် အလုပ်လုပ်ရတဲ့အချိန်မှာ ဘာဖြစ်မယ်ဆိုတာကို ထိုင်စောင့်နေလို့မရပါဘူး။ မမျှော်လင့်တာတွေ လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က ဉာဏ်ကောင်းဖို့လိုသလို အရာရာအတွက်ပြင်ဆင်ထားဖို့လည်း လိုပါမယ်။ အခြေအနေတိုင်းကို အမှန်ကန်ဆုံးဖြေရှင်းနိုင်ရန် အကောင်းမွန်ဆုံးရေးဆွဲထားတဲ့ အစီအစဉ်တွေလိုအပ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးစလုပ်ချိန်မှာ အရာရာတိုင်းကိုဖြေရှင်းဖို့ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ အိမ်စာလုပ်ပါ၊ ပုံမှန်ထက်ပိုကြိုးစားပါ၊ ဘယ်လိုလုပ်တာက သင့်တော်မလဲဆိုတာကို တွေးကြည့်ပါ၊ သုံးစွဲသူတွေအကြောင်း၊ customerတွေအကြောင်း၊ စျေးကွက်အနေအထားအကြောင်း၊ ထုတ်ကုန်အကြောင်းနဲ့ ၀န်ထမ်းတွေအကြောင်း သိထားမယ်ဆိုရင် ပိုအကျိုးရှိလာမှာပါ။
အရောင်းအဝယ်ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ လုပ်ငန်းအကြောင်းတွေ ပြောပြတာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို သင့်မှာလုပ်နိုင်စွမ်းရှိကြောင်းပြောပြတာပါ။
Source; Kumudra

Read times
Rate this item
(0 votes)